(zawgyi/unicode)
သုေတသန ျပဳရာမွာ အေလ့လာခံလူမ်ား အေပၚ ထားရွိရမယ့္ သုေတသီ တစ္ေယာက္ ရဲ႕ ကိုယ္က်င့္တရား နဲ႔ လူ႔အခြင့္အေရး က ဘယ္လို ဆက္စပ္ေနပါသလဲ။ စစ္ဆင္ေရးေတြမွာေကာ သုေတသီေတြ က လိုက္ပါ သုေတသန လုပ္သင့္ပါသလား။ ဒီကေန႔ ျမန္မာ ႏိုင္ငံ အေျခအေန မွာ သုေတသီ တစ္ေယာက္ ရဲ႕ က်င့္ဝတ္ ကို ဘာေတြ က စိန္ေခၚေနပါသလဲ။ ဒီ အပတ္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး နဲ႔ ေခတ္ၿပိဳင္ ကမာၻ အစီအစဥ္ မွာ မႏုႆေဗဒ ပညာရွင္ ေဒါက္တာ သန္းထြန္း နဲ႔ ဦးတင္ေမာင္သန္း က ေဆြးေႏြးတင္ျပထားပါတယ္။
အက်ဥ္းခ်ဳပ္
သုေတသန က်င့္ဝတ္ ရဲ႕ အေျခခံ က အေလ့လာခံ လူ ပုဂၢိဳလ္ေတြ ကို လူလို သေဘာထားေရး ျဖစ္ပါတယ္။ တုစကီးဂီးေလ့လာခ်က္ က ဒါ ကို ခ်ိဳးေဖာက္ပါတယ္။ လူ႔အခြင့္အေရး ရဲ႕ သေဘာကလည္း လူ ကို လူလို သေဘာထားတယ္။ ဒါ့အျပင္ သုေတသန လုပ္မယ့္ အေၾကာင္း နဲ႔ ပတ္သက္ၿပီး အခ်က္အလက္ အျပည့္အစုံ ကို အေလ့လာခံမယ့္ သူေတြ က သိရွိၿပီး၊ သေဘာတူညီခ်က္ ေပးမွ ေလ့လာရပါတယ္။ လူ႔အခြင့္အေရး သေဘာ အရ၊ လူတိုင္း မွာ သတင္း ရယူပိုင္ခြင့္ ရွိပါတယ္။
Austrealia မွာေတာ့ သုေတသန က်င့္ဝတ္မွာ အဓိက မူ ၄ ခ်က္ ရွိတယ္လို႔ ေဒါက္တာ သန္းထြန္း က ဆိုပါတယ္။
ပထမ အေလ့လာခံ ပုဂၢိဳလ္ေတြ ကို လူသား အျဖစ္ ေလးစားေရး ျဖစ္ပါတယ္။
ဒုတိယ .. ေလ့လာခ်က္ က အက်ိဳးသက္ေရာက္မႈ ရွိရမယ္။ အေလ့လာခံေတြ အေပၚ တိုက္႐ိုက္ အက်ိဳး မသက္ေရာက္ရင္ေတာင္ မထိခိုက္ေစရဘူး။
တတိယ နည္းနာပိုင္းဆိုင္ရာ အရ ေကာင္းေကာင္းမြန္မြန္ လုပ္ထားတဲ့ သုေတသန ျဖစ္ရမယ္။
စတုတၳ တရားမွ်တမႈ ရွိရမယ္။ အေလ့လာခံ ပုဂၢိဳလ္ေတြ ရဲ႕ အက်ိဳး ကို ေရွ႕ရႈရပါမယ္။
လူ႔အခြင့္အေရး ေထာင့္ က ေျပာမယ္ ဆိုရင္၊ လူသား အျဖစ္ အသိအမွတ္ျပဳေရး၊ သူ႔ ရဲ႕ သတင္းရယူပိုင္ခြင့္ ကို အသိအမွတ္ျပဳေရး၊ သူရပိုင္ခြင့္ ရွိတဲ့ အခြင့္အေရး အားလုံး ကို ေလးစားေရး နဲ႔ တရားမွ်တမႈ တို႔ ပါပဲ။
ဒီကေန႔ ျမန္မာ ႏိုင္ငံ ရဲ႕ အေျခအေနမွာေတာ့ သုေတသန ျပဳသူေရာ၊ အေလ့လာခံ ပုဂၢိဳလ္ေတြ၊ သတင္း အခ်က္အလက္ေပးသူေတြ အတြက္ လြတ္လပ္ခြင့္၊ အေၾကာက္အ႐ြံ႕မရွိ ေျပာဆို ေဖာ္ျပႏိုင္ခြင့္ က အဓိက စိန္းေခၚခ်က္ ျဖစ္ပါတယ္။ သုေတသီအတြက္ေရာ၊ ပါဝင္သူေတြ အတြက္ပါ အႏၲရာယ္ ကင္းေရး က စိန္ေခၚေနပါတယ္။ ကိုယ္က်င့္ သိကၡာ ရွိစြာ သုေတသန လုပ္ႏိုင္ပါ့မလား ေမးခြန္း ထုတ္စရာကလည္း ရွိေနပါတယ္။ တစ္ဘက္မွာလည္း သုေတသန မလုပ္ဘဲ၊ ေျမျပင္ မွာ ျဖစ္ေနတဲ့ အေၾကာင္းေတြ ကိုမသိဘဲ မူဝါဒေတြ ခ်ေနမယ္ ဆိုရင္ ျပႆနာ ကို ေျဖရွင္းဖို႔ ခက္ႏိုင္တယ္။ ဒီ ၂ ခု ကို ခ်ိန္ရမယ္လို႔ ေဒါက္တာ သန္းထြန္း က ယူဆပါတယ္။
(unicode)
သုတေသီတွေရဲ့ ကိုယ့်ကျင့်တရားနဲ့လူ့အခွင့်အရေး
သုတေသန ပြုရာမှာ အလေ့လာခံလူများ အပေါ် ထားရှိရမယ့် သုတေသီ တစ်ယောက် ရဲ့ ကိုယ်ကျင့်တရား နဲ့ လူ့အခွင့်အရေး က ဘယ်လို ဆက်စပ်နေပါသလဲ။ စစ်ဆင်ရေးတွေမှာကော သုတေသီတွေ က လိုက်ပါ သုတေသန လုပ်သင့်ပါသလား။ ဒီကနေ့ မြန်မာ နိုင်ငံ အခြေအနေ မှာ သုတေသီ တစ်ယောက် ရဲ့ ကျင့်ဝတ် ကို ဘာတွေ က စိန်ခေါ်နေပါသလဲ။ ဒီ အပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဥ် မှာ မနုဿဗေဒ ပညာရှင် ဒေါက်တာ သန်းထွန်း နဲ့ ဦးတင်မောင်သန်း က ဆွေးနွေးတင်ပြထားပါတယ်။
အကျဥ်းချုပ်
သုတေသန ကျင့်ဝတ် ရဲ့ အခြေခံ က အလေ့လာခံ လူ ပုဂ္ဂိုလ်တွေ ကို လူလို သဘောထားရေး ဖြစ်ပါတယ်။ တုစကီးဂီးလေ့လာချက် က ဒါ ကို ချိုးဖောက်ပါတယ်။ လူ့အခွင့်အရေး ရဲ့ သဘောကလည်း လူ ကို လူလို သဘောထားတယ်။ ဒါ့အပြင် သုတေသန လုပ်မယ့် အကြောင်း နဲ့ ပတ်သက်ပြီး အချက်အလက် အပြည့်အစုံ ကို အလေ့လာခံမယ့် သူတွေ က သိရှိပြီး၊ သဘောတူညီချက် ပေးမှ လေ့လာရပါတယ်။ လူ့အခွင့်အရေး သဘော အရ၊ လူတိုင်း မှာ သတင်း ရယူပိုင်ခွင့် ရှိပါတယ်။
Austrealia မှာတော့ သုတေသန ကျင့်ဝတ်မှာ အဓိက မူ ၄ ချက် ရှိတယ်လို့ ဒေါက်တာ သန်းထွန်း က ဆိုပါတယ်။
ပထမ အလေ့လာခံ ပုဂ္ဂိုလ်တွေ ကို လူသား အဖြစ် လေးစားရေး ဖြစ်ပါတယ်။
ဒုတိယ .. လေ့လာချက် က အကျိုးသက်ရောက်မှု ရှိရမယ်။ အလေ့လာခံတွေ အပေါ် တိုက်ရိုက် အကျိုး မသက်ရောက်ရင်တောင် မထိခိုက်စေရဘူး။
တတိယ နည်းနာပိုင်းဆိုင်ရာ အရ ကောင်းကောင်းမွန်မွန် လုပ်ထားတဲ့ သုတေသန ဖြစ်ရမယ်။
စတုတ္ထ တရားမျှတမှု ရှိရမယ်။ အလေ့လာခံ ပုဂ္ဂိုလ်တွေ ရဲ့ အကျိုး ကို ရှေ့ရှုရပါမယ်။
လူ့အခွင့်အရေး ထောင့် က ပြောမယ် ဆိုရင်၊ လူသား အဖြစ် အသိအမှတ်ပြုရေး၊ သူ့ ရဲ့ သတင်းရယူပိုင်ခွင့် ကို အသိအမှတ်ပြုရေး၊ သူရပိုင်ခွင့် ရှိတဲ့ အခွင့်အရေး အားလုံး ကို လေးစားရေး နဲ့ တရားမျှတမှု တို့ ပါပဲ။
ဒီကနေ့ မြန်မာ နိုင်ငံ ရဲ့ အခြေအနေမှာတော့ သုတေသန ပြုသူရော၊ အလေ့လာခံ ပုဂ္ဂိုလ်တွေ၊ သတင်း အချက်အလက်ပေးသူတွေ အတွက် လွတ်လပ်ခွင့်၊ အကြောက်အရွံ့မရှိ ပြောဆို ဖော်ပြနိုင်ခွင့် က အဓိက စိန်းခေါ်ချက် ဖြစ်ပါတယ်။ သုတေသီအတွက်ရော၊ ပါဝင်သူတွေ အတွက်ပါ အန္တရာယ် ကင်းရေး က စိန်ခေါ်နေပါတယ်။ ကိုယ်ကျင့် သိက္ခာ ရှိစွာ သုတေသန လုပ်နိုင်ပါ့မလား မေးခွန်း ထုတ်စရာကလည်း ရှိနေပါတယ်။ တစ်ဘက်မှာလည်း သုတေသန မလုပ်ဘဲ၊ မြေပြင် မှာ ဖြစ်နေတဲ့ အကြောင်းတွေ ကိုမသိဘဲ မူဝါဒတွေ ချနေမယ် ဆိုရင် ပြဿနာ ကို ဖြေရှင်းဖို့ ခက်နိုင်တယ်။ ဒီ ၂ ခု ကို ချိန်ရမယ်လို့ ဒေါက်တာ သန်းထွန်း က ယူဆပါတယ်။