သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Dhaka Tribune အယ်ဒီတာ့အာဘော် မြန်မာသံကန့်ကွက်


Dhaka Tribune အွန်လိုင်းသတင်းစာမျက်နှာ
Dhaka Tribune အွန်လိုင်းသတင်းစာမျက်နှာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ နေ့စဉ်ထုတ်ဝေတဲ့ Dhaka Tribune သတင်းစာရဲ့ မေလ ၁၁ ရက်နေ့က အယ်ဒီတာ့အာဘော်မှာ မြန်မာနိုင်ငံနဲ့ပါတ်သက်လို့ ရေးသားဖော်ပြချက်တွေဟာ မမှန်ကန်ကြောင်း Bangladesh ဆိုင်ရာ မြန်မာသံအမတ်ကြီးက တုံ့ပြန်ခဲ့ပါတယ်။

Body of Lies ခေါင်းစဉ်နဲ့ ရေးသားဖော်ပြခဲ့တဲ့ အယ်ဒီတာ့အာဘော်ထဲမှာ မြန်မာအစိုးရက သူတို့ရဲ့ လူမျိုးစုလိုက်ရှင်းလင်းဖယ်ရှားတဲ့ လုပ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာရုံပြောင်းနိုင်ဖို့ ARSA အကြမ်းဖက်အဖွဲ့အပေါ် အပြစ်ဖို့ဖို့ ကြိုးစားနေတာဟာ မြန်မာအစိုးရရဲ့ ထုံးစံဖြစ်တယ်လို့ ရေးသားဖော်ထားပါတယ်။

ဒါတင်မက မြန်မာစစ်တပ်အရာရှိတွေ ကျူးလွန်ခဲ့တဲ့ ထိတ်လန့်ဖွယ်ပြစ်မှုတွေကို မြန်မာက ဆက်ပြီးငြင်းဆန်နေတာဟာ ရှက်စရာဖြစ်တယ်လို့လည်း အဲဒီအယ်ဒီတာ့အာဘော်မှာ ဖော်ပြခဲ့ပါတယ်။ ဒါတွေနဲ့ပါတ်သက်လို့ မှားယွင်းနေကြောင်းကို သံအမတ်ကြီး ဦးလွင်ဦးက အချက်အလက်နဲ့ တုံ့ပြန်ချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်လို့လည်း နယ်မြေရှင်းလင်းရေးအတွင်း အထောက်အထားတွေ ဖျက်ဆီးခံရတာ ရှင်းနေချိန်မှာ။ ဒုက္ခသည်တွေ ဘယ်ကလာသလဲဆိုတဲ့ မူလအထောက်အထားတွေပြဖို့ အဓိပ္ပါယ်မရှိတဲ့ တောင်းဆိုမှုတွေ မြန်မာဖက်ကဆက်ပြီး လုပ်နေတယ်လို့Dhaka Tribune အယ်ဒီတာ့အာဘော်မှာရေးပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း Bangladesh နဲ့ မြန်မာကြားရရှိထားတဲ့ ဒုက္ခသည်လက်ခံရေး နားလည်မှုစာချွန်လွှာပါ အချက်တွေကို မသိလို့ဖြစ်ပါလိမ့်မယ်ဆိုပြီး မြန်မာသံအမတ်ကြီးက ပြန်လည် ချေပထားပါတယ်။ Dhaka Tribune သတင်းစာမှာ ရေးသားဖော်ပြချက်တွေဟာ မြန်မာနဲ့ Bangladesh ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်တာကြောင့် ခုလို သူကိုယ်တိုင်တုံ့ပြန်ရတာဖြစ်တယ်လို့လည်း Bangladesh ဆိုင်ရာ သံအမတ်ကြီး ဦးလွင်ဦးရဲ့တုံ့ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတုံ့ပြန်ချက် ထုတ်ပြန်ခဲ့ပြီးနောက် Dhaka Tribune သတင်းစာက Body of Lies ဆိုတဲ့ အယ်ဒီတာအာဘော်ကို Website ပေါ်ကနေ ဖယ်ရှားခဲ့တယ်လို့ Dhaka မှာရှိတဲ့ မြန်မာသံရုံးက ပြောပါတယ်။

Dhaka Tribune အယ်ဒီတာ့အာဘော် မြန်မာသံကန့်ကွက်
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG