သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒီမိုကေရစီ ထိပ္သီးအစည္းအေဝး အေမရိကန္ ကမကထျပဳ က်င္းပမည္


ဒီမုိကေရစီ ထိပ္သီးအစည္းအေဝးအတြက္ ကန္ႏုိင္ငံျခားေရးဌာန ဝက္ဘ္ဆိုက္တ္။ (ပုံ - state.gov)

(Zawgyi / Unicode)

ဒီဇင္ဘာ ၉ ရက္နဲ႔ ၁၀ ရက္ေန႔ေတြမွာ သမၼတ Joe Biden ကမကထျပဳ က်င္းပမယ့္ အြန္လိုင္း ဒီမိုကေရစီ ထိပ္သီးအစည္းအေဝးကို ကမၻာ့ေခါင္းေဆာင္ေတြ၊ အရပ္ဘက္ လူမႈအဖြဲ႔ေတြနဲ႔ ပုဂၢလိကက႑က ကိုယ္စားလွယ္ေတြ တက္ေရာက္ၾကဖို႔ ရွိပါတယ္။

ဒီအစည္းအေဝးကေန "ဒီမိုကေရစီ ေသြးသစ္ေလာင္းဖို႔နဲ႔ ဒီကေန႔ေခတ္မွာ ဒီမိုကေရစီႏိုင္ငံေတြ ရင္ဆိုင္ေနရတဲ့ အႀကီးမားဆုံး ၿခိမ္းေျခာက္မႈေတြကို စုေပါင္းလုပ္ေဆာင္မႈနဲ႔ ေျဖရွင္းသြားဖို႔ သေဘာတူ အစီအစဥ္တခုကုိ ခ်မွတ္မွာ" ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းထားၿပီး အာဖဂန္နစၥတန္မွာ တာလီဘန္အဖြဲ႔ အာဏာျပန္္ယူလိုက္တာ အပါအဝင္ ကမၻာတဝန္းမွာ အာဏာရွင္အစိုးရေတြ ပိုမ်ားလာေနခ်ိန္ ဒီမုိကေရစီ အားေကာင္းခိုင္မာေအာင္ လုပ္မယ္လုိ႔ ေရြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရး ကာလအတြင္း သမၼတဘိုင္ဒန္က ကတိေပးခဲ့တာရဲ႕ တစိတ္တပိုင္းအျဖစ္ အခု ထိပ္သီးအစည္းအေဝးကို က်င္းပမွာ ျဖစ္ပါတယ္။

ထိပ္သီးအစည္းအေဝးရဲ႕ ရည္ရြယ္ခ်က္ေတြကေတာ့ ဒီမုိကေရစီ အားေကာင္းခုိင္မာေစဖို႔၊ အာဏာရွင္ဝါဒရန္ကေန ခုခံကာကြယ္ဖို႔၊ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ဖို႔နဲ႔ လူ႔အခြင့္အေရးကို အားေပးျမႇင့္တင္ဖို႔တို႔ ျဖစ္တယ္လုိ႔ ႏုိင္ငံျခားေရးဌာနက ထုတ္ျပန္ထားပါတယ္။

အစည္းအေဝးတက္ဖုိ႔ ဖိတ္ထားတဲ့ ႏုိင္္ငံေတြထဲမွာ လစ္ဘရယ္ ဒီမုိကေရစီႏုိင္္ငံေတြ၊ ဒီမိုကေရစီ အားနည္းေနဆဲ ႏုိင္္ငံေတြအျပင္ အာဏာရွင္ စ႐ုိက္လကၡဏာမ်ဳိးေတြရွိတဲ့ ႏုိင္ငံအေတာ္မ်ားမ်ားေတာင္မွ ပါဝင္ၿပီး စုစုေပါင္း ႏုိင္ငံ ၁၀၀ ေက်ာ္ကို ဖိတ္ထားပါတယ္။

Freedom House အဖြဲ႔ရဲ႕ ဒီမိုကေရစီညႊန္းကိန္းအရ အစည္းအေဝးတက္ဖို႔ ဖိတ္ထားတဲ့ထဲမွာ ၇၇ ႏုိင္ငံက "လြတ္လပ္" တဲ့ ဒါမွမဟုတ္ ဒီမိုကေရစီ အျပည့္အဝရွိတဲ့ ႏုိင္ငံေတြအျဖစ္ သတ္မွတ္ခံထားရတဲ့ ႏုိင္ငံေတြျဖစ္ၿပီး ၃၁ ႏုိင္ငံက "တစိတ္တပိုင္း လြတ္လပ္" တဲ့ ႏုိင္္ငံအဆင့္၊ သံုးႏုိင္ငံက "လြတ္လပ္မႈမရွိ" တ့ဲ့အဆင့္ သတ္မွတ္ခံထားရတဲ့ ႏုိင္ငံေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဒီမိုကရေစီ ထိပ်သီးအစည်းအဝေး အမေရိကန် ကမကထပြု ကျင်းပမည်

ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ သမ္မတ Joe Biden ကမကထပြု ကျင်းပမယ့် အွန်လိုင်း ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့တွေနဲ့ ပုဂ္ဂလိကကဏ္ဍက ကိုယ်စားလှယ်တွေ တက်ရောက်ကြဖို့ ရှိပါတယ်။

ဒီအစည်းအဝေးကနေ "ဒီမိုကရေစီ သွေးသစ်လောင်းဖို့နဲ့ ဒီကနေ့ခေတ်မှာ ဒီမိုကရေစီနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုတွေကို စုပေါင်းလုပ်ဆောင်မှုနဲ့ ဖြေရှင်းသွားဖို့ သဘောတူ အစီအစဉ်တခုကို ချမှတ်မှာ" ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားပြီး အာဖဂန်နစ္စတန်မှာ တာလီဘန်အဖွဲ့ အာဏာပြန်ယူလိုက်တာ အပါအဝင် ကမ္ဘာတဝန်းမှာ အာဏာရှင်အစိုးရတွေ ပိုများလာနေချိန် ဒီမိုကရေစီ အားကောင်းခိုင်မာအောင် လုပ်မယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း သမ္မတဘိုင်ဒန်က ကတိပေးခဲ့တာရဲ့ တစိတ်တပိုင်းအဖြစ် အခု ထိပ်သီးအစည်းအဝေးကို ကျင်းပမှာ ဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးရဲ့ ရည်ရွယ်ချက်တွေကတော့ ဒီမိုကရေစီ အားကောင်းခိုင်မာစေဖို့၊ အာဏာရှင်ဝါဒရန်ကနေ ခုခံကာကွယ်ဖို့၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့နဲ့ လူ့အခွင့်အရေးကို အားပေးမြှင့်တင်ဖို့တို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အစည်းအဝေးတက်ဖို့ ဖိတ်ထားတဲ့ နိုင်ငံတွေထဲမှာ လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတွေ၊ ဒီမိုကရေစီ အားနည်းနေဆဲ နိုင်ငံတွေအပြင် အာဏာရှင် စရိုက်လက္ခဏာမျိုးတွေရှိတဲ့ နိုင်ငံအတော်များများတောင်မှ ပါဝင်ပြီး စုစုပေါင်း နိုင်ငံ ၁၀၀ ကျော်ကို ဖိတ်ထားပါတယ်။

Freedom House အဖွဲ့ရဲ့ ဒီမိုကရေစီညွှန်းကိန်းအရ အစည်းအဝေးတက်ဖို့ ဖိတ်ထားတဲ့ထဲမှာ ၇၇ နိုင်ငံက "လွတ်လပ်" တဲ့ ဒါမှမဟုတ် ဒီမိုကရေစီ အပြည့်အဝရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေဖြစ်ပြီး ၃၁ နိုင်ငံက "တစိတ်တပိုင်း လွတ်လပ်" တဲ့ နိုင်ငံအဆင့်၊ သုံးနိုင်ငံက "လွတ်လပ်မှုမရှိ" တဲ့အဆင့် သတ်မှတ်ခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

XS
SM
MD
LG