သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ထဲရေး ဒုဝန်ကြီး နယ်စပ် ဗွီဒီယိုလူမှုကွန်ယက်မှာ ဝေဖန်ခံရ


နယ်စပ်ရှိ ရိုဟင်ဂျာစခန်းတခု (MOI)
နယ်စပ်ရှိ ရိုဟင်ဂျာစခန်းတခု (MOI)

ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ၂နိုင်ငံနယ်စပ်ကြားက Tambru ဒေသမှာ ထွက်ပြေးတိမ်းရှောင် နေကြတဲ့ ရိုဟင်ဂျာမူဆလင်တွေကို မြန်မာနိုင်ငံဘက်ပြန်လာကြဖို့ မြန်မာပြည်ထဲရေး ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုး က နယ်စပ်ကိုသွားပြီးပြောဆိုခဲ့ပါတယ်။ ဒီပြော ဆိုချက်ကိုရိုက်ကူးထားတဲ့ဗွီဒီယိုက အင်တာနက် လူမှုကွန်ယက် အတွင်းပြန့်နှံ့နေပါတယ်။ ဗိုလ်ချုပ်အောင်စိုးရဲ့ နယ်စပ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ပြောဆိုချက်ကိုလည်း ဝေဖန်မှုတွေရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိ့မ်မယ်။

ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်ကြားက Tambru ဒေသမှာရောက်နေ ကြတဲ့ ရိုဟင်ဂျာမူဆလင်တွေကို ပြီးခဲ့တဲ့သောကြာနေ့က သွားရောက်တွေ့ဆုံပြီး မြန်မာပြည်ဘက်ကိုပြန်လာ ကြဖို့ပြောခဲ့ ပါတယ်။

“ကျနော်တို့ကတော့ အစိုးရရဲ့ တာဝန်ပေးချက်အရ ခင်ဗျားတို့လူတွေ ပြန်လာချင်တယ်ဆိုတဲ့အတွက် ကျနော်တို့ကတော့ လာရောက်ခြင်းဖြစ်ပါတယ်။ ဒါကိုဆွေးနွေးတဲ့နည်းလမ်းကိုခင်ဗျားတို့မရွေးချယ်ဘူးဆိုရင်လည်း ကျနော်တို့ကတော့ ပြောစရာမရှိပါဘူး ခင်ဗျားတို့ဆုံးဖြတ်တဲ့အတိုင်းပါ။ ဒီထက်ပိုပြီးတော့ ဆွေးနွေးချင်သေးတယ်ဆိုရင် ဒီကနေ့ မပြန်ခင်အထိ ကျနော်တို့ စောင့်ဦးမှာပါ။ ခင်ဗျားတို့ဘက်က မလာတော့ဘူးဆိုရင် ဆွေးနွေးရေးလုပ်ငန်းစဉ် အားလုံးကို ရပ်ဆိုင်းပါမယ်။ ဒါကြောင့် ကျနော်တို့ အချိန်တခုထပ်ပေးပါတယ် ခင်ဗျားတို့စဉ်းစားလို့ ရအောင်၊ ခင်ဗျားတို့ မစဉ်းစားတော့ဘူး ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ကျနော်တို့ ပြန်ပါ့မယ်။”

ဗိုလ်ချုပ်အောင်စိုးရဲ့ပြောဆိုချက်ကို ဘာသာပြန်ကတဆင့် ရိုဟင်ဂျာတွေကိုပြောနေတဲ့အသံပါ။ ဒီပြောဆိုချက် ကိုရိုက်ကူးထားတဲ့ဗွီဒီယိုဖိုင်ကို မလေးရှားအခြေစိုက် အလွတ် သတင်းထောက် တဦးလည်းဖြစ် ရိုဟင်ဂျာအရေးကို အာရုံ စိုက်နေသူတဦးလည်းဖြစ်တဲ့ Anwar S Mohammed က သောကြာနေ့ ကပဲ Facebook အင်တာနက်လူမှုကွန်ယက်မှာ တင်ခဲ့ပြီး တခြားလူမှုကွန်ယက်တေ မှာလည်းပြန့်နှံ့နေတာပါ။

၂နိုင်ငံနယ်စပ်အကြားက Tambru ဒေသဟာ ဘင်္ဂလားဒေ့ရှ် နဲ့မြန်မာအကြား သူပိုင်တယ်၊ ငါပိုင်တယ် ဆိုပြီး အငြင်းပွါးနေတဲ့ No Man’s land နေရာပါ။

“ အခုပဲ ခင်ဗျားတို့ရှိနေတဲ့နေရာဟာ မြန်မာနိုင်ငံအစိုးရရဲ့ပိုင်နက်ထဲမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအစိုးရရဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာရှိတဲ့ နယ်မြေဖြစ်တဲ့အတွက် အစိုးရကတော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာပါပဲ။”

ဗွီဒီယိုထဲမှာမြင်ရ တာကတော့ ရိုဟင်ဂျာတွေက နယ်စပ်စည်းရိုးရဲ့ တဘက်မှာရှိပြီး ဗိုလ်ချုပ်အောင်စိုး က စည်းရိုးရဲ့တဘက်ကနေလှမ်းပြီး ပြောနေတာကိုတွေ့ရပါတယ်။ သူ့ရဲ့ပြောဆိုမှုမှာပါဝင်ခဲ့သလို ဒီနေရာဟာ မြန်မာအစိုးရရဲ့ပိုင်နက်ဖြစ်တယ်ဆိုတဲ့ အချက်ကိုဝေဖန်မှုတွေလည်းရှိနေပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေစဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်သြဂုတ်လကစပြီး Tambru ဒေသကိုထွက်ပြေးလာ ကြတဲ့ရိုဟင်ဂျာမူဆလင်တွေက ၆၅၀၀ရာကျော်ရှိတယ်လို့ ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ ထုတ် Dhaka Tribune သတင်း စာမှာဖေါ်ပြထားပါတယ်။

ဒီဒေသမှာရောက်နေကြတဲ့ရိုဟင်ဂျာတွေကတော့ မြန်မာပြည်ထဲရေးဒုဝန်ကြီးရဲ့ကမ်းလှမ်းချက် ကို လက်ခံနိုင်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့မြန်မာပြည်ကိုပြန်ရင် ရိုဟင်ဂျာ တိုင်းရင်းသားအဖြစ်သူတို့ကို မြန်မာအစိုးရက အသိအမှတ်ပြုမှာမဟုတ်လို့ပဲလို့ မောင်တော ဒေသက ထွက်ပြေးလာတဲ့ရိုဟင်ဂျာတဦးရဲ့ ပြောဆိုချက်ကို လည်း Dhaka Tribune သတင်းစာမှာဖေါ်ပြထားပါတယ်။

အဲဒီမှာရောက်နေတဲ့ ရိုဟင်ဂျာအမျိုးသမီး Julekha Khatunကလည်း နေ့ခင်းဘက် ဆို မြန်မာဘက်ကရဟတ်ယဉ်တွေသူတို့ရှိတဲ့နေရာအပေါ်မှာပျံသန်းပြီး ရဟတ်ယာဉ်ပေါ်ကနေ သေနတ်တွေနဲ့သူတို့ဘက်ကို ချိန်ထားတဲ့အကြောင်း၊ မြန်မာလက်နက်ကိုင် စစ်သားတွေလည်းနယ်စပ်မှာ ကင်းလှည့်နေတဲ့အကြောင်း၊ ဒီနေရာကနေထွက်ပေး ဖို့ မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့အရပ်ဘက်အရာရှိတွေက သူတို့ကို နေ့တိုင်းလာပြီး ခြိမ်းခြောက်မှုတွေရှိတဲ့အကြောင်း ရိုဟင်ဂျာအမျိုးသမီးရဲ့ပြောဆိုချက်ကို Dhaka Tribuneသတင်းမှာဖေါ်ပြထားပါတယ်။

အခုဆိုရင်သြဂုတ်လနောက်ပိုင်း မြန်မာပြည်ကထွက်ပြေးလာ တဲ့ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားဒေ့ချ်ဘက်မှာ ၆သိန်း၈သောင်း၉ထောင်ကျော်ရှိပြီလို့ ဘင်္ဂလားဒေ့ချ်အစိုးရကပြောပါ တယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကိုမြန်မာ ဘက်ကပြန်ပြီးလက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ၂နိုင်ငံသဘောတူညီချက် အရ ပြန်လာဖို့အစီအစဉ်ကို ပြီးခဲ့တဲ့လ ကတည်းကစတင်ခဲ့ပေမယ့်လည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ရိုဟင်ဂျာတွေပြန်ရောက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG