သံုးရလြယ္ကူေစသည့္ Link မ်ား

CRPH ေျပာခြင့္ရ လႊတ္ေတာ္အမတ္ စည္သူေမာင္ရဲ႕ အနာဂတ္ႏိုင္ငံတည္ေဆာက္ေရး အျမင္


အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ကိုယ္စားလွယ္ ဦးစည္သူေမာင္

လာမယ့္ ေဖေဖၚဝါရီလ (၁) ရက္ေန႔ဆိုရင္ စစ္အာဏာသိမ္းခဲ့တဲ့ ႏွစ္ႏွစ္ျပည့္သြားပါၿပီ။ ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရးအတြက္ တိုင္းျပည္ရဲ႕ မ်ိဳးဆက္သစ္လူငယ္ေတြဟာ က႑အသီးသီးကေန ပါဝင္လႈပ္႐ွားေနၾကပါတယ္။ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္ဖိႏွိပ္မႈေတြေၾကာင့္ အဖက္ဖက္မွာ ၿပိဳလဲပ်က္စီးေနတဲ့ ႏိုင္ငံအတြက္ အနာဂတ္ကို တည္ေဆာက္ဖို႔ လူငယ္ေတြရဲ႕အျမင္၊ လမ္းေၾကာင္းေတြ ဘယ္လို႐ွိမလဲ။ လြတ္ေျမာက္နယ္ေျမကို ေရာက္႐ွိေနတဲ့ NLD လူငယ္လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္၊ CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီရဲ႕ ေျပာခြင့္ရလည္းျဖစ္တဲ့ စည္သူေမာင္ရဲ႕အျမင္ေတြကို ဒီတပတ္ ျမန္မာ့ဒီမိုကေရစီေရးရာအစီအစဥ္မွာ မအင္ၾကင္းႏိုင္က ေမးျမန္းတင္ဆက္ထားပါတယ္။

ေမး ။ ။ မဂၤလာပါ ကိုစည္သူေမာင္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ လက္ရိွ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဘက္ လႈပ္ရွားမႈေတြ။ အဲဒီေတာ့ ကိုစည္သူေမာင္ တာဝန္ယူၿပီးေတာ့ လႈပ္ရွားေနတဲ့ ေနာက္ဆံုးအေျခအေနကို ေျပာျပလို႔ရမလားရွင့္။

ေျဖ ။ ။ မဂၤလာပါ။ က်ေနာ့္အေနနဲ႔ေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီမွာ ပါဝင္ပါတယ္။ ေနာက္တခုကေတာ့ ႏုိုင္ငံတကာဆက္ဆံေရးေကာ္မတီ အဖြဲ႔ဝင္အျဖစ္လည္း ပါဝင္ေနသလို၊ တဘက္မွာ အမ်ဳိးသားညီညႊတ္ေရး အတုိင္ပင္ခံေကာင္စီ NUCC ေကာင္စီဝင္အျဖစ္လည္း ေရြးေကာက္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ား အစုအဖြဲ႔အေနနဲ႔ ေစလႊတ္တဲ့ ကိုယ္စားလွယ္ထဲမွာ က်ေနာ္ပါပါတယ္။ ေနာက္ထပ္ လက္ရိွကာလမွာေတာ့ က်ေနာ္တို႔အားလံုး ႀကိဳးစားေနတဲ့ အသြင္ကူးေျပာင္းေရးကာလ ဖြဲ႔စည္းပံုအေျခခံဥပေဒ ေရးဆြဲေရး Transitional Constitution ေရးဆြဲေရး အလုပ္အဖြဲ႔မွာလည္း က်ေနာ္ ပါဝင္တယ္။ ေနာက္ဆံုး ဘာေတြလုပ္ေနသလဲေမးရင္ က်ေနာ္တုိ႔ လက္ရိွအေနအထားမွာေတာ့ အၾကမ္းဖက္စစ္ေကာင္စီကေန စိတ္ကူးယဥ္ေနတဲ့ ၂၀၂၃ ခုႏွစ္ တရားမဝင္ အတုအေယာင္ ေရြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ Joint action plan ေပၚမွာ သက္ဆိုင္ရာ platform ေတြကေန အေကာင္အထည္ေဖာ္ ေဆာင္ရြက္ေနတာေတြ ရိွပါတယ္။

ေမး ။ ။ အဲဒီေတာ့ ၂၀၂၁ ေဖေဖၚဝါရီမွာ စစ္အာဏာသိမ္းခဲ့တဲ့ ကိစၥမွာ တတိုင္းတျပည္လံုးက၊ ျပည္သူေတြအကုန္လံုး ကန္႔ကြက္ဆန္႔က်င္ ဆႏၵျပခဲ့ၾကတယ္။ အဲဒီလႈပ္ရွားမႈမွာဆိုရင္ လူငယ္ေတြ ရဲရဲရင့္ရင့္နဲ႔ ဦးေဆာင္ပါဝင္တာေတြလည္း ေတြ႔ရပါတယ္။ ဆိုေတာ့ အခု (၂) ႏွစ္ၾကာလာၿပီးေနာက္မွာ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ လူငယ္ေတြရဲ ႔ လႈပ္ရွားမႈ၊ ေနာက္ဆံုးအေျခအေနကို ကိုစည္သူေမာင္ ဘယ္လိုျမင္သလဲရွင့္။

ေျဖ ။ ။ ေႏြဦးေတာ္လွန္ေရးအစကေန သံုးသပ္ရရင္ ေႏြဦးေတာ္လွန္ေရးအစမွာ နယ္ပယ္စံုက လူငယ္ေတြ ပါလာၾကတယ္။ ဥပမာ သဘင္ဂီတအႏုပညာ နယ္ပယ္က လူငယ္ေတြ ပါလာတယ္။ ေနာက္ၿပီးေတာ့ တျခားနည္းပညာ ကၽြမ္းက်င္သူေတြ ပါလာတယ္။ ဆႏၵျပမႈေတြမွာ ဆန္းသစ္တဲ့ အေတြးအေခၚေတြနဲ႔ ဆႏၵျပမႈေတြ၊ performance ေတြ အမ်ားႀကီးလုပ္ႏိုင္ခဲ့တယ္။ ကမၻာရဲ ႔ စိတ္ဝင္စားမႈကိုလည္း ရခဲ့တယ္။ အဲဒီမွာ လူငယ္ေတြ ေၾကြးေၾကာ္တာတခု ရိွတယ္။ ဘာလဲဆိုေတာ့ 'က်ေနာ္တို႔က လူငယ္ေတြပါ။ က်ေနာ္တို႔မွာ အနာဂတ္ ရိွတယ္' ဆိုတာ ျဖစ္တယ္။ စစ္အာဏာသိမ္းၿပီးလိုက္ကတည္းက လူငယ္ေတြက အနာဂတ္ေပ်ာက္သလို ခံစားရတယ္အတြက္ေၾကာင့္၊ စစ္အာဏာသိမ္းတယ္ဆိုတာက ျမန္မာျပည္ ႏုိင္ငံေရးသမိုင္းမွာ ယဥ္ေက်းမႈႀကီးတခုလို အစဥ္အလာ အခုလိုျဖစ္သြားမွာကို သူတုိ႔ေတြ စိုးရိမ္တယ္။ အဲဒီအတြက္ေၾကာင့္ သူတုိ႔လမ္းေပၚတက္လာၿပီးေတာ့ လူလိႈင္းလံုးေတြနဲ႔ ဆႏၵျပလို႔ရတဲ့ အေျခအေနမွာ လူငယ္ေတြက သူတို႔ရဲ ႔တာဝန္ကို ေက်ခဲ့ၾကတယ္။ အေစာပိုင္းမွာေတာ့ စစ္တပ္ရဲ ႔ ရမ္းကားရက္စက္မႈကို သူတုိ႔အေနနဲ႔ ေရတိုင္ဂီအဖံုးေတြ၊ ပိုက္ေတြ၊ သဲအိတ္ေတြကာၿပီးေတာ့ သူတုိ႔ ခုခံၿပီးေတာ့ သူတို႔ကိုယ္သူတုိ႔ ကာကြယ္ခဲ့ၾကတယ္။ ေနာက္ပိုင္းၾကေတာ့ ဆႏၵျပပြဲကေန ေနာက္ထပ္တဆင့္ သူတုိ႔ ကိုယ္တိုိင္ဆႏၵျပတာ မဟုတ္ေတာ့ဘဲနဲ ဆႏၵကို လက္ေတြ႔အေကာင္အထည္ေဖာင္ရမယ္လို႔ သူတုိ႔နားလည္လာတယ္လို႔ က်ေနာ္ ျမင္တယ္။ ဆိုလိုတာက ယဥ္ေက်းတဲ့ လူ႔အဖြဲ႔အစည္းမွာ ဒီမိုကေရစီစနစ္ကို က်င့္သံုးတဲ့ ယဥ္ေက်းတဲ့ လူ႔အဖြဲ႔အစည္းမွာ ဆႏၵျပတယ္ဆိုတာ သက္ဆိုင္ရာ အစိုးရေတြက နားလည္လက္ခံလာေအာင္၊ ျပဳျပင္ေျပာင္းလဲမႈ ရိွလာေအာင္လုပ္တာ၊ ထုတ္ေဖာ္ဆႏၵျပတာ။ ဒါေပမဲ့ ယဥ္ေက်းတဲ့ လူ႔အဖြဲ႔အစည္း မဟုတ္ဘဲနဲ႔ လက္နက္အားကိုးနဲ႔ မိုက္ရိုင္းႏုိုင္ထက္စီးနင္း လုပ္တဲ့ လူ႔အဖြဲ႔အစည္းမွာ ဆႏၵျပလို႔ မရေတာ့ဘူးလို႔ နားလည္သြားတယ္။ အဲဒီအတြက္ေၾကာင့္ ဆႏၵကို လက္ေတြ႔အေကာင္အထည္ေဖာ္တဲ့ ေတာ္လွန္ေရးရဲ ႔ ေနာက္တဆင့္ အားလံုးက တက္လွမ္းလာၾကၿပီ။ ဘာျဖစ္လဲဆိုေတာ့ က်ေနာ္တုိ႔အားလံုး၊ တခ်ဳိ ႔လူငယ္ေတြအားလံုးက သက္ဆိုင္ရာ EROs နယ္ေျမေတြကို ေရာက္လာခဲ့တယ္။ အဲဒီမွာ ခုခံတြန္းလွန္စစ္ကို ဆင္ႏႊဲမယ္ဆိုတဲ့ စိတ္ဓါတ္ေတြနဲ႔ သူတုိ႔အားလံုးဟာ ေတာ္လွန္ေရးရဲ ႔ ေနာက္တဆင့္မွာ ထပ္ၿပီပါလာၾကတယ္။

ေနာက္တခု က်ေနာ္ သတိျပဳမိသေလာက္ေတာ့ အခုေနာက္ပိုင္းမွာ ျပည္တြင္းမွာ ရိွေနတဲ့ လူငယ္ေတာ္ေတာ္မ်ားမ်ားသည္ ပတ္စ္ပို႔စ္ရံုးလို ေနရာမ်ဳိးေတြမွာ အမ်ားႀကီးတန္းစီးၿပီးေတာ့ ပတ္စ္ပို႔စ္ေတြကို တိုးေဝွ႔ၿပီးေတာ့ ေစာင့္ဆုိင္းေနတဲ့ ျမင္ကြင္းေတြလည္း က်ေနာ္ ေတြ႔တယ္။ အဲဒါက ဘာကိုေျပာတာလဲဆိုေတာ့ ၿမိဳ ႔ေပၚေတြမွာ သူတုိ႔ မေနခ်င္ၾကေတာ့ဘူး။ ေျပာခ်င္တာက ခြင့္ျပဳလိုက္မယ္ဆိုရင္ အားလံုးဟာ ဒီစစ္အုပ္ခ်ဳပ္ေရးေအာက္မွာ တနည္းနည္းနဲ႔ မပတ္သတ္ခ်င္ဘဲနဲ႔ သူတုိိ႔ရဲ ႔ အနာဂတ္အတြက္ ေကာင္းရာေကာင္းေၾကာင္း၊ သို႔တည္းမဟုတ္ သူတုိ႔ေတြရဲ ႔ တုိင္းျပည္အတြက္ ေကာင္းရာေကာင္းေၾကာင္း နည္းလမ္းတခုခုကိုေတာ့ ေရြးခ်ယ္ေနၾကတယ္။ အဲဒါ စစ္အုပ္ခ်ဳပ္ေရး ျဖစ္သြားတဲ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ဆုိးက်ဳိးေတြ၊ သက္ေရာက္မႈေတြလို႔ ျမင္တယ္။ သတင္းသမားေတြထဲမွာဆိုလည္း ဒီလုိပဲ သတင္းသမား ေတာ္ေတာ္မ်ားမ်ားက လူငယ္ေတြမ်ားတယ္။ သတင္းသမားေတြ ေတာ္ေတာ္မ်ားမ်ားလည္း အခု ဒုတိယလို ႏိုင္ငံေတြမွာ တိမ္းေရွာင္ၿပီးေတာ့ ေရာက္ရိွေနတဲ့ သတင္းသမားေတြလည္း ရိွတယ္။ ေတာတြင္းလြတ္ေျမာက္နယ္ေျမေတြမွာ ဆက္လက္ၿပီးေတာ့ သူတုိ႔ရဲ ႔ သတင္းသမားဘဝကို struggle ရုန္းကန္လႈပ္ရွားၿပီးေတာ့ ရွင္သန္လႈပ္ရွားေနသူေတြလည္း ရိွတယ္။ ဒါမ်ဳိးေတြလည္း က်ေနာ္ ႀကံဳေတြ႔ခဲ့ရဖူးတယ္။

ေမး ။ ။ အဲဒီမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္လႈပ္ရွားတဲ့ ဆႏၵျပမႈေတြ၊ အာဏာသိမ္းၿပီးခါစမွာ ရန္ကုန္ၿမိဳ ႔မွာဆိုရင္လည္း ကိုစည္သူေမာင္ကိုယ္တုိင္ပဲ လူငယ္လႊတ္ေတာ္အမတ္တဦးအေနနဲ႔ ပါဝင္ခဲ့တာ ေတြ႔ရတယ္။ ေဟာေျပာတာေတြ ေတြ႔ရတယ္ဆိုေတာ့ အခု AAPP ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းရဲ ႔ အစီရင္ခံစာအရဆုိရင္ စစ္ေကာင္စီကေန ဒီလို ဒီမုိုကေရစီ လႈပ္ရွားမႈေတြကို ဖိႏိွပ္တဲ့အတြက္ေၾကာင့္ ေသဆံုးခဲ့ရတဲ့ လူေတြထဲမွာ လူငယ္ေတြအမ်ားစုပါတယ္။ အထူးသျဖင့္ အသက္ (၁၆) ႏွစ္ကေန (၃၀) ေက်ာ္အရြယ္ ပတ္ဝန္းက်င္ ကိုးရာေက်ာ္ေလာက္က ဒီဖိႏိွပ္မႈေၾကာင့္ ေသဆံုးခဲ့ရတယ္ဆိုၿပီး ေဖာ္ျပထားတယ္။ ေနာက္ လူငယ္ေတြ ေထာင္နဲ႔ခ်ီၿပီးေတာ့လည္း ဖမ္းဆီးအက်ဥ္းက်ခံထားရတယ္။ ဆိုေတာ့ကာ စစ္ေကာင္စီရဲ ႔ ဒီလိုဖိႏိွပ္မႈေတြ၊ လူငယ္ေတြအေပၚ ပစ္မွတ္ထားၿပီးေတာ့ ဖိႏိွပ္တဲ့ဟာေတြက အခုလက္ရိွ လူငယ္ေတြရဲ ႔ လႈပ္ရွားမႈေတြ၊ တုိင္းျပည္ကို ဒီမုိကေရစီ ျပန္တည္ေဆာက္ေနရမွာပဲျဖစ္ျဖစ္ သူတုိိ႔ရဲ ႔ လႈပ္ရွားမႈေတြအေပၚမွာ ဒီလိုဖိႏိွပ္မႈေတြက ဘယ္လိုသက္ေရာက္မႈေတြ ရိွသလဲရွင့္။

ေျဖ ။ ။ က်ေနာ့္အေနနဲ႔ ေျပာရင္ေတာ့ ၂၀၀၇ ကာလတုန္းကလည္း ဒီလိုပဲ လူငယ္ေတြပါၾကတယ္။ အဲဒီမွာ ဖိႏိွပ္မႈေပၚ သက္ေရာက္မႈလို႔ ေျပာရင္ေတာ့ အရင္တုန္းကဆိုရင္ ေသနတ္သံတခ်က္က ဆယ္စုႏွစ္ႏွစ္စုစာေလာက္ အသံတိတ္သြားတတ္တယ္။ ၂၀၀၇ ကာလနဲ႔ ႏိႈင္းယွဥ္ေျပာရင္ အဲဒီတုန္းကလည္း လူငယ္ေတြ ပါခဲ့တာပဲ။ စက္တင္ဘာလ (၁၈) ရက္ေန႔ကေန (၂၆) ရက္ေန႔အထိ ဆႏၵျပေနခဲ့ၾကတယ္။ သို႔ေပမဲ့ ၂၆ ရက္ေန႔မွာ ေသြးေျမက်တဲ့ ပစ္ခတ္နိမ္းနင္းမႈ ျဖစ္ၿပီးတဲ့ေနာက္ပိုင္းမွာ အားလံုးဟာ သူတုိ႔ရဲ ႔ နဝတ-နအဖလက္ထက္ စကားနဲ႔ေျပာရရင္ ၿငိမ္ဝပ္ပိျပားမႈကို တည္ေဆာက္ႏိုင္ခဲ့တယ္။ သူတုိိ႔ ထိန္းႏုိင္ခဲ့တယ္။ ဒီဘက္မွာၾကေတာ့ (၂) ႏွစ္တာကာလအတြင္းမွာ ေသနတ္ေတြနဲ႔ ပစ္လိုက္တယ္။ သို႔ေပမဲ့လို႔ အဲဒီဟာက ၿငိမ္ဝပ္ပိျပားမႈကို မထိန္းႏိုင္ဘဲနဲ႔ လူငယ္ေတြဟာ လံုးဝ၊ ပထမေတာ့ ေသြးေအးသြားမလားလို႔ ထင္ခဲ့တယ္။ ေသြးမေအးသြားဘူး။ ေနာက္တခါ ေသြးေၾကာင္သြားမလားလို႔ ထင္တယ္။ ေသြးမေၾကာင္သြားဘူး။ တခါ ဘာထပ္လုပ္သလဲဆိုေတာ့ ေသြးကြဲသြားေအာင္ ထပ္ဖန္တီးတယ္။ ေသြးမကြဲေအာင္လုိ႔ ဒီေတာ္လွန္ေရးကို အခုအခ်ိန္မွာ ဟန္ခ်က္ညီညီနဲ႔ပဲ ဆက္ၿပီးေတာ့ - က်ေနာ္ျမင္တယ္ သူ႔ရဲ ႔ မ်က္ႏွာလႊာေအာက္ကေန တေရြ ႔ေရြ ႔သြားေနတယ္လုိ႔ ျမင္တယ္။ အဲဒါေၾကာင့္ အဲဒီအေပၚမွာ လူငယ္ေတြရဲ ႔ တုန္႔ျပန္မႈသည္ လံုးဝေသြးမေအးသြားတာ၊ ေသြးမေၾကာင္သြားတာကို ရွင္းရွင္းလင္းလင္း ျမင္ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုးရက္တာ ဆႏၵျပပြဲေတြ ျဖစ္ၿပီေတာ့ ပစ္ခတ္ၿဖိဳခြင္းခံခဲ့ရတဲ့ ၂၀၀၇ ေတာ္လွန္ေရးနဲ႔ ဒီဘက္က (၂) ႏွစ္တာထိကို ေတာ္လွန္ေရးက အဆင့္တခုၿပီးတခု တက္လွမ္းေနတဲ့ လူထုရဲ ႔ တံု႔ျပန္အားႀကီး၊ လူငယ္ထုေတြရဲ ႔ တံု႔ျပန္အားႀကီးက အင္မတန္မွ ႀကီးမားၿပီးေတာ့ ဒါဟာ ေတာ္လွန္ေရးရဲ ႔ ေအာင္ျမင္ရာ ေအာင္ျမင္ေၾကာင္းရဲ ႔ ေသာ့ခ်က္လို႔လည္းျမင္တယ္။

ေနာက္တခ်က္က ေႏြဦးေတာ္လွန္ေရးမွာ ေတာ္လွန္ေရးရဲ ႔ ေအာင္ျခင္းတရားက ဘာလဲလို႔ က်ေနာ္ေျပာရမယ္ဆိုရင္ ကိုယ္ခ်င္စာတရားပဲ။ တခ်ိန္တုန္းက ၿမိဳ ႔ေပၚမွာ အေနမ်ားတဲ့ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ တုိင္းရင္းသားေဒသေတြမွာ ျဖစ္တဲ့၊ ရခိုင္ေဒသေတြမွာျဖစ္တဲ့ ရက္စက္ရမ္းကားမႈေတြ၊ ရိုဟင္ဂ်ာေတြေပၚ ရက္စက္ရမ္းကားမႈေတြကို သူတို႔အေနနဲ႔ တကယ္လို႔ မထင္ခဲ့ၾကဘူး။ တကယ္ကိုယ္ကိုယ္တိုင္ ေခါင္းေတြကို ပစ္သတ္ခံရတယ္။ လမ္းေပၚေတြမွာ ႀကံဳေတြ႔ခဲ့ရတဲ့ ရမ္းကားရက္စက္မႈကို ႀကံဳေတြ႔ရေတာ့မွာ ဒီေဒသေတြမွာ တကယ္ျဖစ္ခဲ့ပါလားဆုိတဲ့ ကိုယ္ခ်င္စာတရားကို ရခဲ့ၾကတယ္။ အေတြးအေခၚအားျဖင့္ပါ လူငယ္ေတြက ေျပာင္းလဲသြားတယ္။ ငါတုိ႔ဟာ ဒီစနစ္ဆိုးကို၊ စနစ္ဆိုးရဲ ႔ ဆိုးေမြေတြအားလံုးကို လြတ္ေျမာက္ဖို႔အတြက္က အတူတူရုန္းရမယ္ဆိုတဲ့ စိတ္ေတြ ျဖစ္သြားတယ္။ ဖိနိပ္ခံေနရတာ အတူတူပဲဆိုတဲ့ အေျခခံကေန ေတာ္လွန္ေရးမွာ ေသြးစည္းမႈတခုေတာ့ ရသြားတာေတာ့ အမွန္ပဲဆိုတာကို က်ေနာ္ကေတာ့ ယံုၾကည္တယ္။

ေမး ။ ။ တဘက္မွာလဲ စစ္ေကာင္စီက ေရြးေကာက္ပြဲလမ္းေၾကာင္းကို ခ်ျပထားတယ္။ တဘက္မွာလဲ CRPH, NUG တို႔ကလည္း ဒါကို လက္မခံဘူးဆိုတာကိုလည္း ကန္႔ကြက္ထားတယ္။ ကိုစည္သူေမာင္လို လူငယ္လႊတ္ေတာ္အမတ္တဦးအေနနဲ႔ အခု တိုင္းျပည္ရင္ဆိုင္ေနရတဲ့ အေျခအေနမွာ တကယ့္ကို ေျဖရွင္းႏိုင္မယ့္၊ အျဖစ္ႏုိင္ဆံုး အေျဖရွင္းႏုိင္မယ့္ လမ္းေၾကာင္းကို ဘယ္လိုျမင္သလဲရွင့္။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ ေႏြဦးေတာ္လွန္ေရးရဲ ႔ ပန္းတိုင္က ဘာလဲလို႔ေမးရင္ တခုတည္းပဲ။ ဖက္ဒရယ္ ဖက္ဒရယ္ဒီမုိကေရစီႏုိင္ငံ တည္ေဆာက္ေရး။ အဲဒိီေတာ့ ဖက္ဒရယ္ဒီမိုကေရစီလို႔ ေျပာၾကတဲ့အခါမွာ အၾကမ္းဖက္စစ္အုပ္စုဘက္က ေျပာတဲ့ ဖက္ဒရယ္နဲ႔ ဒီဘက္ ေတာ္လွန္ေရးအင္အားစုေတြေျပာတဲ့ ဖက္ဒရယ္က သိသိသာသာ ကြာျခားတယ္လို႔ က်ေနာ္ ျမင္တယ္။ အဲဒီေတာ့ ဖက္ဒရယ္ဆိုတာဟာ တစံုတဦး၊ တဖြဲ႔၊ တပါတီရဲ ႔ လက္ေဝခံ မဟုတ္ဘဲနဲ႔ တကယ္ ငါတုိ႔ ဒီျပည္ေထာင္စုကို အတူတူတည္ေထာင္ၾကတယ္ဆိုတဲ့ စိတ္နဲ႔ coming together စိတ္နဲ႔ သြားေနတဲ့ ဖက္ဒရယ္ကို တုိင္းရင္းသားေတြအားလံုးက လိုခ်င္တာ ျဖစ္တယ္။ ဒီအခ်ိန္မွာ က်ေနာ္တို႔ လိုအပ္ေနတာက က်ေနာ္တို႔ အၿမဲေျပာတယ္ - ေရြးေကာက္ပြဲဆိုတာ လက္ရိွ ျပႆနာေတြကို ေျဖရွင္းႏုိင္တဲ့ ႏုိင္ငံေရးနည္းလမ္း မဟုတ္ဘူး။ က်ေနာ္တို႔က စနစ္ေျပာင္းဖုိ႔သြားတာ။ အုပ္ခ်ဳပ္မႈေျပာင္းဖို႔အတြက္ ႀကိဳးစားေနတဲ့ ေတာ္လွန္ေရး မဟုတ္ဘူး။ အုပ္ခ်ဳပ္မႈေျပာင္းဖို႔အတြက္ ေတာ္လွန္ေရးက ရွင္းတယ္။ ေရြးေကာက္ပြဲ ဝင္လိုက္လို႔ရိွရင္ အုပ္ခ်ဳပ္မႈပံုစံ ေျပာင္းသြားမယ္။ ၂၀၁၀ ကလို အရပ္သားအစိုးရတပိုင္း စစ္အုပ္ခ်ဳပ္ေရးတပိုင္း အုပ္ခ်ဳပ္ေရးမ်ဳိး ျဖစ္မယ္။ စနစ္တခုကို ေျပာင္းဖုိ႔အတြက္ ႀကိဳးစားေနတာ။ အဲဒီေတာ့ စနစ္တခု ေျပာင္းတယ္ဆိုတာသည္ အဲဒီစနစ္ ေျပာင္းဖို႔ဟာ ဖက္ဒရယ္စနစ္ကို ေျပာမယ္ဆိုရင္ ဖက္ဒရယ္စနစ္သည္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒေအာက္မွာ လံုးဝမရႏုိင္တဲ့ အေျခအေန ျဖစ္တဲ့အတြက္ေၾကာင့္ ၂၀၀၈ ေအာက္က ဖက္ဒရယ္ကိုေတာ့ မေျပာဘဲနဲ႔ က်ေနာ္တို႔ဟာ တကယ္စစ္မွန္တဲ့ ဖက္ဒရယ္ကိုရဖို႔အတြက္ သြားမယ္ဆိုတဲ့ ႏုိင္ငံေရးရည္မွန္းခ်က္အတိုင္း အခု တိုင္းရင္းသားေတြအားလံုး၊ ေတာ္လွန္ေရးအင္အားစုေတြအားလံုး ရည္မွန္းခ်က္ပန္းတိုင္ အတူတူခ်ီတက္ေနၾကတယ္။

ေမး ။ ။ အဲဒီေတာ့ စစ္ေကာင္စီဘက္က ပါဝင္လာဖို႔အပိုင္းကိုၾကေတာ့ အတတ္ႏုိင္ဆံုး အဲဒီလမ္းေၾကာင္းနဲ႔ ပတ္သက္ၿပီး ကိုစည္သူေမာင္တို႔က ဘယ္လိုျမင္လဲ။ ဘယ္လို စဥ္းစားထားသလဲရွင့္။

ေျဖ ။ ။ စစ္ေကာင္စီဟာ လူမွန္ေနရာမွန္မွာရိွတဲ့ လူ႔အဖြဲ႔အစည္းမွာဆုိရင္ စစ္တပ္က ျမန္မာျပည္ ႏုိင္ငံေရးမွာ ပတ္သက္စရာအေၾကာင္း မရိွပါဘူး။ စစ္တပ္ဟာ ကာကြယ္ေရးဆိုတဲ့က႑မွာပဲ ပတ္သက္ရင္နဲ႔ တုိင္းျပည္ရဲ ႔ လူမွန္ေနရာမွန္ရိွတဲ့ လူ႔အဖြဲ႔အစည္းတခုကို သြားမွသာလွ်င္ က်ေနာ္တို႔တုိင္းျပည္က ၿငိမ္းခ်မ္းမွာ ျဖစ္တယ္။ က်ေနာ္တုိ႔တုိင္းျပည္မွာ ေခတ္အဆက္ဆက္ မၿငိမ္းခ်မ္းတဲ့ ျပႆနာဟာ လူမွန္ေနရာမွာမွန္ မရိွတဲ့ လူ႔အဖြဲ႔အစည္း ျဖစ္ေနလုိ႔ပဲ။ ယူနီေဖာင္းေတြနဲ႔ ဝင္ထိုင္ေနတဲ့ လႊတ္ေတာ္ႀကီး။ စစ္ယူနီေဖာင္းေတြနဲ႔ ၾကယ္ပြင့္ေတြ၊ ၾကယ္ခတ္ေတြနဲ႔ စစ္ေျမျပင္ မဟုတ္တဲ့ေနရာမွာ လႊတ္ေတာ္လို ေနရာမ်ဳိးမွာ လာဝင္ထိုင္ေနတဲ့ လူ႔အဖြဲ႔အစည္း မျဖစ္ဖို႔ လုိအပ္တယ္။ အဲဒါေၾကာင့္ အနာဂတ္ ျမန္မာျပည္ရဲ ႔ ႏိုင္ငံေရးမွာ စစ္တပ္ဆုိတဲ့ Institution သည္ ႏုိင္ငံေရးဆိုတဲ့ အာဏာဆိုတဲ့ ႏိုင္ငံေရးထဲ ပါဝင္ဖို႔ မလိုဘူး။ တိုင္းျပည္ကို ကာကြယ္ေရးနဲ႔ ျပည္ပရန္ ကာကြယ္ေရးဆိုတဲ့ က႑မွာပဲ သူတုိ႔ပါဝင္ရင္နဲ႔ တကယ့္ကို လူမွန္ေနရာမွန္ရိွတဲ့ လူ႔အဖြဲ႔အစည္းတခုကို ျပန္လည္ထူေထာင္ေရးသည္သာ က်ေနာ္တို႔တုိင္းျပည္အတြက္ ေျဖရွင္းရမယ့္ အေျဖတခု။

မအင္ၾကင္းႏိုင္ ။ ။ အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ကိုစည္သူေမာင္။

==== Unicode ====

လာမယ့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ဆိုရင် စစ်အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ပြည့်သွားပါပြီ။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် တိုင်းပြည်ရဲ့ မျိုးဆက်သစ်လူငယ်တွေဟာ ကဏ္ဍအသီးသီးကနေ ပါဝင်လှုပ်ရှားနေကြပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် အဖက်ဖက်မှာ ပြိုလဲပျက်စီးနေတဲ့ နိုင်ငံအတွက် အနာဂတ်ကို တည်ဆောက်ဖို့ လူငယ်တွေရဲ့အမြင်၊ လမ်းကြောင်းတွေ ဘယ်လိုရှိမလဲ။ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ NLD လူငယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ပြောခွင့်ရလည်းဖြစ်တဲ့ စည်သူမောင်ရဲ့အမြင်တွေကို ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ကိုစည်သူမောင်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေဘက် လှုပ်ရှားမှုတွေ။ အဲဒီတော့ ကိုစည်သူမောင် တာဝန်ယူပြီးတော့ လှုပ်ရှားနေတဲ့ နောက်ဆုံးအခြေအနေကို ပြောပြလို့ရမလားရှင့်။

ဖြေ ။ ။ မင်္ဂလာပါ။ ကျနော့်အနေနဲ့တော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှာ ပါဝင်ပါတယ်။ နောက်တခုကတော့ နိုုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်အဖြစ်လည်း ပါဝင်နေသလို၊ တဘက်မှာ အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကောင်စီဝင်အဖြစ်လည်း ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အနေနဲ့ စေလွှတ်တဲ့ ကိုယ်စားလှယ်ထဲမှာ ကျနော်ပါပါတယ်။ နောက်ထပ် လက်ရှိကာလမှာတော့ ကျနော်တို့အားလုံး ကြိုးစားနေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး Transitional Constitution ရေးဆွဲရေး အလုပ်အဖွဲ့မှာလည်း ကျနော် ပါဝင်တယ်။ နောက်ဆုံး ဘာတွေလုပ်နေသလဲမေးရင် ကျနော်တို့ လက်ရှိအနေအထားမှာတော့ အကြမ်းဖက်စစ်ကောင်စီကနေ စိတ်ကူးယဉ်နေတဲ့ ၂၀၂၃ ခုနှစ် တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ Joint action plan ပေါ်မှာ သက်ဆိုင်ရာ platform တွေကနေ အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေ ရှိပါတယ်။

မေး ။ ။ အဲဒီတော့ ၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းခဲ့တဲ့ ကိစ္စမှာ တတိုင်းတပြည်လုံးက၊ ပြည်သူတွေအကုန်လုံး ကန့်ကွက်ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်။ အဲဒီလှုပ်ရှားမှုမှာဆိုရင် လူငယ်တွေ ရဲရဲရင့်ရင့်နဲ့ ဦးဆောင်ပါဝင်တာတွေလည်း တွေ့ရပါတယ်။ ဆိုတော့ အခု (၂) နှစ်ကြာလာပြီးနောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူငယ်တွေရဲ့ လှုပ်ရှားမှု၊ နောက်ဆုံးအခြေအနေကို ကိုစည်သူမောင် ဘယ်လိုမြင်သလဲရှင့်။

ဖြေ ။ ။ နွေဦးတော်လှန်ရေးအစကနေ သုံးသပ်ရရင် နွေဦးတော်လှန်ရေးအစမှာ နယ်ပယ်စုံက လူငယ်တွေ ပါလာကြတယ်။ ဥပမာ သဘင်ဂီတအနုပညာ နယ်ပယ်က လူငယ်တွေ ပါလာတယ်။ နောက်ပြီးတော့ တခြားနည်းပညာ ကျွမ်းကျင်သူတွေ ပါလာတယ်။ ဆန္ဒပြမှုတွေမှာ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ ဆန္ဒပြမှုတွေ၊ performance တွေ အများကြီးလုပ်နိုင်ခဲ့တယ်။ ကမ္ဘာရဲ့ စိတ်ဝင်စားမှုကိုလည်း ရခဲ့တယ်။ အဲဒီမှာ လူငယ်တွေ ကြွေးကြော်တာတခု ရှိတယ်။ ဘာလဲဆိုတော့ 'ကျနော်တို့က လူငယ်တွေပါ။ ကျနော်တို့မှာ အနာဂတ် ရှိတယ်' ဆိုတာ ဖြစ်တယ်။ စစ်အာဏာသိမ်းပြီးလိုက်ကတည်းက လူငယ်တွေက အနာဂတ်ပျောက်သလို ခံစားရတယ်အတွက်ကြောင့်၊ စစ်အာဏာသိမ်းတယ်ဆိုတာက မြန်မာပြည် နိုင်ငံရေးသမိုင်းမှာ ယဉ်ကျေးမှုကြီးတခုလို အစဉ်အလာ အခုလိုဖြစ်သွားမှာကို သူတို့တွေ စိုးရိမ်တယ်။ အဲဒီအတွက်ကြောင့် သူတို့လမ်းပေါ်တက်လာပြီးတော့ လူလှိုင်းလုံးတွေနဲ့ ဆန္ဒပြလို့ရတဲ့ အခြေအနေမှာ လူငယ်တွေက သူတို့ရဲ့တာဝန်ကို ကျေခဲ့ကြတယ်။ အစောပိုင်းမှာတော့ စစ်တပ်ရဲ့ ရမ်းကားရက်စက်မှုကို သူတို့အနေနဲ့ ရေတိုင်ဂီအဖုံးတွေ၊ ပိုက်တွေ၊ သဲအိတ်တွေကာပြီးတော့ သူတို့ ခုခံပြီးတော့ သူတို့ကိုယ်သူတို့ ကာကွယ်ခဲ့ကြတယ်။ နောက်ပိုင်းကြတော့ ဆန္ဒပြပွဲကနေ နောက်ထပ်တဆင့် သူတို့ ကိုယ်တိိုင်ဆန္ဒပြတာ မဟုတ်တော့ဘဲနဲ ဆန္ဒကို လက်တွေ့အကောင်အထည်ဖောင်ရမယ်လို့ သူတို့နားလည်လာတယ်လို့ ကျနော် မြင်တယ်။ ဆိုလိုတာက ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဆန္ဒပြတယ်ဆိုတာ သက်ဆိုင်ရာ အစိုးရတွေက နားလည်လက်ခံလာအောင်၊ ပြုပြင်ပြောင်းလဲမှု ရှိလာအောင်လုပ်တာ၊ ထုတ်ဖော်ဆန္ဒပြတာ။ ဒါပေမဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း မဟုတ်ဘဲနဲ့ လက်နက်အားကိုးနဲ့ မိုက်ရိုင်းနိုုင်ထက်စီးနင်း လုပ်တဲ့ လူ့အဖွဲ့အစည်းမှာ ဆန္ဒပြလို့ မရတော့ဘူးလို့ နားလည်သွားတယ်။ အဲဒီအတွက်ကြောင့် ဆန္ဒကို လက်တွေ့အကောင်အထည်ဖော်တဲ့ တော်လှန်ရေးရဲ့ နောက်တဆင့် အားလုံးက တက်လှမ်းလာကြပြီ။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့အားလုံး၊ တချို့လူငယ်တွေအားလုံးက သက်ဆိုင်ရာ EROs နယ်မြေတွေကို ရောက်လာခဲ့တယ်။ အဲဒီမှာ ခုခံတွန်းလှန်စစ်ကို ဆင်နွှဲမယ်ဆိုတဲ့ စိတ်ဓါတ်တွေနဲ့ သူတို့အားလုံးဟာ တော်လှန်ရေးရဲ့ နောက်တဆင့်မှာ ထပ်ပြီပါလာကြတယ်။

နောက်တခု ကျနော် သတိပြုမိသလောက်တော့ အခုနောက်ပိုင်းမှာ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တော်တော်များများသည် ပတ်စ်ပို့စ်ရုံးလို နေရာမျိုးတွေမှာ အများကြီးတန်းစီးပြီးတော့ ပတ်စ်ပို့စ်တွေကို တိုးဝှေ့ပြီးတော့ စောင့်ဆိုင်းနေတဲ့ မြင်ကွင်းတွေလည်း ကျနော် တွေ့တယ်။ အဲဒါက ဘာကိုပြောတာလဲဆိုတော့ မြို့ပေါ်တွေမှာ သူတို့ မနေချင်ကြတော့ဘူး။ ပြောချင်တာက ခွင့်ပြုလိုက်မယ်ဆိုရင် အားလုံးဟာ ဒီစစ်အုပ်ချုပ်ရေးအောက်မှာ တနည်းနည်းနဲ့ မပတ်သတ်ချင်ဘဲနဲ့ သူတို့ရဲ့ အနာဂတ်အတွက် ကောင်းရာကောင်းကြောင်း၊ သို့တည်းမဟုတ် သူတို့တွေရဲ့ တိုင်းပြည်အတွက် ကောင်းရာကောင်းကြောင်း နည်းလမ်းတခုခုကိုတော့ ရွေးချယ်နေကြတယ်။ အဲဒါ စစ်အုပ်ချုပ်ရေး ဖြစ်သွားတဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဆိုးကျိုးတွေ၊ သက်ရောက်မှုတွေလို့ မြင်တယ်။ သတင်းသမားတွေထဲမှာဆိုလည်း ဒီလိုပဲ သတင်းသမား တော်တော်များများက လူငယ်တွေများတယ်။ သတင်းသမားတွေ တော်တော်များများလည်း အခု ဒုတိယလို နိုင်ငံတွေမှာ တိမ်းရှောင်ပြီးတော့ ရောက်ရှိနေတဲ့ သတင်းသမားတွေလည်း ရှိတယ်။ တောတွင်းလွတ်မြောက်နယ်မြေတွေမှာ ဆက်လက်ပြီးတော့ သူတို့ရဲ့ သတင်းသမားဘဝကို struggle ရုန်းကန်လှုပ်ရှားပြီးတော့ ရှင်သန်လှုပ်ရှားနေသူတွေလည်း ရှိတယ်။ ဒါမျိုးတွေလည်း ကျနော် ကြုံတွေ့ခဲ့ရဖူးတယ်။

မေး ။ ။ အဲဒီမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားတဲ့ ဆန္ဒပြမှုတွေ၊ အာဏာသိမ်းပြီးခါစမှာ ရန်ကုန်မြို့မှာဆိုရင်လည်း ကိုစည်သူမောင်ကိုယ်တိုင်ပဲ လူငယ်လွှတ်တော်အမတ်တဦးအနေနဲ့ ပါဝင်ခဲ့တာ တွေ့ရတယ်။ ဟောပြောတာတွေ တွေ့ရတယ်ဆိုတော့ အခု AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အစီရင်ခံစာအရဆိုရင် စစ်ကောင်စီကနေ ဒီလို ဒီမိုုကရေစီ လှုပ်ရှားမှုတွေကို ဖိနှိပ်တဲ့အတွက်ကြောင့် သေဆုံးခဲ့ရတဲ့ လူတွေထဲမှာ လူငယ်တွေအများစုပါတယ်။ အထူးသဖြင့် အသက် (၁၆) နှစ်ကနေ (၃၀) ကျော်အရွယ် ပတ်ဝန်းကျင် ကိုးရာကျော်လောက်က ဒီဖိနှိပ်မှုကြောင့် သေဆုံးခဲ့ရတယ်ဆိုပြီး ဖော်ပြထားတယ်။ နောက် လူငယ်တွေ ထောင်နဲ့ချီပြီးတော့လည်း ဖမ်းဆီးအကျဉ်းကျခံထားရတယ်။ ဆိုတော့ကာ စစ်ကောင်စီရဲ့ ဒီလိုဖိနှိပ်မှုတွေ၊ လူငယ်တွေအပေါ် ပစ်မှတ်ထားပြီးတော့ ဖိနှိပ်တဲ့ဟာတွေက အခုလက်ရှိ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေ၊ တိုင်းပြည်ကို ဒီမိုကရေစီ ပြန်တည်ဆောက်နေရမှာပဲဖြစ်ဖြစ် သူတို့ရဲ့ လှုပ်ရှားမှုတွေအပေါ်မှာ ဒီလိုဖိနှိပ်မှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိသလဲရှင့်။

ဖြေ ။ ။ ကျနော့်အနေနဲ့ ပြောရင်တော့ ၂၀၀၇ ကာလတုန်းကလည်း ဒီလိုပဲ လူငယ်တွေပါကြတယ်။ အဲဒီမှာ ဖိနှိပ်မှုပေါ် သက်ရောက်မှုလို့ ပြောရင်တော့ အရင်တုန်းကဆိုရင် သေနတ်သံတချက်က ဆယ်စုနှစ်နှစ်စုစာလောက် အသံတိတ်သွားတတ်တယ်။ ၂၀၀၇ ကာလနဲ့ နှိုင်းယှဉ်ပြောရင် အဲဒီတုန်းကလည်း လူငယ်တွေ ပါခဲ့တာပဲ။ စက်တင်ဘာလ (၁၈) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ဆန္ဒပြနေခဲ့ကြတယ်။ သို့ပေမဲ့ ၂၆ ရက်နေ့မှာ သွေးမြေကျတဲ့ ပစ်ခတ်နိမ်းနင်းမှု ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အားလုံးဟာ သူတို့ရဲ့ နဝတ-နအဖလက်ထက် စကားနဲ့ပြောရရင် ငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်နိုင်ခဲ့တယ်။ သူတို့ ထိန်းနိုင်ခဲ့တယ်။ ဒီဘက်မှာကြတော့ (၂) နှစ်တာကာလအတွင်းမှာ သေနတ်တွေနဲ့ ပစ်လိုက်တယ်။ သို့ပေမဲ့လို့ အဲဒီဟာက ငြိမ်ဝပ်ပိပြားမှုကို မထိန်းနိုင်ဘဲနဲ့ လူငယ်တွေဟာ လုံးဝ၊ ပထမတော့ သွေးအေးသွားမလားလို့ ထင်ခဲ့တယ်။ သွေးမအေးသွားဘူး။ နောက်တခါ သွေးကြောင်သွားမလားလို့ ထင်တယ်။ သွေးမကြောင်သွားဘူး။ တခါ ဘာထပ်လုပ်သလဲဆိုတော့ သွေးကွဲသွားအောင် ထပ်ဖန်တီးတယ်။ သွေးမကွဲအောင်လို့ ဒီတော်လှန်ရေးကို အခုအချိန်မှာ ဟန်ချက်ညီညီနဲ့ပဲ ဆက်ပြီးတော့ - ကျနော်မြင်တယ် သူ့ရဲ့ မျက်နှာလွှာအောက်ကနေ တရွေ့ရွေ့သွားနေတယ်လို့ မြင်တယ်။ အဲဒါကြောင့် အဲဒီအပေါ်မှာ လူငယ်တွေရဲ့ တုန့်ပြန်မှုသည် လုံးဝသွေးမအေးသွားတာ၊ သွေးမကြောင်သွားတာကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကိုးရက်တာ ဆန္ဒပြပွဲတွေ ဖြစ်ပြီတော့ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့ ၂၀၀၇ တော်လှန်ရေးနဲ့ ဒီဘက်က (၂) နှစ်တာထိကို တော်လှန်ရေးက အဆင့်တခုပြီးတခု တက်လှမ်းနေတဲ့ လူထုရဲ့ တုံ့ပြန်အားကြီး၊ လူငယ်ထုတွေရဲ့ တုံ့ပြန်အားကြီးက အင်မတန်မှ ကြီးမားပြီးတော့ ဒါဟာ တော်လှန်ရေးရဲ့ အောင်မြင်ရာ အောင်မြင်ကြောင်းရဲ့ သော့ချက်လို့လည်းမြင်တယ်။

နောက်တချက်က နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးရဲ့ အောင်ခြင်းတရားက ဘာလဲလို့ ကျနော်ပြောရမယ်ဆိုရင် ကိုယ်ချင်စာတရားပဲ။ တချိန်တုန်းက မြို့ပေါ်မှာ အနေများတဲ့ လူငယ်တော်တော်များများဟာ တိုင်းရင်းသားဒေသတွေမှာ ဖြစ်တဲ့၊ ရခိုင်ဒေသတွေမှာဖြစ်တဲ့ ရက်စက်ရမ်းကားမှုတွေ၊ ရိုဟင်ဂျာတွေပေါ် ရက်စက်ရမ်းကားမှုတွေကို သူတို့အနေနဲ့ တကယ်လို့ မထင်ခဲ့ကြဘူး။ တကယ်ကိုယ်ကိုယ်တိုင် ခေါင်းတွေကို ပစ်သတ်ခံရတယ်။ လမ်းပေါ်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ ရမ်းကားရက်စက်မှုကို ကြုံတွေ့ရတော့မှာ ဒီဒေသတွေမှာ တကယ်ဖြစ်ခဲ့ပါလားဆိုတဲ့ ကိုယ်ချင်စာတရားကို ရခဲ့ကြတယ်။ အတွေးအခေါ်အားဖြင့်ပါ လူငယ်တွေက ပြောင်းလဲသွားတယ်။ ငါတို့ဟာ ဒီစနစ်ဆိုးကို၊ စနစ်ဆိုးရဲ့ ဆိုးမွေတွေအားလုံးကို လွတ်မြောက်ဖို့အတွက်က အတူတူရုန်းရမယ်ဆိုတဲ့ စိတ်တွေ ဖြစ်သွားတယ်။ ဖိနိပ်ခံနေရတာ အတူတူပဲဆိုတဲ့ အခြေခံကနေ တော်လှန်ရေးမှာ သွေးစည်းမှုတခုတော့ ရသွားတာတော့ အမှန်ပဲဆိုတာကို ကျနော်ကတော့ ယုံကြည်တယ်။

မေး ။ ။ တဘက်မှာလဲ စစ်ကောင်စီက ရွေးကောက်ပွဲလမ်းကြောင်းကို ချပြထားတယ်။ တဘက်မှာလဲ CRPH, NUG တို့ကလည်း ဒါကို လက်မခံဘူးဆိုတာကိုလည်း ကန့်ကွက်ထားတယ်။ ကိုစည်သူမောင်လို လူငယ်လွှတ်တော်အမတ်တဦးအနေနဲ့ အခု တိုင်းပြည်ရင်ဆိုင်နေရတဲ့ အခြေအနေမှာ တကယ့်ကို ဖြေရှင်းနိုင်မယ့်၊ အဖြစ်နိုင်ဆုံး အဖြေရှင်းနိုင်မယ့် လမ်းကြောင်းကို ဘယ်လိုမြင်သလဲရှင့်။

ဖြေ ။ ။ ကျနော်မြင်တာကတော့ နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်က ဘာလဲလို့မေးရင် တခုတည်းပဲ။ ဖက်ဒရယ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး။ အဲဒီတော့ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောကြတဲ့အခါမှာ အကြမ်းဖက်စစ်အုပ်စုဘက်က ပြောတဲ့ ဖက်ဒရယ်နဲ့ ဒီဘက် တော်လှန်ရေးအင်အားစုတွေပြောတဲ့ ဖက်ဒရယ်က သိသိသာသာ ကွာခြားတယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ ဖက်ဒရယ်ဆိုတာဟာ တစုံတဦး၊ တဖွဲ့၊ တပါတီရဲ့ လက်ဝေခံ မဟုတ်ဘဲနဲ့ တကယ် ငါတို့ ဒီပြည်ထောင်စုကို အတူတူတည်ထောင်ကြတယ်ဆိုတဲ့ စိတ်နဲ့ coming together စိတ်နဲ့ သွားနေတဲ့ ဖက်ဒရယ်ကို တိုင်းရင်းသားတွေအားလုံးက လိုချင်တာ ဖြစ်တယ်။ ဒီအချိန်မှာ ကျနော်တို့ လိုအပ်နေတာက ကျနော်တို့ အမြဲပြောတယ် - ရွေးကောက်ပွဲဆိုတာ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးနည်းလမ်း မဟုတ်ဘူး။ ကျနော်တို့က စနစ်ပြောင်းဖို့သွားတာ။ အုပ်ချုပ်မှုပြောင်းဖို့အတွက် ကြိုးစားနေတဲ့ တော်လှန်ရေး မဟုတ်ဘူး။ အုပ်ချုပ်မှုပြောင်းဖို့အတွက် တော်လှန်ရေးက ရှင်းတယ်။ ရွေးကောက်ပွဲ ဝင်လိုက်လို့ရှိရင် အုပ်ချုပ်မှုပုံစံ ပြောင်းသွားမယ်။ ၂၀၁၀ ကလို အရပ်သားအစိုးရတပိုင်း စစ်အုပ်ချုပ်ရေးတပိုင်း အုပ်ချုပ်ရေးမျိုး ဖြစ်မယ်။ စနစ်တခုကို ပြောင်းဖို့အတွက် ကြိုးစားနေတာ။ အဲဒီတော့ စနစ်တခု ပြောင်းတယ်ဆိုတာသည် အဲဒီစနစ် ပြောင်းဖို့ဟာ ဖက်ဒရယ်စနစ်ကို ပြောမယ်ဆိုရင် ဖက်ဒရယ်စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ လုံးဝမရနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ အောက်က ဖက်ဒရယ်ကိုတော့ မပြောဘဲနဲ့ ကျနော်တို့ဟာ တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ကိုရဖို့အတွက် သွားမယ်ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်အတိုင်း အခု တိုင်းရင်းသားတွေအားလုံး၊ တော်လှန်ရေးအင်အားစုတွေအားလုံး ရည်မှန်းချက်ပန်းတိုင် အတူတူချီတက်နေကြတယ်။

မေး ။ ။ အဲဒီတော့ စစ်ကောင်စီဘက်က ပါဝင်လာဖို့အပိုင်းကိုကြတော့ အတတ်နိုင်ဆုံး အဲဒီလမ်းကြောင်းနဲ့ ပတ်သက်ပြီး ကိုစည်သူမောင်တို့က ဘယ်လိုမြင်လဲ။ ဘယ်လို စဉ်းစားထားသလဲရှင့်။

ဖြေ ။ ။ စစ်ကောင်စီဟာ လူမှန်နေရာမှန်မှာရှိတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင် စစ်တပ်က မြန်မာပြည် နိုင်ငံရေးမှာ ပတ်သက်စရာအကြောင်း မရှိပါဘူး။ စစ်တပ်ဟာ ကာကွယ်ရေးဆိုတဲ့ကဏ္ဍမှာပဲ ပတ်သက်ရင်နဲ့ တိုင်းပြည်ရဲ့ လူမှန်နေရာမှန်ရှိတဲ့ လူ့အဖွဲ့အစည်းတခုကို သွားမှသာလျှင် ကျနော်တို့တိုင်းပြည်က ငြိမ်းချမ်းမှာ ဖြစ်တယ်။ ကျနော်တို့တိုင်းပြည်မှာ ခေတ်အဆက်ဆက် မငြိမ်းချမ်းတဲ့ ပြဿနာဟာ လူမှန်နေရာမှာမှန် မရှိတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေလို့ပဲ။ ယူနီဖောင်းတွေနဲ့ ဝင်ထိုင်နေတဲ့ လွှတ်တော်ကြီး။ စစ်ယူနီဖောင်းတွေနဲ့ ကြယ်ပွင့်တွေ၊ ကြယ်ခတ်တွေနဲ့ စစ်မြေပြင် မဟုတ်တဲ့နေရာမှာ လွှတ်တော်လို နေရာမျိုးမှာ လာဝင်ထိုင်နေတဲ့ လူ့အဖွဲ့အစည်း မဖြစ်ဖို့ လိုအပ်တယ်။ အဲဒါကြောင့် အနာဂတ် မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ စစ်တပ်ဆိုတဲ့ Institution သည် နိုင်ငံရေးဆိုတဲ့ အာဏာဆိုတဲ့ နိုင်ငံရေးထဲ ပါဝင်ဖို့ မလိုဘူး။ တိုင်းပြည်ကို ကာကွယ်ရေးနဲ့ ပြည်ပရန် ကာကွယ်ရေးဆိုတဲ့ ကဏ္ဍမှာပဲ သူတို့ပါဝင်ရင်နဲ့ တကယ့်ကို လူမှန်နေရာမှန်ရှိတဲ့ လူ့အဖွဲ့အစည်းတခုကို ပြန်လည်ထူထောင်ရေးသည်သာ ကျနော်တို့တိုင်းပြည်အတွက် ဖြေရှင်းရမယ့် အဖြေတခု။

မအင်ကြင်းနိုင် ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုစည်သူမောင်။

XS
SM
MD
LG