သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့်အပေါ် အရေးယူနိုင်တဲ့ အထောက်အထားတွေ တရားရေးဌာနထုတ်ပြန်


သမ္မတဟောင်းနဲ့လက်ရှိရွေးကောက်ခံသမ္မတ ထရမ့်နဲ့ သူ့ရဲ့ဒုတိယသက်တမ်းရှုံးနိမ့်ချိန်ရွေးကောက်ပွဲရလု်တွေကို စစ်ဆေးခဲ့တဲ့ တရားရေးဌာနက အထူးစုံစမ်းစစ်ဆေးရေးမှူး Jack Smith (ယာ) တို့ရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။
သမ္မတဟောင်းနဲ့လက်ရှိရွေးကောက်ခံသမ္မတ ထရမ့်နဲ့ သူ့ရဲ့ဒုတိယသက်တမ်းရှုံးနိမ့်ချိန်ရွေးကောက်ပွဲရလု်တွေကို စစ်ဆေးခဲ့တဲ့ တရားရေးဌာနက အထူးစုံစမ်းစစ်ဆေးရေးမှူး Jack Smith (ယာ) တို့ရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တဲ့ရလဒ်ကိုပြောင်းလဲပစ်ဖို့ ကြိုးပမ်းခဲ့တာနဲ့ပတ်သက်ပြီး လက်ရှိ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ကို အရေးယူနိုင်တဲ့အထောက်အထားတွေ အလုံအလောက် ရရှိထားတယ်လို့ တရားရေးဌာနအထူးစုံစမ်းစစ်ရေးမှူး Jack Smith ရဲ့ လွှတ်တော်ကိုတင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်ကို ဥပဒေကြောင်းအရစိန်ခေါ်ဖို့ အထမမြောက်ခဲ့တဲ့နောက်ပိုင်း ထရမ့်ဟာ အာဏာရဖို့ ရာဇဝတ်မှုမြောက်တဲ့နည်းလမ်းတွေနဲ့ကြိုးပမ်းခဲ့တာ ထင်ရှားတယ်လို့လည်း အမေရိကန် တရားရေးဌာနရဲ့ အင်္ဂါနေ့အစောပိုင်း ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာဖော်ပြခဲ့တာပါ။ အမှန်တကယ် မဲရလဒ်တွေကိုလက်မခံဖို့ ပြည်နယ်ဆိုင်ရာတာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တာ၊ သူရှုံးနိမ့်ခဲ့တဲ့ ပြည်နယ် ၇ ခုကရလဒ်တွေကို မမှန်ကန်တဲ့နည်းနဲ့ ပြောင်းလဲဖို့လုပ်တာ၊ ကိုယ်ကျိုးအတွက် ဒုသမ္မတ Michael Pence နဲ့ တရားရေးဌာန တာဝန်ရှိသူတွေကို ဖိအားပေးတာတွေပါ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

၂၀၂၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲ ရလဒ်ကို အတည်ပြုဖို့ ကျင်းပနေတဲ့ လွှတ်တော်ကို လူအုပ်နဲ့ဝင်ရောက်စီးဖို့ညွှန်ကြားခဲ့တာ စတဲ့ အချက်အလက် အထောက်အထားတွေ ရရှိထားကြောင်း အထူးစုံစမ်းစစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။ ဒုတိယသက်တမ်း အတွက် ယှဉ်ပြိုင်ခဲ့တဲ့ထရမ့်ဟာ သမ္မတလောင်းတဦးရဲ့ လုပ်ပိုင်ခွင့်အပြင် အမေရိကန်အစိုးရရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကိုပါအသုံးပြုလုပ်ဆောင်ခဲ့တဲ့အထောက်အထားတွေတွေ့ရှိရတယ်လို့လည်း ပြောပါတယ်။

ရွေးကောက်ခံသမ္မတ ထရမ့်ကတော့ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး အသုံးမကျတဲ့တရားလိုရှေ့နေလို့ သူ့ကိုယ်ပိုင် Truth လူမှုကွန်ယက်ကနေ အင်္ဂါနေ့မှာပဲ တုံ့ပြန်ဖေါ်ပြခဲ့ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်က တရားစွဲအရေးယူဖို့မလုပ်နိုင်တာကြောင့် မမှန်ကန်တဲ့အချက်အလက်တွေနဲ့ ဒီလိုအစီရင်ခံစာကို ရေးတာလို့လည်း တုံ့ပြန်ပါတယ်။ အဲဒီအချိန်က လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီမှာသာအပြစ်ရှိပြီး သူ့မှာ အပြစ်မရှိဘူးလို့လည်း ပြောဆိုထားပါတယ်။

ထရမ့်အပေါ် အရေးယူနိုင်တဲ့ အထောက်အထားတွေ တရားရေးဌာနထုတ်ပြန်
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG