သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလ လံုျခံဳေရးယာဥ္တန္း ဆိုမာလီယာမွာ ဗံုးခဲြတိုက္ခိုက္ခံရ


A view shows the damaged structures and school buses at the scene after a car exploded in a suicide attack near Mucassar primary and secondary school in Hodan district of Mogadishu, Somalia, Nov. 25, 2021.

Zawgyi

ကုလ လံုျခံဳေရးယာဥ္တန္း ဆိုမာလီယာမွာ ဗံုးခဲြတိုက္ခိုက္ခံရ

ဆိုမာလီယာႏိုင္ငံ မိုဂါဒစ္႐ႈးၿမိဳ႕ေတာ္က စာသင္ေက်ာင္းတခုအနီး ၾကာသပေတးေန႔က လုံျခံဳေရးယာဥ္တန္းကို ပစ္မွတ္ထား တိုက္ခိုက္တဲ့ အေသခံကားဗုံး ေဖာက္ခဲြမႈေၾကာင့္ လူ ၈ ေယာက္ထက္မနည္း ေသဆုံးၿပီး၊ ၁၇ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။

“ေပါက္ကဲြမႈေၾကာင့္ အႀကီးအက်ယ္ ထိတ္လန္႔တုန္လႈပ္ခဲ့ရပါတယ္။ အတန္းထဲမွာ ေက်ာင္းသားေတြကို စာသင္ေနခ်ိန္မွာ ေပါက္ကဲြမႈ အရွိန္က ေက်ာင္း၀င္းထဲအထိ ႐ိုက္ခတ္ခဲ့ပါတယ္။” လို႔ အခင္းျဖစ္တဲ့ ေနရာအနီး စာသင္ေက်ာင္းက ဆရာတေယာက္က ေျပာဆိုသြားတာပါ။

က်ယ္ေလာင္တဲ့ ေပါက္ကဲြသံနဲ႔ ေနာက္ဆက္တြဲ မီးခိုးလုံးႀကီးေတြေၾကာင့္ ေဘးလြတ္ရာ ထြက္ေျပးခဲ့ရၿပီး ပုန္းေအာင္းေနရာက ျပန္ထြက္လာခ်ိန္မွာ အေလာင္း ၈ ေလာင္းနဲ႔ ဒဏ္ရာရသူ ၁၀ ေယာက္ထက္မနည္း ေတြ႕ရတယ္လို႔လည္း ကိုယ္တိုင္ေတြ႕သူ တေယာက္က ဗြီအိုေအ ဆိုမာလီဌာနကို ေျပာပါတယ္။ မိုဂါဒစ္႐ႈးၿမိဳ႕ေတာ္ ရဲတပ္ဖဲြ႕ ေျပာခြင့္ရ Abdifatah Aden Hassan ကေတာ့ လုံျခံဳေရးယာဥ္တန္းကို ပစ္မွတ္ထား အေသခံဗုံးခဲြတိုက္ခိုက္ခဲ့ေၾကာင္း ေျပာဆိုခဲ့တာပါ။ ကုလသမဂၢအတြက္ လုံျခံဳေရး တာ၀န္ယူေပးေနတဲ့ ယာဥ္တန္းကို ေဖာက္ခဲြေရး ပစၥည္းေတြ တင္ေဆာင္လာတဲ့ SUV ကားတစင္းနဲ႔ ေဘးကေနယွဥ္ေမာင္းၿပီး ေဖာက္ခဲြတိုက္ခိုက္ခဲ့တာလို႔လည္း ေျပာပါတယ္။ တိုက္ခိုက္မႈေၾကာင့္ ၈ ေယာက္ေသဆုံးၿပီး၊ ၁၇ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔လည္း ရဲတပ္ဖဲြ႕ ေျပာခြင့္ရက သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။ မိုဂါဒစ္႐ႈးၿမိဳ႕ေတာ္ အခ်က္အျခာ ေနရာမွာ ျဖစ္ပြားခဲ့တဲ့ အေသခံဗုံးခဲြ တိုက္ခိုက္မႈေၾကာင့္ အနားမွာရွိတဲ့ အငယ္စားစီးပြားေရး လုပ္ငန္းေတြနဲ႔ စားေသာက္ဆိုင္တဆိုင္ ပ်က္စီးသြားခဲ့ပါတယ္။ ေပါက္ကဲြမႈ ျဖစ္ခ်ိန္မွာ ေက်ာင္းသား ၁ ေထာင္ေက်ာ္ စာသင္ေနတဲ့ အနီးအနားက စာသင္ေက်ာင္းလည္း ထိခိုက္ ပ်က္စီးမႈေတြ ရွိခဲ့ပါတယ္။

###

Somalia bomb attack UN
please wait

No media source currently available

0:00 0:02:29 0:00
တိုက္႐ိုက္ လင့္ခ္


Unicode

ကုလ လုံခြုံရေးယာဉ်တန်း ဆိုမာလီယာမှာ ဗုံးခွဲတိုက်ခိုက်ခံရ

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှုးမြို့တော်က စာသင်ကျောင်းတခုအနီး ကြာသပတေးနေ့က လုံခြုံရေးယာဉ်တန်းကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အသေခံကားဗုံး ဖောက်ခွဲမှုကြောင့် လူ ၈ ယောက်ထက်မနည်း သေဆုံးပြီး၊ ၁၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

“ပေါက်ကွဲမှုကြောင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ အတန်းထဲမှာ ကျောင်းသားတွေကို စာသင်နေချိန်မှာ ပေါက်ကွဲမှု အရှိန်က ကျောင်းဝင်းထဲအထိ ရိုက်ခတ်ခဲ့ပါတယ်။” လို့ အခင်းဖြစ်တဲ့ နေရာအနီး စာသင်ကျောင်းက ဆရာတယောက်က ပြောဆိုသွားတာပါ။

ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့ နောက်ဆက်တွဲ မီးခိုးလုံးကြီးတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး ပုန်းအောင်းနေရာက ပြန်ထွက်လာချိန်မှာ အလောင်း ၈ လောင်းနဲ့ ဒဏ်ရာရသူ ၁၀ ယောက်ထက်မနည်း တွေ့ရတယ်လို့လည်း ကိုယ်တိုင်တွေ့သူ တယောက်က ဗွီအိုအေ ဆိုမာလီဌာနကို ပြောပါတယ်။ မိုဂါဒစ်ရှုးမြို့တော် ရဲတပ်ဖွဲ့ ပြောခွင့်ရ Abdifatah Aden Hassan ကတော့ လုံခြုံရေးယာဉ်တန်းကို ပစ်မှတ်ထား အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂအတွက် လုံခြုံရေး တာဝန်ယူပေးနေတဲ့ ယာဉ်တန်းကို ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ SUV ကားတစင်းနဲ့ ဘေးကနေယှဉ်မောင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ၈ ယောက်သေဆုံးပြီး၊ ၁၇ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရက သတင်းထောက်တွေကို ပြောခဲ့တာပါ။ မိုဂါဒစ်ရှုးမြို့တော် အချက်အခြာ နေရာမှာ ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် အနားမှာရှိတဲ့ အငယ်စားစီးပွားရေး လုပ်ငန်းတွေနဲ့ စားသောက်ဆိုင်တဆိုင် ပျက်စီးသွားခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ချိန်မှာ ကျောင်းသား ၁ ထောင်ကျော် စာသင်နေတဲ့ အနီးအနားက စာသင်ကျောင်းလည်း ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG