အင္စတီက်ဴးရွင္းေတြ အေျပာင္းအလဲ ကို ေလ့လာတဲ့အခါမွာ အေဟာင္း ကို ေျပာင္းနည္း အမ်ိဳးမ်ိဳး ရွိတာ ကို ေတြ႕ရပါတယ္။ အင္စတီ က်ဴးရွင္း ဆိုတာ ဘာလဲ။ ေျပာင္းပုံ ဘယ္ႏွမ်ိဳး ရွိသလဲ။ စာေရးဆရာမွ ေသာ္တာေအးလဲ့ နဲ႔ ဦးတင္ေမာင္သန္း က ေဆြးေႏြး တင္ျပထားပါတယ္။
အင္စတီက်ဴးရွင္း အေျပာင္းအလဲ ၄ မ်ိဳး
အက်ဥ္းခ်ဳပ္
အေျပာင္းအလဲ လို႔ ေျပာၾကတဲ့အခါ ျပင္ပ အေၾကာင္းေၾကာင့္ ေျပာင္းတာေတြ ရွိသလို၊ အင္စတီက်ဴးရွင္း အတြင္း သေဘာအရ တျဖည္းျဖည္း ေျပာင္းတာလည္း ရွိပါတယ္။ အင္စတီက်ဴးရွင္း ကို လူမႈေဗဒ က ေျပာတဲ့အခါ ေအာက္ပါ အဓိပၸါယ္ ၃ မ်ိဳး နဲ႔ ေျပာတာပါ။ ၁။ ဖြဲ႕ဖြဲ႕စည္းစည္း ျဖစ္ၿပီး တဲ့ အရာေတြ၊ ၂။ တရားဝင္ ျပဌာန္းထားတာလည္း ျဖစ္ခ်င္ ျဖစ္မယ္။ ျဖစ္ခ်င္မွလည္း ျဖစ္မယ္ ၃။ လူေတြ က လက္ခံ လိုက္နာ ၾကတယ္။ ဒါေၾကာင့္ အဖြဲ႕အစည္း နဲ႔ က်င့္ထုံး လို႔ ၿခဳံၿပီး နားလည္ႏိုင္ပါတယ္။
မိသားစု စနစ္ေတြ ဟာ အင္စတီက်ဴးရွင္း တစ္ခု ျဖစ္တယ္။ ဖြဲ႕ဖြဲ႕စည္းစည္း ျဖစ္ၿပီးၿပီ။ တရားဝင္ ျပဌာန္းတာ ဟုတ္ခ်င္မွ ဟုတ္မယ္။ လူေတြ က လိုက္နာ လုပ္ေဆာင္ၾကတယ္။
အဲဒီလို အင္စတီက်ဴးရွင္းေတြ တျဖည္းျဖည္း ေျပာင္းလဲတာ ကို ေလ့လာတဲ့အခါ အဓိက သီဝရီ ခ်ဥ္းကပ္ပုံ ၃ မ်ိဳးရွိပါတယ္။ ပထမ တစ္ခု က သမိုင္းေၾကာင္းအရ ခ်ဥ္းကပ္တာ ျဖစ္ပါတယ္။ ဒုတိယ က က်ိဳးေၾကာင္းယုတၱိ အရ ေ႐ြးခ်ယ္ ခ်ဥ္းကပ္ပုံ ျဖစ္ပါတယ္။ တတိယ ကေတာ့ စံႏႈန္း နဲ႔ ယဥ္ေက်းမႈ ကို အေျခခံထားတဲ့ လူမႈ ေဗဒ ခ်ဥ္းကပ္ပုံမ်ိဳး ျဖစ္ပါတယ္။
အင္စတီက်ဴးရွင္းေတြ ကို ၾကည့္တဲ့အခါ ပညာရွင္ေတြမွာ မူေဘာင္ ရွိပါတယ္။ အစိတ္အပိုင္း ၃ ရပ္ ပါဝင္ပါတယ္။ ႏိုင္ငံေရး ဆက္စပ္ပတ္ဝန္းက်င္ ထူးျခား လကၡဏာေတြ ကို ေလ့လာတယ္။ အင္စတီက်ဴးရွင္း တစ္ရပ္ ရဲ႕ ထူးျခား လကၡဏာေတြ ကို ၾကည့္တယ္။ ေအဂ်င္စီ လို႔ ပညာရွင္ေတြ က ေခၚေဝၚတဲ့ ေဆာင္႐ြက္ လႈပ္ရွားၾကသူေတြ ရဲ႕ ထူးျခား လကၡဏာေတြ ကို ၾကည့္တယ္။
ေျပာင္းလဲပုံ ၄ မ်ိဳးေတြ႕တယ္။
၁။ အသစ္ နဲ႔ အေဟာင္း ကို လဲလိုက္တာ။
၂။ အေဟာင္း ကို ဒီ အတိုင္းထားတယ္။ အသစ္ ကို ထည့္လိုက္တယ္။
၃။ အေဟာင္း ကို ဒီ အတိုင္း ထားတယ္။ အသစ္ကိုလည္း မထည့္ဘူး။ ဒါေပမဲ့ ဆက္စပ္ ပတ္ဝန္းက်င္ က ေျပာင္းတဲ့အတိုင္း လိုက္လုပ္သြားတယ္။ ဒီလို နဲ႔ အေျပာင္းအလဲ အတိုင္း ျဖစ္သြားေရာ။
၄။ အေဟာင္း က ဒီ အတိုင္းပဲ။ ဒါေပမဲ့ အေဟာင္း ကို အဓိပၸါယ္ ဖြင့္ဆို ေကာက္ယူပုံ အသစ္ နဲ႔ နားလည္ေအာင္ လုပ္လိုက္တယ္။ ဒါမွမဟုတ္ အေကာင္အထည္ေဖာ္ လုပ္ကိုင္ပုံ အသစ္ နဲ႔ လုပ္လိုက္တယ္။
ဘယ္ အေျခအေန မွာ ဘယ္ ေျပာင္းလဲပုံေတြ ကို သုံးသြားၾကသလဲ ဆိုတာ ေနာက္အပတ္ ဆက္လက္ တင္ျပပါမယ္။
++++
အင်စတီကျူးရှင်းတွေ အပြောင်းအလဲ ကို လေ့လာတဲ့အခါမှာ အဟောင်း ကို ပြောင်းနည်း အမျိုးမျိုး ရှိတာ ကို တွေ့ရပါတယ်။ အင်စတီ ကျူးရှင်း ဆိုတာ ဘာလဲ။ ပြောင်းပုံ ဘယ်နှမျိုး ရှိသလဲ။ စာရေးဆရာမှ သော်တာအေးလဲ့ နဲ့ ဦးတင်မောင်သန်း က ဆွေးနွေး တင်ပြထားပါတယ်။
အင်စတီကျူးရှင်း အပြောင်းအလဲ ၄ မျိုး
အကျဥ်းချုပ်
အပြောင်းအလဲ လို့ ပြောကြတဲ့အခါ ပြင်ပ အကြောင်းကြောင့် ပြောင်းတာတွေ ရှိသလို၊ အင်စတီကျူးရှင်း အတွင်း သဘောအရ တဖြည်းဖြည်း ပြောင်းတာလည်း ရှိပါတယ်။ အင်စတီကျူးရှင်း ကို လူမှုဗေဒ က ပြောတဲ့အခါ အောက်ပါ အဓိပ္ပါယ် ၃ မျိုး နဲ့ ပြောတာပါ။ ၁။ ဖွဲ့ဖွဲ့စည်းစည်း ဖြစ်ပြီး တဲ့ အရာတွေ၊ ၂။ တရားဝင် ပြဌာန်းထားတာလည်း ဖြစ်ချင် ဖြစ်မယ်။ ဖြစ်ချင်မှလည်း ဖြစ်မယ် ၃။ လူတွေ က လက်ခံ လိုက်နာ ကြတယ်။ ဒါကြောင့် အဖွဲ့အစည်း နဲ့ ကျင့်ထုံး လို့ ခြုံပြီး နားလည်နိုင်ပါတယ်။
မိသားစု စနစ်တွေ ဟာ အင်စတီကျူးရှင်း တစ်ခု ဖြစ်တယ်။ ဖွဲ့ဖွဲ့စည်းစည်း ဖြစ်ပြီးပြီ။ တရားဝင် ပြဌာန်းတာ ဟုတ်ချင်မှ ဟုတ်မယ်။ လူတွေ က လိုက်နာ လုပ်ဆောင်ကြတယ်။
အဲဒီလို အင်စတီကျူးရှင်းတွေ တဖြည်းဖြည်း ပြောင်းလဲတာ ကို လေ့လာတဲ့အခါ အဓိက သီဝရီ ချဥ်းကပ်ပုံ ၃ မျိုးရှိပါတယ်။ ပထမ တစ်ခု က သမိုင်းကြောင်းအရ ချဥ်းကပ်တာ ဖြစ်ပါတယ်။ ဒုတိယ က ကျိုးကြောင်းယုတ္တိ အရ ရွေးချယ် ချဥ်းကပ်ပုံ ဖြစ်ပါတယ်။ တတိယ ကတော့ စံနှုန်း နဲ့ ယဥ်ကျေးမှု ကို အခြေခံထားတဲ့ လူမှု ဗေဒ ချဥ်းကပ်ပုံမျိုး ဖြစ်ပါတယ်။
အင်စတီကျူးရှင်းတွေ ကို ကြည့်တဲ့အခါ ပညာရှင်တွေမှာ မူဘောင် ရှိပါတယ်။ အစိတ်အပိုင်း ၃ ရပ် ပါဝင်ပါတယ်။ နိုင်ငံရေး ဆက်စပ်ပတ်ဝန်းကျင် ထူးခြား လက္ခဏာတွေ ကို လေ့လာတယ်။ အင်စတီကျူးရှင်း တစ်ရပ် ရဲ့ ထူးခြား လက္ခဏာတွေ ကို ကြည့်တယ်။ အေဂျင်စီ လို့ ပညာရှင်တွေ က ခေါ်ဝေါ်တဲ့ ဆောင်ရွက် လှုပ်ရှားကြသူတွေ ရဲ့ ထူးခြား လက္ခဏာတွေ ကို ကြည့်တယ်။
ပြောင်းလဲပုံ ၄ မျိုးတွေ့တယ်။
၁။ အသစ် နဲ့ အဟောင်း ကို လဲလိုက်တာ။
၂။ အဟောင်း ကို ဒီ အတိုင်းထားတယ်။ အသစ် ကို ထည့်လိုက်တယ်။
၃။ အဟောင်း ကို ဒီ အတိုင်း ထားတယ်။ အသစ်ကိုလည်း မထည့်ဘူး။ ဒါပေမဲ့ ဆက်စပ် ပတ်ဝန်းကျင် က ပြောင်းတဲ့အတိုင်း လိုက်လုပ်သွားတယ်။ ဒီလို နဲ့ အပြောင်းအလဲ အတိုင်း ဖြစ်သွားရော။
၄။ အဟောင်း က ဒီ အတိုင်းပဲ။ ဒါပေမဲ့ အဟောင်း ကို အဓိပ္ပါယ် ဖွင့်ဆို ကောက်ယူပုံ အသစ် နဲ့ နားလည်အောင် လုပ်လိုက်တယ်။ ဒါမှမဟုတ် အကောင်အထည်ဖော် လုပ်ကိုင်ပုံ အသစ် နဲ့ လုပ်လိုက်တယ်။
ဘယ် အခြေအနေ မှာ ဘယ် ပြောင်းလဲပုံတွေ ကို သုံးသွားကြသလဲ ဆိုတာ နောက်အပတ် ဆက်လက် တင်ပြပါမယ်။