သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ဗဟုိအစုိးရက ၁၇ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ေသဒဏ္ျပန္က်င့္သုံးေတာ့မည္


၂၀၀၂ ခုႏွစ္ Alabama ျပည္နယ္က ေသဒဏ္စီရင္ေသာေနရာ။

(Zawgyi/Unicode)

အေမရိကန္ သမၼတ Donald Trump အစိုးရ အေနနဲ႔ ၁၇ ႏွစ္တာ ကာလ အတြင္း ပထမဆံုး အႀကိမ္ အျဖစ္ ျပည္ေထာင္စု အစိုးရရဲ႕ ေသဒဏ္စီရင္မႈကို ျပန္လည္ စတင္က်င့္သံုးေတာ့မွာ ျဖစ္ပါတယ္။ လူသတ္မႈ စီရင္ခ်က္ ခ်မွတ္ခံထားရသူ ၄ ဦးရဲ႕ တရားဥပေဒေၾကာင္းအရ ေလွ်ာက္ထားခ်က္ကို တရားရံုးခ်ဳပ္က လက္ခံၾကားနာဖို႔ ပယ္ခ်လုိက္ၿပီးေနာက္မွာ ျပည္ေထာင္စု အစိုးရရဲ႕ ေသဒဏ္စီရင္မႈ ျပန္လည္ က်င့္သံုးဖို႔ ျဖစ္လာတာပါ။

ေသဒဏ္ ခ်မွတ္ခံထားရသူေတြကို အဆံုးစီရင္မယ့္ သက္ဆိုင္ရာ ျပည္နယ္ေတြရဲ႕ ေဆးထိုး အဆံုစီရင္မႈ လုပ္ထံုးလုပ္နည္းေတြကို ျပည္ေထာင္စု အစိုးရ ေသဒဏ္စီရင္မႈက လိုက္နာရမွာ ျဖစ္တယ္လို႔ ေသဒဏ္ခ်မွတ္ခံထားရသူေတြရဲ႕ ေလွ်ာက္ထားခ်က္ကို ၾကားနာဖို႔ တရားရံုးခ်ဳပ္က လက္မခံခဲ႔တာ ျဖစ္ပါတယ္။

အခု တရားရံုးခ်ဳပ္ရဲ႕ ဆံုးျဖတ္ခ်က္ေၾကာင္႔ ဖယ္ဒရယ္ တရားရံုးေတြက စီရင္ခ်က္ ခ်မွတ္ခံထားရတဲ႔ အက်ဥ္းသားေတြကို အေစာဆံုး ဇူလိုင္ ၁၃ ရက္ေန႔ေလာက္က စလို႔ ေသဒဏ္စီရင္ႏုိင္ေရး လမ္းပြင့္သြားေစပါတယ္။ လြန္ခဲ႔တဲ႔ ၁၀ စုႏွစ္ေတြ အတြင္း ကေလးေတြကို သတ္ျဖတ္မႈနဲ႔ ဖယ္ဒရယ္ တရားရံုးက ျပစ္ဒဏ္စီရင္ခ်က္ ခ်မွတ္ထားတဲ႔ အက်ဥ္းသား ၄ ဦးကို လာမယ့္ ဇူလိုင္နဲ႔ ၾသဂုတ္လမွာ ေသဒဏ္ စီရင္ဖို႔ စီစဥ္ထားတာပါ။

ပထမဆံုး ေသဒဏ္ စီရင္ဖို႔ စီစဥ္ခံထားရတဲ႔ အက်ဥ္းသားကေတာ့ Daniel Lewis Lee ျဖစ္ၿပီး မိသားစု တစုကို သတ္ျဖတ္မႈနဲ႔ ၁၉၉၉ ခုႏွစ္က ျပစ္ဒဏ္ခ်မွတ္ခံထားရသူ ျဖစ္ပါတယ္။ ၁၉၉၆ ခုႏွစ္တုန္းက အသက္ ၈ ႏွစ္ အရြယ္ မိန္းကေလးငယ္နဲ႔ မိဘ ႏွစ္ဦး- စုစုေပါင္း ၃ ဦးပါ မိသားစု တစုကို သတ္ျဖတ္မႈနဲ႔ စီရင္ခ်က္ ခ်မွတ္ခံထားရတာ ျဖစ္ပါတယ္။

မိန္းကေလးငယ္ေတြကို မုဒိမ္းက်င့္ သတ္ျဖတ္မႈနဲ႔ စီရင္ခ်က္ ခ်မွတ္ခံရသူ ၂ ဦး အပါအ၀င္ ေသဒဏ္ စီရင္ခ်က္ ခ်မွတ္ခံထားရသူ အက်ဥ္းသား ၃ ဦးကိုေတာ့ ဇူလိုင္နဲ႔ ၾသဂုတ္လ ေႏွာင္းပိုင္းမွာ ေသဒဏ္ စီရင္ဖို႔ စီစဥ္ထားတာ ျဖစ္ပါတယ္။ ေသဒဏ္ အျပစ္ေပးမႈဆိုင္ရာ အခ်က္အလက္ ဌာန အဆိုအရေတာ့ အေမရိကန္ ျပည္ေထာင္စုမွာ ဖယ္ဒရယ္ တရားရံုးေတြကေန ေသဒဏ္ စီရင္ခ်က္ ခ်မွတ္ခံထားရသူ ၆၂ ဦး ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

(Unicode)

အမေရိကန် သမ္မတ Donald Trump အစိုးရ အနေနဲ့ ၁၇ နှစ်တာ ကာလ အတွင်း ပထမဆုံး အကြိမ် အဖြစ် ပြည်ထောင်စု အစိုးရရဲ့ သေဒဏ်စီရင်မှုကို ပြန်လည် စတင်ကျင့်သုံးတော့မှာ ဖြစ်ပါတယ်။ လူသတ်မှု စီရင်ချက် ချမှတ်ခံထားရသူ ၄ ဦးရဲ့ တရားဥပဒေကြောင်းအရ လျှောက်ထားချက်ကို တရားရုံးချုပ်က လက်ခံကြားနာဖို့ ပယ်ချလိုက်ပြီးနောက်မှာ ပြည်ထောင်စု အစိုးရရဲ့ သေဒဏ်စီရင်မှု ပြန်လည် ကျင့်သုံးဖို့ ဖြစ်လာတာပါ။

သေဒဏ် ချမှတ်ခံထားရသူတွေကို အဆုံးစီရင်မယ့် သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ ဆေးထိုး အဆုံစီရင်မှု လုပ်ထုံးလုပ်နည်းတွေကို ပြည်ထောင်စု အစိုးရ သေဒဏ်စီရင်မှုက လိုက်နာရမှာ ဖြစ်တယ်လို့ သေဒဏ်ချမှတ်ခံထားရသူတွေရဲ့ လျှောက်ထားချက်ကို ကြားနာဖို့ တရားရုံးချုပ်က လက်မခံခဲ့တာ ဖြစ်ပါတယ်။

အခု တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖယ်ဒရယ် တရားရုံးတွေက စီရင်ချက် ချမှတ်ခံထားရတဲ့ အကျဉ်းသားတွေကို အစောဆုံး ဇူလိုင် ၁၃ ရက်နေ့လောက်က စလို့ သေဒဏ်စီရင်နိုင်ရေး လမ်းပွင့်သွားစေပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေ အတွင်း ကလေးတွေကို သတ်ဖြတ်မှုနဲ့ ဖယ်ဒရယ် တရားရုံးက ပြစ်ဒဏ်စီရင်ချက် ချမှတ်ထားတဲ့ အကျဉ်းသား ၄ ဦးကို လာမယ့် ဇူလိုင်နဲ့ သြဂုတ်လမှာ သေဒဏ် စီရင်ဖို့ စီစဉ်ထားတာပါ။

ပထမဆုံး သေဒဏ် စီရင်ဖို့ စီစဉ်ခံထားရတဲ့ အကျဉ်းသားကတော့ Daniel Lewis Lee ဖြစ်ပြီး မိသားစု တစုကို သတ်ဖြတ်မှုနဲ့ ၁၉၉၉ ခုနှစ်က ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက အသက် ၈ နှစ် အရွယ် မိန်းကလေးငယ်နဲ့ မိဘ နှစ်ဦး- စုစုပေါင်း ၃ ဦးပါ မိသားစု တစုကို သတ်ဖြတ်မှုနဲ့ စီရင်ချက် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

မိန်းကလေးငယ်တွေကို မုဒိမ်းကျင့် သတ်ဖြတ်မှုနဲ့ စီရင်ချက် ချမှတ်ခံရသူ ၂ ဦး အပါအဝင် သေဒဏ် စီရင်ချက် ချမှတ်ခံထားရသူ အကျဉ်းသား ၃ ဦးကိုတော့ ဇူလိုင်နဲ့ သြဂုတ်လ နှောင်းပိုင်းမှာ သေဒဏ် စီရင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ သေဒဏ် အပြစ်ပေးမှုဆိုင်ရာ အချက်အလက် ဌာန အဆိုအရတော့ အမေရိကန် ပြည်ထောင်စုမှာ ဖယ်ဒရယ် တရားရုံးတွေကနေ သေဒဏ် စီရင်ချက် ချမှတ်ခံထားရသူ ၆၂ ဦး ရှိနေပါတယ်။

XS
SM
MD
LG