သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီယာ မိုးခေါင်ရေရှားမှု‌ ၃ နှစ်အတွင်း လူပေါင်း ၇၁၀၀၀ ခန့်သေဆုံး


ရေရဖို့တန်းစီစောင့်ဆိုင်းနေကြတဲ့ ဆိုမာလီယာ ရွှေ့ပြောင်းဒုက္ခသည်များ (ယခင်ပုံဟောင်း)
ရေရဖို့တန်းစီစောင့်ဆိုင်းနေကြတဲ့ ဆိုမာလီယာ ရွှေ့ပြောင်းဒုက္ခသည်များ (ယခင်ပုံဟောင်း)

ဆိုမာလီယာ နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး မိုးခေါင်ရေရှားမှုဒဏ် အကြီးအကျယ်ခံစားရတာကြောင့် သေဆုံးခဲ့ရသူ အနည်းဆုံး ၇ သောင်း ၁ ထောင် လောက်ရှိမယ်လို့ နောက်ဆုံး လေ့လာချက်အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂ ကလေးများရံပုံငွေ အဖွဲ့ UNCF ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ဆိုမာလီယာ ကျန်းမာရေး ဝန်ကြီးဌာန တို့ပါဝင်တဲ့ ကော်မရှင်ရဲ့ လေ့လာချက်အရ ၂၀၂၂ ဇန်နဝါရီ ကနေ ၂၀၂၄ ခုနှစ် ဇွန်လ အတွင်း သေဆုံးရသူ အရေအတွက်ရဲ့ ၄၀ % ဟာ ကလေးငယ်တွေ ဖြစ်ပြီး သူတို့ဟာ အသက် ၅ နှစ်အောက်တွေ ဖြစ်ကြောင်း တွေ့ရပါတယ်။

ဆိုမာလီယာ နိုင်ငံ မိုဂါဒစ်ရှုး SIMAD တက္ကသိုလ် သုတေသနဌာန ဒုတိယ အကြီးအကဲ ကတော့ အခုလို အများ အပြား သေဆုံးရတာဟာ ဆိုမာလီယာ မှာ ၅ နှစ် ဆက်တိုက် မိုးခေါင်ပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် ဖြစ်ကြောင်း ပြောပါတယ်။ မိုးအကြီးအကျယ် ခေါင်မှု ဒဏ်ခံရ ချိန်မှာရော နောက်ပိုင်းမှာပါ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ပြဿနာမျိုးစုံနဲ့ ကြုံခဲ့ရတာပါ။ ခိုလှုံရာ IDP စခန်းတွေမှာ လူတွေ အဆမတန် များနေတာနဲ့ ကောက်ပဲ သီးနှံ မဖြစ်ထွန်းတဲ့ အတွက် အငတ်ဘေးနဲ့ပါ ကြုံကြရတာဖြစ်ပါတယ်။

ဆိုမာလီယာ ဆိုင်ရာ WHO ကိုယ်စားလှယ်ကလည်း အခုလို ၂၀၂၂ ကနေ ၂၀၂၄ အတွင်း သေဆုံးသူ အဆမတန်များ နေတာဟာ ဆိုမာလီယာ အတွက် အရေးပေါ် အကူအညီတွေ ပေးဖို့ လိုအပ်နေပြီဆိုတာ သတိပေး နေတာ ဖြစ်ကြောင်း ပြောပါတယ်။ ဆိုမာလီယာမှာ ကျန်းမာရေး ဆိုင်ရာ အရေးပေါ် ကာကွယ်ပေးမှုတွေ၊ ပြင်ဆင်မှုတွေ၊ အရေးပေါ် တုံပြန်ဆောင်ရွက်မှုတွေ လုပ်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

ဆိုမာလီယာ မိုးခေါင်ရေရှားမှု‌ ၃ နှစ်အတွင်း လူပေါင်း ၇၁၀၀၀ ခန့်သေဆုံး
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG