သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဓာတ်ဆီဆိုင် မီးလောင်မှု အနည်းဆုံး ၃၀ သေ


ရုရှားနိုင်ငံ တောင်ပိုင်း Dagestan (ဒါကစ် စတန်) ဒေသမှာ ဓါတ်ဆီဆိုင်တဆိုင် မီးလောင်ခဲ့ (သြဂုတ် ၁၆၊ ၂၀၂၃)
ရုရှားနိုင်ငံ တောင်ပိုင်း Dagestan (ဒါကစ် စတန်) ဒေသမှာ ဓါတ်ဆီဆိုင်တဆိုင် မီးလောင်ခဲ့ (သြဂုတ် ၁၆၊ ၂၀၂၃)

ရုရှားနိုင်ငံ တောင်ပိုင်း Dagestan (ဒါကစ် စတန်) ဒေသမှာ ဓါတ်ဆီဆိုင်တဆိုင် မီးလောင်ခဲ့တဲ့အတွက် ကလေးငယ် ၃ ယောက်အပါအဝင် အနည်းဆုံး လူ ၃၀ လောက် သေဆုံးသွားတဲ့အကြောင်း ရုရှား အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒါကစ်စတန်ဒေသ မြို့တော် Makhachkala (မက်ကာချက်ကာလ်) မှာရှိတဲ့ အဝေးပြေးလမ်းဘေး ကားပြင်ဆိုင် တဆိုင်မှာ မနေ့က တနင်္လာနေ့ည မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာပါ။

ကားပြင်ဆိုင်ကနေ အနီးနား ဓါတ်ဆီဆိုင်ကို မီးကူးစက်ခဲ့ပြီး လူတွေ ထိခိုက်သေဆုံးခဲ့တာလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးဟာ စစ်ပွဲဖြစ်သလို ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းအချက်အလက်တွေအရ ထိခိုက်ဒဏ်ရာရသူ ၁၀၅ ယောက်ရှိပြီး ၃၀ သေဆုံးခဲ့တဲ့အကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ကြီးဌာနက Telegram မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကလေးငယ် ၁၃ ယောက်ပါဝင်တယ်လို့ ဒါကစ်စတန် ပြည်နယ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး Interfax သတင်းက စောစောပိုင်းက ထုတ်ပြန်ပါတယ်။

ရုရှားဓာတ်ဆီဆိုင် မီးလောင်မှု အနည်းဆုံး ၃၀ သေ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG