သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားသတင္းစာဆရာက သူရရွိတဲ့ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ယူကရိန္းအတြက္ ေလလံတင္ေရာင္း


Russia Media Novaya Gazeta

[[Zawgyi/Unicode]]

႐ုရွား သတင္းစာဆရာ Dmitry Muratov က သူ ရရွိခဲ့တဲ့ ၿငိမ္းခ်မ္းေရး ႏိုဘယ္ဆု တံဆိပ္ ကို ယူကရိန္း ဒုကၡသည္ ကေလးေတြအတြက္ ဒီေန႔ တနလၤာေန႔ မွာ ေလလံပစ္ၿပီး ကုလသမဂၢ ကေလးမ်ား ရံပုံေငြ အဖြဲ႕ (UNICEF) ကို တိုက္႐ိုက္ လႉဒါန္းသြားမွာ ျဖစ္ပါတယ္။

ဆုတံဆိပ္ ကို ေလလံပစ္ ဖို႔ စိတ္ကူး ဟာ သူ႔ ရဲ႕ စိတ္ကူးျဖစ္ၿပီး၊ ဆုရရွိခဲ့တဲ့ ေဒၚလာ ၅ သိန္းကိုလည္း လႉဒါန္းဖို႔ ေၾကညာခဲ့ၿပီး ျဖစ္ပါတယ္။ ခုလို လႉဒါန္းတာ ဟာ “ကေလးဒုကၡသည္ေတြ အတြက္ အနာဂတ္ အခြင့္အလမ္းတစ္ရပ္ ကို ေပးဖို႔ ျဖစ္ပါတယ္” လို႔ သူ က ဆိုပါတယ္။

ေလလံ ပစ္ပြဲ ကို နယူးေယာက္ ၿမိဳ႕ေတာ္မွာ ဒီကေန႔ အေမရိကန္ အေရွ႕ကမ္း စံေတာ္ခ်ိန္ ေန႔လည္ မွာ က်င္းပမွာျဖစ္ပါတယ္။ သူ ဟာ ႐ုရွားကေန ၾကာသပေတးေန႔ က ထြက္ခြါလာခဲ့ၿပီး ျဖစ္ပါတယ္။ အင္တာနက္ စာမ်က္ႏွာ ကလည္း ေလလံေခၚထားခဲ့ၿပီး၊ တနလၤာေန႔ မနက္ပိုင္းအထိ အျမင့္ဆုံး ကမ္းလွမ္းေငြ က အေမရိကန္ ေဒၚလာ ၅ သိန္း ၅ ေသာင္း ရွိေနၿပီ ျဖစ္ပါတယ္။ Heritage Auctions က ေလလံပြဲ ကို ဦးစီး က်င္းပေပးမွာ ျဖစ္ၿပီး၊ ေလလံရေငြ ကေန ဘာ အခေၾကးေငြကိုမွ မယူဘူး လို႔ ေျပာပါတယ္။ ေလလံဆြဲေငြ ကို ယူနီဆက္ဖ္ ကိုလည္း တိုက္႐ိုက္ ေပးႏိုင္တယ္လို႔ ေၾကညာထားပါတယ္။

Dmitry Muratov ဟာ Novaya Gazeta ႐ုရွား သတင္းစာ ရဲ႕ အယ္ဒီတာခ်ဳပ္ ျဖစ္ၿပီး၊ ႏိုဘယ္ ၿငိမ္းခ်မ္း‌ေရးဆု ကို ဖိလစ္ပိုင္ က သတင္းစာဆရာ Maria Ressa နဲ႔ ၂၀၂၁ ခုႏွစ္မွာ ပူးတြဲ ရရွိခဲ့တာပါ။ သူ ဟာ ခ႐ိုင္းမီးယား ကြၽန္းဆြယ္ ကို ႐ုရွား က ၂၀၁၄ ခုႏွစ္ မွာ သိမ္းပိုက္တာကိုေရာ၊ ေဖေဖာ္ဝါရီလ က ယူကရိန္း ကို က်ဴးေက်ာ္ခဲ့တာကိုပါ ေဝဖန္ခဲ့သူ ျဖစ္ပါတယ္။ သူ႔ သတင္းစာ ဟာ မတ္လ မွာ အပိတ္ခံခဲ့ရပါတယ္။ ဧၿပီလတုန္း က ႐ုရွား ရထားေပၚ အတက္မွာ ေဆးနီေတြ ပက္ၿပီး အတိုက္ခိုက္လည္း ခံခဲ့ရသူပါ။

သည္မတိုင္မီ DNA ရဲ႕ ဖြဲ႕စည္းတည္ေဆာက္ထားပုံ ကို ေတြ႕ရွိခဲ့လို႔ ႏိုဘယ္ဆုရခဲ့တဲ့ James Watson ဟာ ၂၀၁၄ မွာ သူ႔ ရဲ႕ ဆုတံဆိပ္ ကို ေလလံတင္ ေရာင္းခ်ခဲ့ရာမွာ ေဒၚလာ ၄.၇၆ သန္း ရရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========================

[[Unicode]]

ရုရှားသတင်းစာဆရာက သူရရှိတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ယူကရိန်းအတွက် လေလံတင်ရောင်း

ရုရှား သတင်းစာဆရာ Dmitry Muratov က သူ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆု တံဆိပ် ကို ယူကရိန်း ဒုက္ခသည် ကလေးတွေအတွက် ဒီနေ့ တနင်္လာနေ့ မှာ လေလံပစ်ပြီး၊ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ (UNICEF) ကို တိုက်ရိုက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ဆုတံဆိပ် ကို လေလံပစ် ဖို့ စိတ်ကူး ဟာ သူ့ ရဲ့ စိတ်ကူးဖြစ်ပြီး၊ ဆုရရှိခဲ့တဲ့ ဒေါ်လာ ၅ သိန်းကိုလည်း လှူဒါန်းဖို့ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ခုလို လှူဒါန်းတာ ဟာ “ကလေးဒုက္ခသည်တွေ အတွက် အနာဂတ် အခွင့်အလမ်းတစ်ရပ် ကို ပေးဖို့ ဖြစ်ပါတယ်” လို့ သူ က ဆိုပါတယ်။

လေလံ ပစ်ပွဲ ကို နယူးယောက် မြို့တော်မှာ ဒီကနေ့ အမေရိကန် အရှေ့ကမ်း စံတော်ချိန် နေ့လည် မှာ ကျင်းပမှာဖြစ်ပါတယ်။ သူ ဟာ ရုရှားကနေ ကြာသပတေးနေ့ က ထွက်ခွါလာခဲ့ပြီး ဖြစ်ပါတယ်။ အင်တာနက် စာမျက်နှာ ကလည်း လေလံခေါ်ထားခဲ့ပြီး၊ တနင်္လာနေ့ မနက်ပိုင်းအထိ အမြင့်ဆုံး ကမ်းလှမ်းငွေ က အမေရိကန် ဒေါ်လာ ၅ သိန်း ၅ သောင်း ရှိနေပြီ ဖြစ်ပါတယ်။ Heritage Auctions က လေလံပွဲ ကို ဦးစီး ကျင်းပပေးမှာ ဖြစ်ပြီး၊ လေလံရငွေ ကနေ ဘာ အခကြေးငွေကိုမှ မယူဘူး လို့ ပြောပါတယ်။ လေလံဆွဲငွေ ကို ယူနီဆက်ဖ် ကိုလည်း တိုက်ရိုက် ပေးနိုင်တယ်လို့ ကြေညာထားပါတယ်။

Dmitry Muratov ဟာ Novaya Gazeta ရုရှား သတင်းစာ ရဲ့ အယ်ဒီတာချုပ် ဖြစ်ပြီး၊ နိုဘယ် ငြိမ်းချမ်း‌ရေးဆု ကို ဖိလစ်ပိုင် က သတင်းစာဆရာ Maria Ressa နဲ့ ၂၀၂၁ ခုနှစ်မှာ ပူးတွဲ ရရှိခဲ့တာပါ။ သူ ဟာ ခရိုင်းမီးယား ကျွန်းဆွယ် ကို ရုရှား က ၂၀၁၄ ခုနှစ် မှာ သိမ်းပိုက်တာကိုရော၊ ဖေဖော်ဝါရီလ က ယူကရိန်း ကို ကျူးကျော်ခဲ့တာကိုပါ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။ သူ့ သတင်းစာ ဟာ မတ်လ မှာ အပိတ်ခံခဲ့ရပါတယ်။ ဧပြီလတုန်း က ရုရှား ရထားပေါ် အတက်မှာ ဆေးနီတွေ ပက်ပြီး အတိုက်ခိုက်လည်း ခံခဲ့ရသူပါ။

သည်မတိုင်မီ DNA ရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံ ကို တွေ့ရှိခဲ့လို့ နိုဘယ်ဆုရခဲ့တဲ့ James Watson ဟာ ၂၀၁၄ မှာ သူ့ ရဲ့ ဆုတံဆိပ် ကို လေလံတင် ရောင်းချခဲ့ရာမှာ ဒေါ်လာ ၄.၇၆ သန်း ရရှိခဲ့ပါတယ်။

==========================

XS
SM
MD
LG