သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းနဲ့ချီတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ပြန်ပို့မည်ဟု Trump ပြော


သမ္မတအဖြစ်ရွေးကောက်ခံထားရတဲ့ Donald Trump 
သမ္မတအဖြစ်ရွေးကောက်ခံထားရတဲ့ Donald Trump 

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ်ရွေးကောက်ခံထားရတဲ့ Donald Trump က ရာဇဝတ် ကျူးလွန်ထားသူ၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက် လာသူပေါင်း ၂ သန်းကနေ ၃ သန်း အထိကို နေရပ်ပြန်ပို့သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံထဲကို မက္ကဆီကိုကနေ လူတွေတရားမဝင် ဝင်ရောက်မလာနိုင်အောင် တံတိုင်းဆောက်မယ်ဆိုတဲ့ ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကတိစကားကိုလည်း သူတာဝန် စတင်ယူတာနဲ့အကောင် အထည်ဖော်မယ်လို့ဆိုပါတယ်။ CBS သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း Trump ကအဲ့ဒီလိုပြောဆိုသွားတာပါ။

Trump ရဲ့ မဲဆွယ်ပွဲ ကတိစကားထဲမှာ တံတိုင်းဆောက်မယ်ဆိုတဲ့ စကားကို သူ့ကိုထောက်ခံသူတွေ အကြိုက်ဆုံးဖြစ်ပါတယ်။ ဒါပေမယ့် တံတိုင်းရဲ့အချို့ အပိုင်းတွေက ခြံစည်းရိုးတွေဖြစ်လိမ့်မယ်လို့ ပြောပါတယ်။

ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ အိမ်ခြံမြေ သူဌေး Donald Trump က ဆောက်လုပ်ရေးနဲ့ပတ်သက်လို့ သူကောင်းကောင်းလုပ်တတ်တယ်လို့ပြောပါတယ်။ တံတိုင်းဆောက်လုပ်ရေးအတွက် မက္ကဆီကိုနိုင်ငံက အကုန်အကျခံရမယ်လို့ Trump က အဓိဋ္ဌာန်ပြုပြောဆိုထားပေမယ့် မက္ကဆီကိုဘက်ကတော့ မပေးနိုင်ဘူးလို့ပြောဆိုထားတာပါ။

အမေရိကန်နိုင်ငံထဲမှာ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူ အကြမ်းဖျင်း ၁၁ သန်း လောက်ရှိပါတယ်။ နယ်စပ်လုံခြုံရေး လုပ်ပြီးတာနဲ့ ဥပဒေချိုးဖောက်တာ နဲ့ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ပထမအသုတ် အဖြစ်ပြန်ပို့မယ်လို့ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ကျန်နေသေးတဲ့ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူ သန်းနဲ့ချီကို ဘာဆက်လုပ်မလဲဆိုတာကိုတော့ သူ့အစိုးရက ဆုံးဖြတ်မယ်လို့ Trump ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG