သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

နယ္စပ္က်ဳးေက်ာ္မႈ စြပ္စဲြခ်က္နဲ႔ ျမန္မာသံအမတ္ကို ဘဂၤလားေဒ့ရွ္ ဆင့္ေခၚကန္႔ကြက္


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အကြားရှိ "no man's land" ကိုကာရံထားသည့် ခြံစည်းရိုးနားတွင် လုံခြုံရေးတာဝန်ယူထားသည့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)
(Zawgyi / Unicode)

ျမန္မာဘက္က လက္နက္ က်ည္ေတြ နယ္စပ္ျဖတ္ေက်ာ္က်ေရာက္မႈ၊ ႏွစ္ႏိုင္ငံ နယ္စပ္မွာ မဆင္မျခင္ ပစ္ခတ္မႈနဲ႔ ေ၀ဟင္ ပိုင္နက္ ခ်ိဳးေဖာက္မႈ စြပ္စဲြခ်က္နဲ႔ ဘဂၤလားေဒရွ္႕ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေအာင္ေက်ာ္မိုးကို ဘဂၤလားေဒရွ္႕ ႏိုင္ငံျခားေရး ဌာနက တနဂၤေႏြေန႔မွာ ဆင့္ေခၚ ကန္႔ကြက္ခဲ႔ေၾကာင္း ဘဂၤလားေဒ့ရွ္ သတင္းေတြက တနဂၤေႏြေန႔မွာ ေဖာ္ျပၾကပါတယ္။

ျမန္မာသံအမတ္ကို တနဂၤေႏြေန႔မွာ ထပ္မံဆင့္ေခၚခဲ႔ၿပီး ကန္႔ကြက္ခဲ႔ေၾကာင္း ဘဂၤလားေဒရွ္႕ ႏိုင္ငံျခားေရး ၀န္ႀကီး AK Abdul Momen က ၀န္ႀကီးဌာနမွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ႔ေၾကာင္ United News of Bangladesh သတင္းက ေဖာ္ျပပါတယ္။ ျမန္မာ တပ္ဖြဲ႔ေတြ ပစ္ခတ္ခဲ႔တဲ႔ ေမာ္တာ က်ည္ဆန္ ၂ ခု ဘဂၤလားေဒရွ္ကို စေနေန႔က က်ေရာက္ခဲ႔ၿပီးေနာက္မွာ ဘဂၤလားေဒရွ္႕ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေအာင္ေက်ာ္မိုးကို ဒါကာ ၿမိဳ႕ေတာ္က ႏိုင္ငံေတာ္ ဧည့္ေဂဟာ Padma ကို ဆင့္ေခၚၿပီး ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ႔ေၾကာင္း ႏိုင္ငံျခားေရး ဌာန တာ၀န္ရွိသူ Miah Md. Mainul Kabir က ေျပာတာကို ကိုးကားၿပီး Anadolu Agency ကလည္း ေဖာ္ျပပါတယ္။

ျမန္မာဘက္က လက္နက္က်ည္ေတြ ဘဂၤလားေဒရွ္႕ဘက္ကို က်ေရာက္ခဲ႔ၿပီးေနာက္ ၾသဂုတ္လ ၂၁ ရက္နဲ႔ ၾသဂုတ္လ ၂၈ ရက္ေန႔တို႔တုန္းကလည္း ဘဂၤလားေဒရွ္႕ ဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဆင့္ေခၚခံရသလိုဘဲ ျမန္မာႏိုင္ငံ ဆိုင္ရာ ဘဂၤလားေဒရွ္႕ သံရံုးကလည္း ျမန္မာႏိုင္ငံျခားေရး ဌာနထံ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေျပာဆိုထားေၾကာင္းလည္း ေဖာ္ျပပါတယ္။ သီတင္း ၂ ပတ္အတြင္း ၃ ႀကိမ္ ဆင့္ေခၚ ကန္႔ကြက္ခဲ့တယ္ဆိဲု႔ သတင္းနဲ႔ ပတ္သက္လို႔ ျမန္မာ စစ္ေကာင္စီ ဘက္ကေတာ့ တစုံတရာ ေျပာဆိုတာ မေတြ႕ရေသးပါဘူး။

ဒါေပမယ့္ ဘဂၤလားေဒရွ္႕နဲ႔ နယ္စပ္ ရခိုင္ေဒသတ၀န္းမွာေတာ့ ျမန္မာ စစ္တပ္နဲ႔ ရခိုင္ လက္နက္ကိုင္တပ္ ရခိုင့္တပ္ေတာ္ AA တို႔ၾကား စစ္ေရး လႈပ္ရွားမႈေတြ ရွိေနပါတယ္။ ဘဂၤလားေဒရွ္႕ဘက္ကို ျမန္မာဘက္က လူေတြ ထပ္ၿပီး ျဖတ္ေက်ာ္ မလာေစေရး အတြက္လည္း သံအမတ္ႀကီးကို ေျပာၾကားခဲ႔ေၾကာင္းနဲ႔ ျမန္မာ သံအမတ္ႀကီးကေတာ့ ဘဂၤလားေဒရွ္႕ အစိုးရရဲ႕ ျပင္းျပင္းထန္ထန္ ကန္႔ကြက္မႈကို ျမန္မာႏိုင္ငံျခားေရး ဌာန ရံုးခ်ဳပ္ကို တင္ျပေပးမယ့္ အေၾကာင္း ေျပာၾကားခဲ႔ေၾကာင္းလည္း သတင္းက ေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

နယ်စပ်ကျုးကျော်မှု စွပ်စွဲချက်နဲ့ မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ် ဆင့်ခေါ်ကန့်ကွက်


မြန်မာဘက်က လက်နက် ကျည်တွေ နယ်စပ်ဖြတ်ကျော်ကျရောက်မှု၊ နှစ်နိုင်ငံ နယ်စပ်မှာ မဆင်မခြင် ပစ်ခတ်မှုနဲ့ ဝေဟင် ပိုင်နက် ချိုးဖောက်မှု စွပ်စွဲချက်နဲ့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဌာနက တနင်္ဂနွေနေ့မှာ ဆင့်ခေါ် ကန့်ကွက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းတွေက တနင်္ဂနွေနေ့မှာ ဖော်ပြကြပါတယ်။

မြန်မာသံအမတ်ကို တနင်္ဂနွေနေ့မှာ ထပ်မံဆင့်ခေါ်ခဲ့ပြီး ကန့်ကွက်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး AK Abdul Momen က ဝန်ကြီးဌာနမှာ သတင်းထောက်တွေကို ပြောဆိုခဲ့ကြောင် United News of Bangladesh သတင်းက ဖော်ပြပါတယ်။ မြန်မာ တပ်ဖွဲ့တွေ ပစ်ခတ်ခဲ့တဲ့ မော်တာ ကျည်ဆန် ၂ ခု ဘင်္ဂလားဒေရှ်ကို စနေနေ့က ကျရောက်ခဲ့ပြီးနောက်မှာ ဘင်္ဂလားဒေရှ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဒါကာ မြို့တော်က နိုင်ငံတော် ဧည့်ဂေဟာ Padma ကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေး ဌာန တာဝန်ရှိသူ Miah Md. Mainul Kabir က ပြောတာကို ကိုးကားပြီး Anadolu Agency ကလည်း ဖော်ပြပါတယ်။

မြန်မာဘက်က လက်နက်ကျည်တွေ ဘင်္ဂလားဒေရှ့်ဘက်ကို ကျရောက်ခဲ့ပြီးနောက် သြဂုတ်လ ၂၁ ရက်နဲ့ သြဂုတ်လ ၂၈ ရက်နေ့တို့တုန်းကလည်း ဘင်္ဂလားဒေရှ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဆင့်ခေါ်ခံရသလိုဘဲ မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေရှ့် သံရုံးကလည်း မြန်မာနိုင်ငံခြားရေး ဌာနထံ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုထားကြောင်းလည်း ဖော်ပြပါတယ်။ သီတင်း ၂ ပတ်အတွင်း ၃ ကြိမ် ဆင့်ခေါ် ကန့်ကွက်ခဲ့တယ်ဆိဲု့ သတင်းနဲ့ ပတ်သက်လို့ မြန်မာ စစ်ကောင်စီ ဘက်ကတော့ တစုံတရာ ပြောဆိုတာ မတွေ့ရသေးပါဘူး။

ဒါပေမယ့် ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ် ရခိုင်ဒေသတဝန်းမှာတော့ မြန်မာ စစ်တပ်နဲ့ ရခိုင် လက်နက်ကိုင်တပ် ရခိုင့်တပ်တော် AA တို့ကြား စစ်ရေး လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဘင်္ဂလားဒေရှ့်ဘက်ကို မြန်မာဘက်က လူတွေ ထပ်ပြီး ဖြတ်ကျော် မလာစေရေး အတွက်လည်း သံအမတ်ကြီးကို ပြောကြားခဲ့ကြောင်းနဲ့ မြန်မာ သံအမတ်ကြီးကတော့ ဘင်္ဂလားဒေရှ့် အစိုးရရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကို မြန်မာနိုင်ငံခြားရေး ဌာန ရုံးချုပ်ကို တင်ပြပေးမယ့် အကြောင်း ပြောကြားခဲ့ကြောင်းလည်း သတင်းက ဖော်ပြပါတယ်။

XS
SM
MD
LG