သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂႏၱဝင္ ေဘာလံုးသမားႀကီး မာရာဒိုနာရဲ႕ ေနာက္ဆံုးခရီး က်င္းပၿပီးစီး


ကမာၻေက်ာ္ေဘာလုံးသမား Diego Maradona ရဲ႕ စ်ာပနအခမ္းအနား။ (ႏိုဝင္ဘာ ၂၆၊ ၂၀၂၀)

[Zawgyi/Unicode]

ကမာၻေက်ာ္ေဘာလုံးသမား Diego Maradona ရဲ႕ နာေရးအခမ္းအနားကိုေတာ့ မေန႔ ၾကာသပေတးေန႔က က်င္းပခဲ့ၿပီး၊ ေျမျမဳပ္သၿဂိဳဟ္ခဲ့ၾကပါတယ္။ မိသားစု၀င္ေတြနဲ႔ သီးသန္႔က်င္းပခဲ့တဲ့ မာရာဒိုနာရဲ႕ နာေရးအခမ္းအနားကို လူ ၂ ဒါဇင္ပဲ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ Jardin Bella Vista သုႆန္မွာ လုပ္တဲ့ ဒီနာေရးအခမ္းအနားကို မိသားစု၀င္ေတြ နဲ႔ အလြန္နီးစပ္တဲ့ မိတ္ေဆြသူငယ္ခ်င္းေတြပဲ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။ မာရာဒိုနာရဲ႕ ႐ုပ္အေလာင္းကိုေတာ့ သူ႕ရဲ႕မိဘ ၂ ပါး အုတ္ဂူေဘးမွာ ျမွဳပ္ႏွံခဲ့တာျဖစ္ပါတယ္။

အေစာပိုင္းတုန္းကေတာ့ မာရာဒိုနာရဲ႕ ႐ုပ္အေလာင္းကို အာဂ်င္တီးနားျပည္သူေတြ ေနာက္ဆုံး ႏႈတ္ဆက္ဂုဏ္ျပဳႏုိင္ဖို႔အတြက္ သမၼတအိမ္ေတာ္မွာ ႏုိင္ငံေခါင္းေဆာင္ေတြကို ဂုဏ္ျပဳသလိုမ်ိဳး လုပ္ခဲ့ၿပီး လူေတြ ေသာင္းနဲ႔ခ်ီၿပီးတက္ေရာက္ ဂုဏ္ျပဳခဲ့ၾကပါတယ္။ မနက္ ၆ နာရီကေနစၿပီး ၁၂ နာရီၾကာ အာဂ်င္တီးနားျပည္သူေတြ ဂုဏ္ျပဳခဲ့ၾကၿပီးတဲ့ေနာက္ မေန႔ညေန ၆ နာရီေက်ာ္မွာေတာ့ မာရာဒိုနာရဲ႕ မိသားစုက သူ႔ကို ျမွုဳပ္ႏွံဖို႔ လုပ္ခဲ့တာေၾကာင့္ အေတာ္မ်ားမ်ားလည္း ေနာက္ဆုံးဂုဏ္ျပဳႏႈတ္ဆက္ခြင့္ မရဘဲ ျဖစ္ခဲ့ပါတယ္။ မာရာဒိုနာရဲ႕ ႐ုပ္အေလာင္းကို ေနာက္ဆုံးႏႈတ္ဆက္ဖို႔ တန္းစီေစာင့္ေနတဲ့သူေတြကို ရဲေတြက တားဆီးၿပီး ေပးမ၀င္ေတာ့တာေၾကာင့္ ရဲေတြနဲ႔ ပဋိပကၡေတြျဖစ္ခဲ့ၿပီး၊ ပရိသတ္ေတြက ရဲေတြကို ခဲေတြနဲ႔ပစ္ေပါက္ၿပီး ရဲေတြကေတာ့ ရာဘာက်ည္ဆန္ေတြနဲ႔ ျပန္ပစ္ခတ္တာေတြအထိျဖစ္ခဲ့ပါတယ္။

မာရာဒိုနာရဲ႕ ႐ုပ္အေလာင္းသယ္ေဆာင္တဲ့ကားကို လုံၿခဳံေရးေတြ အေတာ္ေလးထူထူထပ္ထပ္ခ်ၿပီး သယ္ေဆာင္ခဲ့ရၿပီး သယ္ေဆာင္ခဲ့တဲ့ လမ္းတေလွ်ာက္ အာဂ်င္တီးနားျပည္သူေတြက အလံေတြကို ေ၀ွ႔ယမ္းၿပီး ဂုဏ္ျပဳခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂန္တဝင် ဘောလုံးသမားကြီး မာရာဒိုနာရဲ့ နောက်ဆုံးခရီး ကျင်းပပြီးစီး

ကမ္ဘာကျော်ဘောလုံးသမား Diego Maradona ရဲ့ နာရေးအခမ်းအနားကိုတော့ မနေ့ ကြာသပတေးနေ့က ကျင်းပခဲ့ပြီး၊ မြေမြုပ်သဂြိုဟ်ခဲ့ကြပါတယ်။ မိသားစုဝင်တွေနဲ့ သီးသန့်ကျင်းပခဲ့တဲ့ မာရာဒိုနာရဲ့ နာရေးအခမ်းအနားကို လူ ၂ ဒါဇင်ပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ Jardin Bella Vista သုဿန်မှာ လုပ်တဲ့ ဒီနာရေးအခမ်းအနားကို မိသားစုဝင်တွေ နဲ့ အလွန်နီးစပ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မာရာဒိုနာရဲ့ ရုပ်အလောင်းကိုတော့ သူ့ရဲ့မိဘ ၂ ပါး အုတ်ဂူဘေးမှာ မြှုပ်နှံခဲ့တာဖြစ်ပါတယ်။

အစောပိုင်းတုန်းကတော့ မာရာဒိုနာရဲ့ ရုပ်အလောင်းကို အာဂျင်တီးနားပြည်သူတွေ နောက်ဆုံး နှုတ်ဆက်ဂုဏ်ပြုနိုင်ဖို့အတွက် သမ္မတအိမ်တော်မှာ နိုင်ငံခေါင်းဆောင်တွေကို ဂုဏ်ပြုသလိုမျိုး လုပ်ခဲ့ပြီး လူတွေ သောင်းနဲ့ချီပြီးတက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။ မနက် ၆ နာရီကနေစပြီး ၁၂ နာရီကြာ အာဂျင်တီးနားပြည်သူတွေ ဂုဏ်ပြုခဲ့ကြပြီးတဲ့နောက် မနေ့ညနေ ၆ နာရီကျော်မှာတော့ မာရာဒိုနာရဲ့ မိသားစုက သူ့ကို မြှုုပ်နှံဖို့ လုပ်ခဲ့တာကြောင့် အတော်များများလည်း နောက်ဆုံးဂုဏ်ပြုနှုတ်ဆက်ခွင့် မရဘဲ ဖြစ်ခဲ့ပါတယ်။ မာရာဒိုနာရဲ့ ရုပ်အလောင်းကို နောက်ဆုံးနှုတ်ဆက်ဖို့ တန်းစီစောင့်နေတဲ့သူတွေကို ရဲတွေက တားဆီးပြီး ပေးမဝင်တော့တာကြောင့် ရဲတွေနဲ့ ပဋိပက္ခတွေဖြစ်ခဲ့ပြီး၊ ပရိသတ်တွေက ရဲတွေကို ခဲတွေနဲ့ပစ်ပေါက်ပြီး ရဲတွေကတော့ ရာဘာကျည်ဆန်တွေနဲ့ ပြန်ပစ်ခတ်တာတွေအထိဖြစ်ခဲ့ပါတယ်။

မာရာဒိုနာရဲ့ ရုပ်အလောင်းသယ်ဆောင်တဲ့ကားကို လုံခြုံရေးတွေ အတော်လေးထူထူထပ်ထပ်ချပြီး သယ်ဆောင်ခဲ့ရပြီး သယ်ဆောင်ခဲ့တဲ့ လမ်းတလျှောက် အာဂျင်တီးနားပြည်သူတွေက အလံတွေကို ဝှေ့ယမ်းပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG