သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

AA နဲ႔ ALP ရခိုင္ ၂ ဖဲြ႕ တပ္ဖဲြ႕ဝင္ေတြ အျပန္အလွန္ဖမ္းဆီး


ရကၡိဳင့္တပ္မေတာ္ AA ဗိုလ္သင္တန္းဆင္းပဲြအခမ္းအနား (ဓါတ္ပံု- AA Info Desk)

ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီက ဒုဗုိလ္မွဴးႀကီး ခိုင္ေပၚလင္းကို ဖမ္းဆီးတဲ့ထဲပါဝင္တဲ့ AAတပ္ဖြဲ႔ဝင္ေတြကို ALPပါတီက ျပန္လည္ဖမ္းဆီးေနတာျဖစ္ၿပီး မေန႔ကလည္း စစ္ေတြၿမိဳ႕ ေနထိုင္သူ အမ်ိုးသားတဦးကို ALPပါတီက ဖမ္းဆီးခဲ့တယ္လို႔ ALPပါတီဖက္ ကေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို ကိုဝင္းခန္႔ေမာင္ က တင္ျပေပးပါမယ္။

AA နဲ႔ ALP ရခိုင္ ၂ ဖဲြ႕ တပ္ဖဲြ႕ဝင္ေတြ အျပန္အလွန္ဖမ္းဆီး

{{Zawgyi/Unicode}}
ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP က ဒုဗုိလ္မွဴးႀကီး ခိုင္ေပၚလင္းကို ဖမ္းဆီးတဲ့ထဲပါဝင္တဲ့ AAတပ္ဖြဲ႔ဝင္ေတြကို ALPပါတီက ျပန္လည္ဖမ္းဆီးေနတာျဖစ္ၿပီး မေန႔ကလည္း စစ္ေတြၿမိဳ႕ နာဇီေက်းရြာမွာ ေနထိုင္သူ အမ်ိုးသားတဦးကို ALPပါတီက ဖမ္းဆီးခဲ့တယ္လို႔ ALPပါတီဖက္ ကေျပာပါတယ္။ ဘယ္အဖြဲ႔အစည္းကပဲျဖစ္ျဖစ္ ပါတီဝင္ေတြကို ထိခိုက္လာရင္ လုပ္သင့္ လုပ္ ထိုက္တာေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ALPပါတီရဲ႕ ဒုတိယဗုိလ္မွဴးႀကီး ခိုင္ေက်ာ္စုိး ကေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္ကလာတဲ့ သတင္းကို ကိုဝင္းခန္႔ေမာင္ က တင္ျပေပးပါမယ္။

ရခိုင္ျပည္လြတ္ေျမာက္ေရးပါတီ ALP က ဒုဗုိလ္မွဴးႀကီး ခိုင္ေပၚလင္းကို ဖမ္းဆီးတဲ့ထဲပါဝင္တယ္ ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္ေတြၿမိဳ႕ နာဇီေက်းရြာမွာ ေနထိုင္သူတဦးကို မေန႔က ေန႔လည္ပိုင္းက ALPပါတီဝင္ေတြက သြားေရာက္ဖမ္းဆီးခဲ့တယ္လို႔ ALPပါတီရဲ႕ ဒုတိယဗုိလ္မွဴးႀကီး ခိုင္ေက်ာ္စုိး ကေျပာပါတယ္။


“က်ေနာ္တို႔ကို သတင္းေပးတဲ့ အခ်က္အလက္ခိုင္မာမွ က်ေနာ္တို႔ရဲ႕ ဒုဗုိုလ္မွဴးႀကီး ခိုင္ေပၚ လင္းကို ဖမ္းတဲ့သူေတြ အဲဒီလူေတြကို မ်က္ျမင္သက္ေသေတြနဲ႔ ေသေသခ်ာခ်ာ သတင္းအခ်က္အလက္ခိုင္မာမွ အဲဒီလူေတြကို က်ေနာ္တို႔က လိုက္ဖမ္းတာ။”

မေန႔က ဖမ္းဆီးခံရသူရဲ႕ ေနအိမ္ကို သြားေရာက္ဖမ္းဆီးတဲ့ အခါ ေသနတ္ပစ္သံတခ်က္ၾကား လိုက္တယ္လို႔ နာဇီေက်းရြာ ေဒသခံေတြက ေျပာဆိုၾကေပမယ့္ ALP တပ္ဖြဲ႔ဝင္ေတြအေနနဲ႔ ေသနတ္ပစ္ေဖာက္ခဲ့တာမရွိဘူးလို႔လည္း ဒုတိယဗုိလ္မွဴးႀကီး ခိုင္ေက်ာ္စုိး ကေျပာပါတယ္။

“ က်ေနာ္တို႔ သြားဖမ္းတာက ၁နာရီခြဲ ၂နာရီဝန္းက်င္ေလာက္ရွိမယ္ထင္တယ္။ ေန႔လည္ ဒါေပမယ့္ ေသနတ္ပစ္ၿပီး ဖမ္းတာကေတာ့ မဟုတ္ပါဘူး။ သူကအိမ္ေပၚမွာ ေနတာ ဆိုေတာ့ က်ေနာ္တပ္ဖြဲ႔ဝင္ေတြ သြားၿပီးေတာ့ အိမ္ကို ဝိုင္းေတာ့ သူက ဆင္းေျပးတာ ဆင္းေျပးတဲ့ အခ်ိန္မွာ သူက ေသတၱာကို ကန္မိတာလားမသိ အသံတခု ဗံုး ဆိုၿပီးေတာ့ အသံတခု ထြက္ေတာ့ ျပည္သူေတြက လန္႔ေနၾကေတာ့ ေသနတ္ေဖာက္တယ္ဆိုၿပီးထင္တယ္။ ”

ရခိုင္ျပည္ လြတ္ေျမာက္ေရးပါတီALPဟာ NCAလမ္းေၾကာင္းကို သြားေနတဲ့ အဖြဲ႔ျဖစ္တာေၾကာင့္ လက္နက္အသံုးမျပဳသလို ရဲနဲ႔ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြကလည္း လိုအပ္ရင္ လံုၿခံဳ ေရးအရ လုပ္ေပးတာေတြရွိတယ္လို႔လည္း သူကဆိုပါတယ္။

အစိုးရနဲ႔ တနိုင္ငံလံုးပစ္ခတ္တို္က္ခိုက္မွုရပ္စဲေရးသေဘာတူစာခ်ုပ္ (NCA)မွာ လက္မွတ္ေရးထားထိုးတဲ့ အဖြဲ႔တခုျဖစ္ၿပီး အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေကာင္စီက ေခၚေဆာင္တဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကိုလည္း မၾကာခဏတက္ေရာက္တဲ့ အဖြဲ႔တခုလည္းျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ALPထိပ္ပိုင္းေခါင္းေဆာင္နွစ္ဦးနဲ႔ တပ္ဖြဲ႔ေတာ္ေတာ္မ်ားမ်ားကို ရခိုင္လက္နက္ကိုင္AAအဖြဲ႔ဖက္က ဖမ္းဆီးထားတယ္လို႔ ALPဖက္ကေျပာပါတယ္။

အခုလို ALPပါတီဝင္ေတြနဲ႔ တပ္ဖြဲ႔ဝင္မိသားစုေတြကို ဖမ္းဆီးသတ္ျဖတ္တာေတြ လုပ္ေနတဲ့ AAအပါအဝင္ ဘယ္အဖြဲ႔အစည္းမဆို လုပ္သင့္လုပ္ထိုက္တာေတြကို လုပ္ေဆာင္သြားမယ္လု႔ိ လည္း ALPပါတီရဲ႕ ဒုတိယဗုိလ္မွဴးႀကီး ခိုင္ေက်ာ္စုိး ကေျပာပါတယ္။

“ ULA/ AAလို႔ေတာ့ မဟုတ္ပါဘူး၊ တျခား ဘယ္အဖြဲ႕အစည္းပဲ ျဖစ္ျဖစ္ ဘယ္အသိုင္းအဝိုင္းပဲ ျဖစ္ျဖစ္ က်ေနာ္တို႔ တပ္ဖြဲ႔ဝင္ေတြ က်ေနာ္တို႔ ပါတီဝင္ မိသားစုေတြ အေပၚမွာ ရက္စက္ျပဳမွု တာေတြ ဖမ္းဆီးလာတာေတြ သတ္ျဖတ္တာေတြ လုပ္လာရင္ေတာ့ က်ေနာ္တို႔ဖက္က လုပ္သင့္လုပ္ထိုက္တာေတြကို လုပ္ရမွာပဲ။ အဲဒါက်ေနာ္တို႔ လုပ္ပိုင္ခြင့္ဆိုတာ က်ေနာ္တို႔ နားလည္ထားတယ္။ က်ေနာ္တို႔ တပ္ဖြဲ႔ဝင္ေတြကို ဖမ္းဆီးတာေတြ လုပ္တယ္ဆိုရင္ေတာ့ သူတို႔တပ္ဖြဲ႔ဝင္ေတြကို ဖမ္းရမွာ။ က်ေနာ္တို႔ လုပ္ပိုင္ခြင့္လို႔ က်ေနာ္တို႔ နားလည္ထားတယ္။”

ၿပီးခဲ့တဲ့ ႀသဂုတ္လ ၂ရက္ေန႔က ALPပါတီရဲ႕ ဗဟိုအလုပ္မွုေဆာင္ေကာ္မတီဝင္ ဒုဗိုလ္မွဴးႀကီး ခိုင္ေပၚလင္း နဲ႔ ပါတီဝင္ မိသားစုတေယာက္ရဲ႕ အ႒မတန္းေက်ာင္းသားတဦးကို ရခိုင္လက္ နက္ကိုင္AAအဖြဲ႔ဖက္က ဖမ္းဆီးခဲ့ၿပီးေနာက္ အခုလို အျပန္အလွန္ဖမ္းဆီးမွုေတြ ရွိလာတာ လည္းျဖစ္ပါတယ္။

အခုလိုရခိုင္လက္နက္ကိုင္အဖြဲ႔အစည္းနွစ္ခုၾကား အျပန္အလွမ္ဖမ္းဆီးမွုေတြနဲ႔ ပတ္သတ္ၿပီး ေမးျမန္းဖို႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႔ ေျပာခြင့္ရ ဦးခိုင္သုခကို ဗီြအိုေအက ဆက္သြယ္ခဲ့ ေပမယ့္လည္း ဖုန္းလက္ခံေျဖဆိုခဲ့ျခင္းမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

..........................

AA နဲ့ ALP ရခိုင် ၂ ဖွဲ့ တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ဖမ်းဆီး

{{Zawgyi/Unicode}}
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးတဲ့ထဲပါဝင်တဲ့ AAတပ်ဖွဲ့ဝင်တွေကို ALPပါတီက ပြန်လည်ဖမ်းဆီးနေတာဖြစ်ပြီး မနေ့ကလည်း စစ်တွေမြို့ နာဇီကျေးရွာမှာ နေထိုင်သူ အမျိုးသားတဦးကို ALPပါတီက ဖမ်းဆီးခဲ့တယ်လို့ ALPပါတီဖက် ကပြောပါတယ်။ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် ပါတီဝင်တွေကို ထိခိုက်လာရင် လုပ်သင့် လုပ် ထိုက်တာတွေ လုပ်ဆောင်သွားမယ်လို့လည်း ALPပါတီရဲ့ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး ကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဝင်းခန့်မောင် က တင်ပြပေးပါမယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ဖမ်းဆီးတဲ့ထဲပါဝင်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တွေမြို့ နာဇီကျေးရွာမှာ နေထိုင်သူတဦးကို မနေ့က နေ့လည်ပိုင်းက ALPပါတီဝင်တွေက သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ALPပါတီရဲ့ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး ကပြောပါတယ်။


“ကျနော်တို့ကို သတင်းပေးတဲ့ အချက်အလက်ခိုင်မာမှ ကျနော်တို့ရဲ့ ဒုဗိုလ်မှူးကြီး ခိုင်ပေါ် လင်းကို ဖမ်းတဲ့သူတွေ အဲဒီလူတွေကို မျက်မြင်သက်သေတွေနဲ့ သေသေချာချာ သတင်းအချက်အလက်ခိုင်မာမှ အဲဒီလူတွေကို ကျနော်တို့က လိုက်ဖမ်းတာ။”

မနေ့က ဖမ်းဆီးခံရသူရဲ့ နေအိမ်ကို သွားရောက်ဖမ်းဆီးတဲ့ အခါ သေနတ်ပစ်သံတချက်ကြား လိုက်တယ်လို့ နာဇီကျေးရွာ ဒေသခံတွေက ပြောဆိုကြပေမယ့် ALP တပ်ဖွဲ့ဝင်တွေအနေနဲ့ သေနတ်ပစ်ဖောက်ခဲ့တာမရှိဘူးလို့လည်း ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး ကပြောပါတယ်။

“ ကျနော်တို့ သွားဖမ်းတာက ၁နာရီခွဲ ၂နာရီဝန်းကျင်လောက်ရှိမယ်ထင်တယ်။ နေ့လည် ဒါပေမယ့် သေနတ်ပစ်ပြီး ဖမ်းတာကတော့ မဟုတ်ပါဘူး။ သူကအိမ်ပေါ်မှာ နေတာ ဆိုတော့ ကျနော်တပ်ဖွဲ့ဝင်တွေ သွားပြီးတော့ အိမ်ကို ဝိုင်းတော့ သူက ဆင်းပြေးတာ ဆင်းပြေးတဲ့ အချိန်မှာ သူက သေတ္တာကို ကန်မိတာလားမသိ အသံတခု ဗုံး ဆိုပြီးတော့ အသံတခု ထွက်တော့ ပြည်သူတွေက လန့်နေကြတော့ သေနတ်ဖောက်တယ်ဆိုပြီးထင်တယ်။ ”

ရခိုင်ပြည် လွတ်မြောက်ရေးပါတီALPဟာ NCAလမ်းကြောင်းကို သွားနေတဲ့ အဖွဲ့ဖြစ်တာကြောင့် လက်နက်အသုံးမပြုသလို ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း လိုအပ်ရင် လုံခြုံ ရေးအရ လုပ်ပေးတာတွေရှိတယ်လို့လည်း သူကဆိုပါတယ်။

အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထားထိုးတဲ့ အဖွဲ့တခုဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခေါ်ဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုလည်း မကြာခဏတက်ရောက်တဲ့ အဖွဲ့တခုလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ALPထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးနဲ့ တပ်ဖွဲ့တော်တော်များများကို ရခိုင်လက်နက်ကိုင်AAအဖွဲ့ဖက်က ဖမ်းဆီးထားတယ်လို့ ALPဖက်ကပြောပါတယ်။

အခုလို ALPပါတီဝင်တွေနဲ့ တပ်ဖွဲ့ဝင်မိသားစုတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေတဲ့ AAအပါအဝင် ဘယ်အဖွဲ့အစည်းမဆို လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်သွားမယ်လု့ိ လည်း ALPပါတီရဲ့ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုး ကပြောပါတယ်။

“ ULA/ AAလို့တော့ မဟုတ်ပါဘူး၊ တခြား ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ဘယ်အသိုင်းအဝိုင်းပဲ ဖြစ်ဖြစ် ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ကျနော်တို့ ပါတီဝင် မိသားစုတွေ အပေါ်မှာ ရက်စက်ပြုမှု တာတွေ ဖမ်းဆီးလာတာတွေ သတ်ဖြတ်တာတွေ လုပ်လာရင်တော့ ကျနော်တို့ဖက်က လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရမှာပဲ။ အဲဒါကျနော်တို့ လုပ်ပိုင်ခွင့်ဆိုတာ ကျနော်တို့ နားလည်ထားတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာတွေ လုပ်တယ်ဆိုရင်တော့ သူတို့တပ်ဖွဲ့ဝင်တွေကို ဖမ်းရမှာ။ ကျနော်တို့ လုပ်ပိုင်ခွင့်လို့ ကျနော်တို့ နားလည်ထားတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လ ၂ရက်နေ့က ALPပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်း နဲ့ ပါတီဝင် မိသားစုတယောက်ရဲ့ အဋ္ဌမတန်းကျောင်းသားတဦးကို ရခိုင်လက် နက်ကိုင်AAအဖွဲ့ဖက်က ဖမ်းဆီးခဲ့ပြီးနောက် အခုလို အပြန်အလှန်ဖမ်းဆီးမှုတွေ ရှိလာတာ လည်းဖြစ်ပါတယ်။

အခုလိုရခိုင်လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုကြား အပြန်အလှမ်ဖမ်းဆီးမှုတွေနဲ့ ပတ်သတ်ပြီး မေးမြန်းဖို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ ပြောခွင့်ရ ဦးခိုင်သုခကို ဗွီအိုအေက ဆက်သွယ်ခဲ့ ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။

XS
SM
MD
LG