အပြည်ပြည် ဆိုင်ရာ တရားရုံး မှာ ဂမ်ဘီယာ က မြန်မာ နိုင်ငံ အပေါ် လူမျိုးသုဉ်း လုပ်ရပ်များ ကာကွယ်ရေး နဲ့ အပြစ်ပေး အရေးယူရေး နိုင်ငံတကာ သဘောတူစာချုပ် ချိုးဖောက်မှု နဲ့ စွဲဆိုထားတဲ့ အမှု ကို ကြားနာနေပါတယ်။ ဒီ တစ်ခေါက် မြန်မာ နိုင်ငံ က လျှောက်ထားချက်တွေ ဟာ အရင် အပတ် လျှောက်ထားခဲ့တဲ့ အချက်တွေ ကို အခြေခံပြီး၊ အထောက်အထား ဖြည့်စွက်တန်ဖြည့်စွက်၊ ပြောင်းတန်ပြောင်း လျှောက်ထားခဲ့တာပါ။ ဒါကြောင့် အဲဒီ အချက်တွေ ကို အရင်တခါ ကြားနာပွဲ မှာ တရားသူကြီးတွေ ဘယ်လို စဉ်းစားခဲ့ကြသလဲ ဆိုတာ ကို ဦးတင်မောင်သန်း က ကို ကျော်ကျော်သိန်း၊ ကို လွင်ငြိမ်းချမ်းကျော် တို့ နဲ့ အတူ တင်ပြပေးထားပါတယ်။