သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသုံး ရူဘယ်ငွေတန်ဖိုး အနိမ့်ဆုံး ထိုးကျ


Russia Ukraine War Economy
Russia Ukraine War Economy

ရုရှားငွေ ရူဘယ်တန်ဖိုးဟာ ယူကရိန်းစစ်ပွဲစကတည်းကဆိုရင် အနိမ့်ဆုံးကို ကျသွားတာကြောင့် ဗဟိုဘဏ်က အင်္ဂါနေ့မှာ အရေးပေါ်အစည်းအဝေးကို ခေါ်ဆိုထားပါတယ်။ ရုရှားဗဟိုဘဏ်က အတိုးနှုန်းကို ပြန်လည်သုံးသပ်ဖို့ ခေါ်ဆိုလိုက်တာဖြစ်ပါတယ်။

ရုရှား ရဲ့ စစ်အသုံးစရိတ်တွေတက်လာပြီး စွမ်းအင်နဲ့ပတ်သက်တဲ့ ပို့ကုန်တွေ အပေါ်အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူထားချိန်မှာ ခုလို ရူဘယ်က ကျဆင်းလာတာပါ။ တနင်္လာနေ့မှာ အမေရိကန် ၁ ဒေါ်လာဟာ ရုရှား ရူဘယ် ၁၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ နှစ်စကတည်းကဆိုရင် တန်ဖိုးငွေ ၂၅ ရာနှုန်း ကျသွားခဲ့တာဖြစ်ပြီး ၁၇ လအတွင်း အနိမ့်ဆုံးကို ရောက်ရှိသွားခဲ့တာပါ။ ရုရှား ဗဟိုဘဏ်ရဲ့ကြေညာချက်ထွက်လာပြီးတဲ့နောက် ရူဘယ်စျေးက မဆိုစလောက် ပြန်တက်သွားခဲ့ပါတယ်။

ရုရှားသမ္မတပူတင်ရဲ့ စီးပွါးရေးအကြံပေး Maksim Oreshkin က နိုင်ငံတော်ပိုင် တာ့စ်သတင်းဌာနမှာ သဘောထားအမြင်ဆောင်းပါးရေးသားရာမှာ ရူဘယ်စျေး ကျဆင်းရတာဟာ ငွေကြေးဆိုင်ရာမူဝါဒ လျော့ရဲလို့ လို့ ဆိုပါတယ်။ အခုလို ရူဘယ်စျေးကျတာဟာ စီးပွါးရေးကို ထိခိုက်စေပြီး သာမာန်ပြည်သူတွေရဲ့ တကယ့် ဝင်ငွေပေါ်ကိုလည်း သက်ရောက်စေတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ အခြေအနေတည်ငြိမ်အောင်ထိန်းဖို့ ရုရှားဗဟိုဘဏ်မှာ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ အလုံအလောက် ရှိပါတယ်လို့လည်း သူက ဆိုပါတယ်။

အချိန်တိုအတွင်း ပုံမှန်ပြန်ဖြစ်မယ်လို့ သူက မျှော်လင့်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြား ငွေလဲလှယ်မှုကို စျေးကွက်အတိုင်း အရှင်မျှောထားတဲ့မူကို ကျင့်သုံးနေကြောင်း ဘဏ်ရဲ့ ဒုတိယညွှန်ကြားရေးမှူး Alexei Zabotkin ကတော့ သတင်းထောက်တွေ ကို သောကြာနေ့က ပြောခဲ့ပါတယ်။

ရုရှားသုံး ရူဘယ်ငွေတန်ဖိုး အနိမ့်ဆုံး ထိုးကျ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG