သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွေ ပဲ ပိုစားပြီး အသားကြီးလျှော့စားကြဖို့ ပညာရှင်တွေတိုက်တွန်း


ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်၊ ကုလားပဲနှင့် ပဲစင်းငုံ
ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်၊ ကုလားပဲနှင့် ပဲစင်းငုံ

အမေရိကန်ပြည်သူတွေအနေနဲ့ ပဲအမျိုးမျိုးကို ပိုမိုစားသုံးပြီး အဆီများတဲ့အနီရောင်အသားတွေ၊ ရေရှည်ခံအောင်လုပ်ထားတဲ့အသားတွေ နဲ့ ကစီဓါတ်များတဲ့ အစားအစားတွေကို လျှော့စားဖို့ အစာအာဟာရဆိုင်ရာကျွမ်းကျင်သူတွေက တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် သကြား၊ ဆိုဒီယမ် (ဆားဓာတ်) နဲ့ ပြည့်ဝဆီတွေကိုလည်း ဆက်ပြီးတော့ အကန့်အသတ်နဲ့သာသုံးဖို့ကိုလည်း အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် အစာအာဟာရဆိုင်ရာ လမ်းညွှန်ချက်ထဲမှာ ပြောထားပါတယ်။

ဒါပေမဲ့လည်း အဖွဲ့ဝင် ၂၀ ပါဝင်တဲ့ အကြံပေးအဖွဲ့ကတော့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေနဲ့ ဆက်စပ်နေတဲ့ ရေရှည်ခံအောင်လုပ်ထားတဲ့ အစားအသောက်တွေရဲ့ အခန်းကဏ္ဍတွေ တိုးလာနေတာနဲ့ ပတ်သက်ပြီး အလေးပေးပြောဆိုခြင်း မရှိခဲ့ဘဲ လူတွေအနေနဲ့ ဒါတွေကို ရှောင်ဖို့ရာပြောဖို့အတွက် လုံလောက်တဲ့ သက်သေ အထောက်အထားမရှိဘူးလို့ ပြောပါတယ်။

ခြုံပြောရရင်တော့ ၂၀၂၅ ကနေ ၂၀၃၀ ခုနှစ်အတွင်း အစာအစာလမ်းညွှန်ချက်ထဲမှာ အကြံပေးချက် တွေဟာ အမေရိကန်တွေနဲ့ရင်းနှီးပြီးသားကိစ္စတွေဖြစ်တယ်လို့ စားသောက်ကုန်မူဝါဒရေးရာ ကျွမ်းကျင်သူ Marion Nestle က ပြောပါတယ်။ ‘ဒီလမ်းညွှန်ချက်က ၁၉၈၀ လောက်ကတည်းက ထုတ်လာတဲ့ လမ်းညွှန်ချက်တွေနဲ့ အတူတူပါပဲ၊ ဟင်းသီးဟင်းရွက်စားရမယ်၊ သကြား၊ ဆား၊ ပြည့်ဝဆီတွေများတဲ့ အစားအစာတွေ လျှော့စားဖို့ ဖြစ်တယ်’လို့ သူက အီးမေးလ်ကနေ ပြောထားပါတယ်။

အသက် ၂ နှစ်ကနေ အထက် လူတွေအတွက် ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ အစေ့အဆံ၊ ငါးနဲ့ ဟင်းသီးဟင်းရွက်ဆီတို့ဟာ ကျန်းမာရေးနဲ့ ပိုပြီးတော့ ညီညွတ်တဲ့ အစားအစာတွေ ဖြစ်တယ်လို့ အစာအာဟာရဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG