ဒီမိုကေရစီ နဲ႔ လူ႔အခြင့္အေရး အတြက္ တိုက္ပြဲ က ပိုၿပီး ျပင္းထန္လာေလ၊ စိတ္ဒဏ္သင့္ၾကတဲ့သူေတြ က ပိုၿပီး မ်ားလာေလပါ။ တိုက္ပြဲ ဝင္သူေတြ နဲ႔ အဖိႏွိပ္ခံ ျပည္သူေတြ မွာ စိတ္ဒဏ္ရာေတြ ရရွိၾကပါတယ္။ ညႇင္းပန္း ႏွိပ္စက္ သတ္ျဖတ္ၾကသူေတြ မွာလည္း အခု သိခ်င္မွ သိၾကမွာ ျဖစ္ေပမဲ့ ေနာင္အခါမွာ စိတ္ဒဏ္ရာေတြ သင့္ၾကရပါတယ္။ ဒီမိုကေရစီ နဲ႔ လူ႔အခြင့္အေရး တိုက္ပြဲ မွာ ေရွာင္လြဲလို႔ မရႏိုင္တဲ့ ဒီ စိတ္ဒဏ္ရာေတြ အေၾကာင္း ကို ကုထုံးဆိုင္ရာ စိတ္ပညာ ပါရဂူဘြဲ႕ ယူဖို႔ ႀကိဳးစားေနတဲ့ မျဖဴပန္းႏုခင္ နဲ႔ ဦးတင္ေမာင္သန္း က ေမးျမန္းတင္ျပထားပါတယ္။
အက်ဥ္းခ်ဳပ္
အိမ္မက္ဆိုးေတြ မက္ေနတယ္။ ေန႔ခင္းေတြမွာလည္း ရက္စက္စြာ ျဖတ္သန္းခဲ့ရတဲ့ ျမင္ကြင္းေတြ အသံေတြ ကို သတိရေနမယ္။ ျမင္ေယာင္ ၾကားေယာင္ေနမယ္။ စိတ္ပင္ပန္း ဆင္းရဲေနမယ္ ဆိုရင္ ဒါ ဟာ စိတ္ဒဏ္သင့္တဲ့ လကၡဏာေတြ ျဖစ္ႏိုင္တာမို႔ ကြၽမ္းက်င္သူေတြနဲ႔ တိုင္ပင္ဖို႔ အႀကံေပးပါတယ္။
ႏိုင္ငံေရး အယူအဆေတြ မတူကြဲျပားလာၿပီး ပဋိပကၡ အသြင္ ေဆာင္လာၿပီဆိုရင္ လင္ နဲ႔ မယား၊ မိဘ နဲ႔ သားသမီး၊ မိသားစုဝင္ေတြၾကားမွာ အခန႔္မသင့္ မေခၚႏိုင္ မေျပာႏိုင္ ျဖစ္လာတတ္ပါတယ္။ ဒီ အခါ ေမတၱာစိတ္ ေရွ႕ထားၿပီး မိသားစုၾကား အခ်င္းခ်င္း ျပန္လည္ သုံးသပ္ ညႇိဳႏႈိင္းၾကဖို႔ အႀကံေပးပါတယ္။
ညႇဥ္ပန္းႏွိပ္စက္မႈေတြ မွာ အႏွိပ္စက္ခံသာမက ႏွိပ္စက္သူမွာလည္း စိတ္ဒဏ္ရာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။
တႏိုင္ငံလုံးမွာ စိတ္ဒဏ္ရာေတြ မ်ားလာၿပီဆိုတဲ့အခါ မူဝါဒ ခ်မွတ္ အေကာင္အထည္ ေဖာ္သူေတြ အေနနဲ႔ အခ်က္ ၃ ခ်က္ ကို စဥ္းစားသင့္တယ္လို႔ မျဖဴပန္းႏုခင္ က ဆိုပါတယ္။ ပထမ စိတ္ခ် လုံၿခဳံတဲ့ အေျခအေန ျဖစ္ေပၚလာေအာင္ ႀကိဳးစားဖို႔ပါ။ ဒုတိယ လူတိုင္း အခြင့္အေရး ရွိတဲ့ အေျခအေန ကို ဖန္တီးရပါမယ္။ တတိယ အဲဒါေတြ ရွိမွသာ စိတ္ဒဏ္ရာေတြ ကို ရင္ဆိုင္ႏိုင္ေအာင္ ကုသမႈရရွိေရး၊ ကြၽမ္းက်င္သူေတြ ေမြးထုတ္ေရး၊ စိတ္ဒဏ္သင့္သူမ်ား ပံ့ပိုးကူညီေရး အစရွိတဲ့ မူဝါဒေတြ ခ်မွတ္ အေကာင္အထည္ ေဖာ္ရပါမယ္လို႔ မျဖဴပန္းႏုခင္ က ေဆြးေႏြး တင္ျပသြားပါတယ္။
(unicode)
ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အတွက် တိုက်ပွဲ က ပိုပြီး ပြင်းထန်လာလေ၊ စိတ်ဒဏ်သင့်ကြတဲ့သူတွေ က ပိုပြီး များလာလေပါ။ တိုက်ပွဲ ဝင်သူတွေ နဲ့ အဖိနှိပ်ခံ ပြည်သူတွေ မှာ စိတ်ဒဏ်ရာတွေ ရရှိကြပါတယ်။ ညှင်းပန်း နှိပ်စက် သတ်ဖြတ်ကြသူတွေ မှာလည်း အခု သိချင်မှ သိကြမှာ ဖြစ်ပေမဲ့ နောင်အခါမှာ စိတ်ဒဏ်ရာတွေ သင့်ကြရပါတယ်။ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး တိုက်ပွဲ မှာ ရှောင်လွဲလို့ မရနိုင်တဲ့ ဒီ စိတ်ဒဏ်ရာတွေ အကြောင်း ကို ကုထုံးဆိုင်ရာ စိတ်ပညာ ပါရဂူဘွဲ့ ယူဖို့ ကြိုးစားနေတဲ့ မဖြူပန်းနုခင် နဲ့ ဦးတင်မောင်သန်း က မေးမြန်းတင်ပြထားပါတယ်။
အကျဥ်းချုပ်
အိမ်မက်ဆိုးတွေ မက်နေတယ်။ နေ့ခင်းတွေမှာလည်း ရက်စက်စွာ ဖြတ်သန်းခဲ့ရတဲ့ မြင်ကွင်းတွေ အသံတွေ ကို သတိရနေမယ်။ မြင်ယောင် ကြားယောင်နေမယ်။ စိတ်ပင်ပန်း ဆင်းရဲနေမယ် ဆိုရင် ဒါ ဟာ စိတ်ဒဏ်သင့်တဲ့ လက္ခဏာတွေ ဖြစ်နိုင်တာမို့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဖို့ အကြံပေးပါတယ်။
နိုင်ငံရေး အယူအဆတွေ မတူကွဲပြားလာပြီး ပဋိပက္ခ အသွင် ဆောင်လာပြီဆိုရင် လင် နဲ့ မယား၊ မိဘ နဲ့ သားသမီး၊ မိသားစုဝင်တွေကြားမှာ အခန့်မသင့် မခေါ်နိုင် မပြောနိုင် ဖြစ်လာတတ်ပါတယ်။ ဒီ အခါ မေတ္တာစိတ် ရှေ့ထားပြီး မိသားစုကြား အချင်းချင်း ပြန်လည် သုံးသပ် ညှိုနှိုင်းကြဖို့ အကြံပေးပါတယ်။
ညှဥ်ပန်းနှိပ်စက်မှုတွေ မှာ အနှိပ်စက်ခံသာမက နှိပ်စက်သူမှာလည်း စိတ်ဒဏ်ရာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးမှာ စိတ်ဒဏ်ရာတွေ များလာပြီဆိုတဲ့အခါ မူဝါဒ ချမှတ် အကောင်အထည် ဖော်သူတွေ အနေနဲ့ အချက် ၃ ချက် ကို စဥ်းစားသင့်တယ်လို့ မဖြူပန်းနုခင် က ဆိုပါတယ်။ ပထမ စိတ်ချ လုံခြုံတဲ့ အခြေအနေ ဖြစ်ပေါ်လာအောင် ကြိုးစားဖို့ပါ။ ဒုတိယ လူတိုင်း အခွင့်အရေး ရှိတဲ့ အခြေအနေ ကို ဖန်တီးရပါမယ်။ တတိယ အဲဒါတွေ ရှိမှသာ စိတ်ဒဏ်ရာတွေ ကို ရင်ဆိုင်နိုင်အောင် ကုသမှုရရှိရေး၊ ကျွမ်းကျင်သူတွေ မွေးထုတ်ရေး၊ စိတ်ဒဏ်သင့်သူများ ပံ့ပိုးကူညီရေး အစရှိတဲ့ မူဝါဒတွေ ချမှတ် အကောင်အထည် ဖော်ရပါမယ်လို့ မဖြူပန်းနုခင် က ဆွေးနွေး တင်ပြသွားပါတယ်။