သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကန်သမ္မတ အရွေးခံရမှု EU နဲ့ဆက်ဆံရေး ထိခိုက်နိုင်


သမ္မတအရွေးခံရတဲ့ ဒေါ်နယ်ထရမ့်ကို နိုဝင်ဘာ ၉ရက်နေ့က ဆန့်ကျင်ဆန္ဒပြသူများ
သမ္မတအရွေးခံရတဲ့ ဒေါ်နယ်ထရမ့်ကို နိုဝင်ဘာ ၉ရက်နေ့က ဆန့်ကျင်ဆန္ဒပြသူများ

အမေရိကန် သမ္မတအဖြစ်နဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်နယ်လ်ထရမ့်ဟာ ဥရောပသမဂ္ဂ နဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ Jean-Claude Jucker က ပြောလိုက်ပါတယ်။

လာမယ့်ဇန်နဝါရီလမှာ သမ္မတအဖြစ်တာဝန်ယူတာနဲ့ ဒေါ်နယ်လ်ထရမ့်အနေနဲ့ အချိန်တွေ ၂ နှစ်လောက် အလဟသ မဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် ဥရောပ မှာ ဘယ်လိုလုပ်ကြတယ်ဆိုတာကို အမြန်လေ့လာ ရမှာဖြစ်တယ်လို့ Junker က လူဇင်ဘတ်နိုင်ငံမှာ ကျင်းပတဲ့ ညီလာခံအတွင်း ကျောင်းသူ ကျောင်းသားတွေ ကို သောကြာနေ့က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်နယ်လ်ထရမ့်က NATO အဖွဲ့ တည်ရှိမှု အပေါ်မှာ မေးခွန်းထုတ် ခဲ့ကြောင်း၊ NATO အဖွဲ့ဟာ ဥရောပရဲ့ ကာကွယ်ရေးပုံစံဖြစ်တာကြောင့်၊ ဒါက ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာစေနိုင်တယ်လို့ Juncker က ညီလာခံ တက်ရောက် လာသူတွေကို ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်ကို ချီးကျူး ခဲ့တဲ့ ဒေါ်နယ်လ်ထရမ့်က NATO အဖွဲ့ရဲ့ စုပေါင်း ကာကွယ်ရေးမူဝါဒနဲ့ ပတ်သက်ပြီး မေးခွန်းထုတ် ခဲ့တာကြောင့် သူသမ္မတဖြစ်လာတာကို ဥရောပေ ခါင်းဆောင်တွေကြားမှာ အံ့သြခဲ့ကြသလို၊ တချို့လည်း စိုးရိမ်တာတွေဖြစ် လာနေပါတယ်။

အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွေအတွင်း မှာ ဒေါ်နယ်လ်ထရမ့်က တချို့ ဥရောပနိုင်ငံတွေက နယ်စပ်တွေကို ဖွင့်ပေးပြီး ေ ရွှ့ပြောင်း အခြေချနေထိုင် သူတွေကို လက်ခံခဲ့တဲ့ မူဝါဒနဲ့ ပတ်သက်ပြီး သူက ဝေဖန် ခဲ့တာဖြစ်ပါတယ်။ တခြား ဥရောပခေါင်းဆောင် တွေကတော့ အမေရိကန်သမ္မတနဲ့ လက်တွဲလုပ်သွားဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့တာကြောင့် Juncker ရဲ့ အခု ပြောကြားချက်ကတော့ အဲဒီခေါင်းဆောင်တွေနဲ့ မတူဘဲ ကွဲလွဲနေပါတယ်။

Trump ကန်သမ္မတ အရွေးခံရမှု EU နဲ့ဆက်ဆံရေး ထိခိုက်နိုင်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG