သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မှာ ၁၇ အတွင်း ပြည်ထောင်စုအစိုးရက သေဒဏ်ပေးကွပ်မျက်


သေဒဏ်အပေးခံခဲ့ရတဲ့ Daniel Lewis Lee
သေဒဏ်အပေးခံခဲ့ရတဲ့ Daniel Lewis Lee

Zawgyi/Unicode

အမေရိကန်ပြည်ထောင်စုမှာ ၁၇ နှစ်တာ အတွင်း ပထမဦးဆုံး ပြည်ထောင်စုအစိုးရရဲ့ သေဒဏ် အပြစ်ပေး စီရင်မှုကို အင်္ဂါနေ့မှာ ပြုလုပ်လိုက်ပါတယ်။ ဒီသီတင်းပတ်ထဲမှာ သေဒဏ်ပြစ်ဒဏ်ကျခံရမယ့်သူ ၃ ဦး နဲ့ ရှေ့လထဲမှာ ကျခံရမယ့် သူ တဦး တို့အတွက် အောက်တရားရုံးက တားမြစ်မိန့်ထုတ်ထားတာကို ပြည်ထောင်စုတရားရုံးချုပ်က အင်္ဂါနေ့ မနက်ပိုင်းမှာပဲ ကန့်ကွက်မဲ ၅ မဲ ထောက်ခံမဲ ၄ မဲနဲ့ပယ်ချခဲ့တဲ့နောက် ပထမဦးဆုံး တယောက်ကို သေဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်။

Daniel Lewis Lee ကို တရားရုံးကအမိန့်ကျပြီး နာရီပိုင်းအတွင်းမှာပဲ အင်ဒီယားနားပြည်နယ် ဖယ်ဒရယ်အကျဉ်းထောင်မှာ အားပြင်းစိတ်ငြိမ်ဆေး Pentobarbital နဲ့ အဆုံးစီရင်ခဲ့တာပါ။ သူဟာ ၁၉၉၆ ခုနှစ်တုန်းက အသက် ၈ နှစ်အရွယ် သမီးငယ်နဲ့ မိဘ ၂ ပါးစလုံးကို သတ်ဖြတ်ခဲ့သူ ဖြစ်ပါတယ်။

သူ့ကို တနင်္လာနေ့က ပြစ်ဒဏ်စီရင်ဖို့ ဖြစ်ပေမယ့် သေဒဏ်ပေးရာမှာ သုံးတဲ့နည်းဟာ ရှားပါးပြီးရက်စက်တဲ့ အပြစ်ဒဏ် ပေးမှုဆိုင်ရာ အကာကွယ်ပေးတဲ့ ဥပဒေကို ချိုးဖေါက်ရာ ရောက်မရောက် ပြန်သုံးသပ်ဖို့ တရားရုံးတွေကို အချိန်ပေးတဲ့ အနေနဲ့ ဖယ်ဒရယ်တရားသူကြီးတဦးက မကွပ်မျက်ခင်အချိန်ပိုင်းအတွင်းမှာပဲ ကနဦး တားမြစ်မိန့် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

သေဒဏ်ကျခံနေရသူ ၄ ဦးရဲ့ ရှေ့နေတွေကတော့ Pentobarbital ဆေးဟာ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပြီး ရေနစ်တာ ဒါမှမဟုတ် အသက်ရှုကြပ်တာလိုမျိုး ခံစားရစေတယ်ဆိုပြီး ကန့်ကွက်ခဲ့ကြတာပါ။

ဒါကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး ဒီဆေးကို ပြည်နယ်တွေက သူတို့ပြည်နယ်တွင်း သေဒဏ်ပေးရာမှာ သုံးနေကြတာ ဖြစ်ပြီး အခုထိ လူပေါင်း တရာကျော် သေဒဏ်ပေးခဲ့ရာမှာ ဘာပြဿနာမှ မကြုံခဲ့ရဘူးလို့ ပြောပါတယ်။

ကန် မှာ ၁၇ အတွင်း ပြည်ထောင်စုအစိုးရက သေဒဏ်ပေးကွက်မျက်
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်


[Unicode]










XS
SM
MD
LG