သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာနာကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် မြန်မာစစ်တပ်ကို ဂျပန်ထောက်ပံ့မည်


ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ အထူးအကြံပေး Kentaro Sonoura
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ အထူးအကြံပေး Kentaro Sonoura

လူသားချင်းစာနာမှု အထောက်ကူပေးရေးနဲ့ သဘာဝအန္တရာယ်ကျရောက်မှုဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုတွေမှာ မြန်မာစစ်တပ်ရဲ့ စွမ်းဆောင်ရည်တိုးမြင့်လာအောင် ဂျပန်စစ်တပ်က ဆက်လက်ကူညီမှာ ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ အထူးအကြံပေး Kentaro Sonoura က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေးဟာ မြန်မာနိုင်ငံ လုံခြုံရေးအကြံပေး ဦးသောင်းထွန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ပြောကြားခဲ့တာ ဖြစ်ပြီး နိုင်ငံတကာက စိုးရိမ်နေတဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကလက်ခံမယ့် အနေထားမျိုးနဲ့ ဖြေရှင်းနိုင်ရေး အရေးပါကြောင်းလည်း ပြောကြားခဲ့တယ်လို့ Nikke Asia သတင်းမှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်အစိုးရက ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်အတွက် အကူညီပေးမှုတွေ ရပ်ဆိုင်းခဲ့သလို ထိုင်းနိုင်ငံမှာ လာမယ့် အင်္ဂါနေ့ စတင်မယ့် ရွှေမြွေဟောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ လေ့လာသူအနေနဲ့ တက်ရောက်မယ့် မြန်မာကို စာရင်းထဲကနေ ဖျက်ပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တောင်းဆိုခဲ့ကြတာပါ။

ဇန်နဝါရီလထဲမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နဲ့ တွေ့ဆုံခဲ့တဲ့ Sonoura က ကြာသပတေးနေ့ မြန်မာလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနဲ့ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုချက်တွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေးအတွက် အချိန်အတိအကျပြောဖို့နဲ့ လုံခြုံစွာ ပြန်ပို့ရေးအတွက် အစီစဉ်တွေ ချပေးဖို့ ဘင်္ဂလားဒေ့ရှ်က တောင်းဆိုနေပေမယ့် ဒီကိစ္စမျိုးကို အမြန်လုပ်ဆောင်ရင် ပိုဆိုးနိုင်တဲ့အတွက် ၂ နိုင်ငံကြား တဆင့်ပြီးတဆင့် သဘောတူညီချက်တွေ ချပြီး လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာပါ။ ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေနဲ့ ဒုက္ခသည်တွေပါ ပါဝင်ဆွေးနွေးဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တာကိုလည်း ဖေါ်ပြထားပါတယ်။

စာနာကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် မြန်မာစစ်တပ်ကို ဂျပန်ထောက်ပံ့မည်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG