အေရွ႕ေတာင္အာရွ ႏိုင္ငံေတြ က လူငယ္ေတြ ဟာ “စစ္အာဏာရွင္အဖြဲ႕ ကို ဖိအားေပးဖို႔ သူတို႔ ရဲ႕ သက္ဆိုင္ရာ အစိုးရေတြ ကို ျပတ္ျပတ္သားသား ေတာင္းဆိုတာေတြ ဆက္လုပ္သြားႏိုင္ပါတယ္” လို႔ အေမရိကန္ အာဆီယန္ ေျပာေရးဆိုခြင့္ ရွိသူ နဲ႔ ေတြ႕ဆုံေမးျမန္းခန္း မွာ အေမရိကန္ သံအမတ္ႀကီး က ေျပာဆိုသြားပါတယ္။ ဒါ ကို လက္ေတြ႕ အေကာင္အထည္ ေဖာ္မယ္ဆိုရင္ ျမန္မာ့ အေရးဆိုင္ရာ အေရွ႕ေတာင္အာရွ လူငယ္မ်ား ကြန္ယက္ တစ္ရပ္ လိုအပ္မွာ ျဖစ္ပါတယ္။ ဒီ ကြန္ယက္ ကို ထူေထာင္ဖို႔ စိန္ေခၚခ်က္ေတြ ဘာေတြရွိပါသလဲ။ ဒီအပတ္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရး နဲ႔ ေခတ္ၿပိဳင္ ကမာၻ အစီအစဥ္ မွာ ၂၀၂၁ စစ္အာဏာရွင္ ဆန႔္က်င္ေရး လူငယ္ ေခါင္းေဆာင္ ေဒါက္တာ ေတဇာစန္း နဲ႔ ဦးတင္ေမာင္သန္း က ေမးျမန္းတင္ျပထားပါတယ္။
အက်ဥ္းခ်ဳပ္
ကမာၻ႔ ႏိုင္ငံအသီးသီးမွာ လူငယ္ေတြ ဟာ ဒီမိုကေရစီ နဲ႔ လူ႔အခြင့္အေရး ဆိုင္ရာ ေတာ္လွန္ေရးေတြ ရဲ႕ ေက်ာ႐ိုးေတြ ျဖစ္ၾကၿပီး၊ ေဒသတြင္း နဲ႔ ႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္ေရး က အေရးႀကီးတယ္လို႔ ေဒါက္တာ ေတဇာစန္း က ယူဆပါတယ္။ ဒီအတြက္ ႏိုင္ငံတကာ လူငယ္ ကြန္ယက္ တစ္ရပ္ ထူေထာင္ဖို႔ လိုအပ္ပါတယ္။
ဒါေပမဲ့ ျပည္တြင္း မွာ ရွိေနၾကတဲ့ လူငယ္ေတြအတြက္ စစ္ေကာင္စီ ရဲ႕ ဖိႏွိပ္မႈ ကို ေရွာင္တိမ္းေနရတာ က အစ၊ လြတ္လပ္ခြင့္ မရွိတာအလည္၊ အင္တာနက္ ျဖတ္ေတာက္ထားတာ နဲ႔ စားရိတ္စားခ ႀကီးမားလာတာ အဆုံး အခက္အခဲေတြ ရွိေနပါတယ္။ အဲဒီလို ခ်ိတ္ဆက္ရာမွာ အေရွ႕ေတာင္အာရွ မွာ အေၾကာင္းအမ်ိဳးမ်ိဳး နဲ႔ ေရာက္ေနၾကတဲ့ ျမန္မာ လူငယ္ေတြ ဟာ ေပါင္းကူးေပးႏိုင္တယ္ လို႔ ကို ေတဇာစန္း က ျမင္ပါတယ္။ ျမန္မာျပည္သူေတြ ဟာ စစ္အာဏာရွင္ ဆန႔္က်င္ေရး အေပၚမွာ ပိုင္းျဖတ္ခ်က္ ျပင္းျပင္းျပျပ နဲ႔ ေဆာင္႐ြက္ေနၾကတာမို႔ ႏိုင္ငံတကာ က အေျပာမဟုတ္ လက္ေတြ႕ ကူညီဖို႔ လိုအပ္တယ္လို႔ ေဒါက္တာ ေတဇာစန္း က ဆိုပါတယ္။ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ကလည္း ျမန္မာ့ အေရးဆိုင္ရာ အေရွ႕ေတာင္အာရွ လူငယ္ ကြန္ယက္ တစ္ရပ္ ထူေထာင္ၿပီး ဆိုင္ရာ အစိုးရေတြ ကို ဖိအားေပးေရး လုပ္ငန္း ကို ထိပ္တန္း ဦးစားေပး လုပ္ငန္းတစ္ရပ္ အျဖစ္ သတ္မွတ္ ေဆာင္႐ြက္သင့္ေၾကာင္း ေဆြးေႏြးသြားပါတယ္။
(unicode)
အရှေ့တောင်အာရှ နိုင်ငံတွေ က လူငယ်တွေ ဟာ “စစ်အာဏာရှင်အဖွဲ့ ကို ဖိအားပေးဖို့ သူတို့ ရဲ့ သက်ဆိုင်ရာ အစိုးရတွေ ကို ပြတ်ပြတ်သားသား တောင်းဆိုတာတွေ ဆက်လုပ်သွားနိုင်ပါတယ်” လို့ အမေရိကန် အာဆီယန် ပြောရေးဆိုခွင့် ရှိသူ နဲ့ တွေ့ဆုံမေးမြန်းခန်း မှာ အမေရိကန် သံအမတ်ကြီး က ပြောဆိုသွားပါတယ်။ ဒါ ကို လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာ့ အရေးဆိုင်ရာ အရှေ့တောင်အာရှ လူငယ်များ ကွန်ယက် တစ်ရပ် လိုအပ်မှာ ဖြစ်ပါတယ်။ ဒီ ကွန်ယက် ကို ထူထောင်ဖို့ စိန်ခေါ်ချက်တွေ ဘာတွေရှိပါသလဲ။ ဒီအပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေး နဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဥ် မှာ ၂၀၂၁ စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ် ခေါင်းဆောင် ဒေါက်တာ တေဇာစန်း နဲ့ ဦးတင်မောင်သန်း က မေးမြန်းတင်ပြထားပါတယ်။
အကျဥ်းချုပ်
ကမ္ဘာ့ နိုင်ငံအသီးသီးမှာ လူငယ်တွေ ဟာ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ဆိုင်ရာ တော်လှန်ရေးတွေ ရဲ့ ကျောရိုးတွေ ဖြစ်ကြပြီး၊ ဒေသတွင်း နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး က အရေးကြီးတယ်လို့ ဒေါက်တာ တေဇာစန်း က ယူဆပါတယ်။ ဒီအတွက် နိုင်ငံတကာ လူငယ် ကွန်ယက် တစ်ရပ် ထူထောင်ဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ပြည်တွင်း မှာ ရှိနေကြတဲ့ လူငယ်တွေအတွက် စစ်ကောင်စီ ရဲ့ ဖိနှိပ်မှု ကို ရှောင်တိမ်းနေရတာ က အစ၊ လွတ်လပ်ခွင့် မရှိတာအလည်၊ အင်တာနက် ဖြတ်တောက်ထားတာ နဲ့ စားရိတ်စားခ ကြီးမားလာတာ အဆုံး အခက်အခဲတွေ ရှိနေပါတယ်။ အဲဒီလို ချိတ်ဆက်ရာမှာ အရှေ့တောင်အာရှ မှာ အကြောင်းအမျိုးမျိုး နဲ့ ရောက်နေကြတဲ့ မြန်မာ လူငယ်တွေ ဟာ ပေါင်းကူးပေးနိုင်တယ် လို့ ကို တေဇာစန်း က မြင်ပါတယ်။ မြန်မာပြည်သူတွေ ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး အပေါ်မှာ ပိုင်းဖြတ်ချက် ပြင်းပြင်းပြပြ နဲ့ ဆောင်ရွက်နေကြတာမို့ နိုင်ငံတကာ က အပြောမဟုတ် လက်တွေ့ ကူညီဖို့ လိုအပ်တယ်လို့ ဒေါက်တာ တေဇာစန်း က ဆိုပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ ကလည်း မြန်မာ့ အရေးဆိုင်ရာ အရှေ့တောင်အာရှ လူငယ် ကွန်ယက် တစ်ရပ် ထူထောင်ပြီး ဆိုင်ရာ အစိုးရတွေ ကို ဖိအားပေးရေး လုပ်ငန်း ကို ထိပ်တန်း ဦးစားပေး လုပ်ငန်းတစ်ရပ် အဖြစ် သတ်မှတ် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသွားပါတယ်။