သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ က ေသဒဏ္ေပးခံရသူကုိ ကြက္မ်က္ဖုိ႔ နာရီပုိင္းအလုိမွာ တရားသူႀကီးတားျမစ္


Daniel Lewis Lee ကို ထိန္းသိမ္းထားတဲ့ အင္ဒီးယားနား ျပည္နယ္က ဖယ္ဒရယ္ အစိုးရ အက်ဥ္းေထာင္

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စုမွာ ၁၇ ႏွစ္တာ အတြင္း ပထမဆံုး အႀကိမ္ ျဖစ္မယ့္ ျပည္ေထာင္စု အစိုးရရဲ႕ ေသဒဏ္ ျပစ္ဒဏ္ စီရင္မႈကို က်င့္သံုး ကြက္မ်က္ဖို႔ နာရီပိုင္း အလိုမွာဘဲ ဖယ္ဒရယ္ တရားသူႀကီး တဦးက တားျမစ္မိန္႔ ထုတ္လိုက္ပါတယ္။ အခုလို အျပစ္ေပး ကြက္မ်က္မႈကို တားျမစ္လုိက္တာေၾကာင့္ လက္ရွိ ေဆးထိုး အဆံုးစီရင္မႈ လုပ္ထံုးလုပ္နည္းေတြနဲ႔ ပတ္သက္ၿပီး ဥပေဒေၾကာင္း အရ ေခ်ပေလွ်ာက္ထားခြင့္ ရသြားေစမွာပါ။

တရားရံုးက ေနာက္ထပ္ အမိန္႔မခ်မွတ္ခင္ထိ Daniel Lewis Lee ၊ Wesley Ira Purkey ၊ Sudtin Lee Honken နဲ႔ Keith Dwayne Nelson တို႔ကို ေသဒဏ္ စီရင္မႈ ဆိုင္းငံ႔ထားဖို႔ ဖယ္ဒရယ္ တရားသူႀကီး Tanya S. Chutkan က အမိန္႔ခ်မွတ္ခဲ႔တာပါ။ သမၼတ Donald Trump အစိုးရဘက္ကေတာ့ ေသဒဏ္ စီရင္ ကြက္မ်က္ႏုိင္ေရး အတြက္ အယူခံတင္မယ့္ အေနအထား ရွိေနပါတယ္။

Daniel Lewis Lee ( ဓါတ္ပံု AP/Dan Pierce/The Courier)
Daniel Lewis Lee ( ဓါတ္ပံု AP/Dan Pierce/The Courier)

အုိကလာဟိုးမား ျပည္နယ္ Yukon က လူျဖဴအမ်ိဳးသားေရး ၀ါဒီ အဖြဲ႔၀င္ တဦး ျဖစ္သူ Daniel Lewis Lee ကို အင္ဒီးယားနား ျပည္နယ္က ဖယ္ဒရယ္ အစိုးရ အက်ဥ္းေထာင္တခုမွာ တနလာၤေန႔ ေန႔ခင္းပိုင္းမွာ ေဆးထိုး ကြက္မ်က္ဖို႔ စီစဥ္ထားတာပါ။ အသက္ ၈ ႏွစ္ အရြယ္ မိန္းကေလးငယ္ အပါအ၀င္ သံုးဦးပါ မိသားစု တစုကို ၁၉၉၆ ခုႏွစ္က သတ္ျဖတ္ခဲ႔မႈနဲ႔ Daniel Lewis Lee က ျပစ္ဒဏ္ ခ်မွတ္ခံထားရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကန် က သေဒဏ်ပေးခံရသူကို ကွက်မျက်ဖို့ နာရီပိုင်းအလိုမှာ တရားသူကြီးတားမြစ်

(Unicode)

အမေရိကန် ပြည်ထောင်စုမှာ ၁၇ နှစ်တာ အတွင်း ပထမဆုံး အကြိမ် ဖြစ်မယ့် ပြည်ထောင်စု အစိုးရရဲ့ သေဒဏ် ပြစ်ဒဏ် စီရင်မှုကို ကျင့်သုံး ကွက်မျက်ဖို့ နာရီပိုင်း အလိုမှာဘဲ ဖယ်ဒရယ် တရားသူကြီး တဦးက တားမြစ်မိန့် ထုတ်လိုက်ပါတယ်။ အခုလို အပြစ်ပေး ကွက်မျက်မှုကို တားမြစ်လိုက်တာကြောင့် လက်ရှိ ဆေးထိုး အဆုံးစီရင်မှု လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်း အရ ချေပလျှောက်ထားခွင့် ရသွားစေမှာပါ။

တရားရုံးက နောက်ထပ် အမိန့်မချမှတ်ခင်ထိ Daniel Lewis Lee ၊ Wesley Ira Purkey ၊ Sudtin Lee Honken နဲ့ Keith Dwayne Nelson တို့ကို သေဒဏ် စီရင်မှု ဆိုင်းငံ့ထားဖို့ ဖယ်ဒရယ် တရားသူကြီး Tanya S. Chutkan က အမိန့်ချမှတ်ခဲ့တာပါ။ သမ္မတ Donald Trump အစိုးရဘက်ကတော့ သေဒဏ် စီရင် ကွက်မျက်နိုင်ရေး အတွက် အယူခံတင်မယ့် အနေအထား ရှိနေပါတယ်။

အိုကလာဟိုးမား ပြည်နယ် Yukon က လူဖြူအမျိုးသားရေး ဝါဒီ အဖွဲ့ဝင် တဦး ဖြစ်သူ Daniel Lewis Lee ကို အင်ဒီးယားနား ပြည်နယ်က ဖယ်ဒရယ် အစိုးရ အကျဉ်းထောင်တခုမှာ တနလာၤနေ့ နေ့ခင်းပိုင်းမှာ ဆေးထိုး ကွက်မျက်ဖို့ စီစဉ်ထားတာပါ။ အသက် ၈ နှစ် အရွယ် မိန်းကလေးငယ် အပါအဝင် သုံးဦးပါ မိသားစု တစုကို ၁၉၉၆ ခုနှစ်က သတ်ဖြတ်ခဲ့မှုနဲ့ Daniel Lewis Lee က ပြစ်ဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

XS
SM
MD
LG