သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့ အာရှသံတမန်တွေ ရခိုင်မြောက်ပိုင်းသွားရောက်လေ့လာ


ကုလနဲ့ အာရှသံတမန်တွေ ရခိုင်မြောက်ပိုင်းသွားရောက်လေ့လာ (MOI)
ကုလနဲ့ အာရှသံတမန်တွေ ရခိုင်မြောက်ပိုင်းသွားရောက်လေ့လာ (MOI)

တကျော့ပြန် ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကို မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ ကုလသမဂ္ဂနဲ့ အာရှနိုင်ငံတွေက သံတမန်တွေ သွားရောက် လေ့လာခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Knut Ostby အပါအဝင် တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ စင်္ကာပူနိုင်ငံက သံတမန်တွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက တောင်ပြိုလက်ဝဲမြို့ကို မနေ့တုန်းက သွားရောက်ခဲ့ကြပြီး၊ မကြာသေးခင်က ပဋိပက္ခတွေကြောင့် ဒေသတွင်းက ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ့် လုပ်ငန်းတွေကို ကြည့်ရှုခဲ့ကြသလို၊ ဒုက္ခသည်တွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို လုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေရဲ့ နောက်ဆက်တွဲအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၆ သိန်းခွဲကျော် ရှိကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကြား သဘောတူထားပေမဲ့ အကောင်အထည် မဖော်နိုင်သေးပဲ ဖြစ်နေချိန်မှာပဲ သံတမန်တွေ သွားရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ နိုင်ငံတကာက စိုးရိမ်မကင်းသံတွေလည်း ဆက်လက်ထွက်ပေါ်နေတာပါ။

အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး Nikki Haley ဟာလည်း ကက်သလန်ခရစ်ယာန် သာသနာပိုင် ဗာတီကန် ကျောင်းတော်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Bernardito Auza နဲ့ နယူးယောက်မြို့မှာ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြကြောင်း မနေ့တုန်းကပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ပဋိပက္ခဖြစ်ရာ ဒေသကို သွားရောက်ခွင့်ပြုဖို့၊ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ခွင့်ရဖို့တွေကို ဆွေးနွေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်က ဖော်ပြခဲ့ပါတယ်။

ကုလနဲ့ အာရှသံတမန်တွေ ရခိုင်မြောက်ပိုင်းသွားရောက်လေ့လာ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG