သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေရႊႀတိဂံအနီး မူးယစ္ေမွာင္ခိုတဦး ထိုင္းရဲပစ္ခတ္လို႔ ေသဆံုး


ေရႊႀတိဂံအနီး မူးယစ္ေမွာင္ခိုတဦး ထိုင္းရဲပစ္ခတ္လို႔ ေသဆံုး

ထိုင္းႏိုင္ငံမွာ မူးယစ္ေဆးမႈနဲ႔ အလုပ္ျဖဳတ္ခံခဲ့ရတဲ့ ရဲအရာရွိေဟာင္းလက္ခ်က္နဲ႔ ကေလးအမ်ားစု အပါအ၀င္ လူ ၃၇ ေယာက္ ေသဆုံးခဲ့ၿပီးေနာက္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးကို ထိုင္းအစိုးရက တိုးျမႇင့္လုပ္ေဆာင္ခဲ့ပါတယ္။  ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

ေရႊႀတိဂံအနီး မူးယစ္ေမွာင္ခိုတဦး ထိုင္းရဲပစ္ခတ္လို႔ ေသဆံုး

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံမွာ မူးယစ္ေဆးမႈနဲ႔ အလုပ္ျဖဳတ္ခံခဲ့ရတဲ့ ရဲအရာရွိေဟာင္းလက္ခ်က္နဲ႔ ကေလးအမ်ားစု အပါအ၀င္ လူ ၃၇ ေယာက္ ေသဆုံးခဲ့ၿပီးေနာက္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးကို ထိုင္းအစိုးရက တိုးျမႇင့္လုပ္ေဆာင္ခဲ့ပါတယ္။ ခ်င္းရိုင္ျပည္နယ္မွာ ေအာက္တုိဘာလ ၁၃ရက္ညက မူးယစ္ေဆး၀ါးေတြ သန္းနဲ႔ခ်ီ သယ္ေဆာင္လာတဲ့ ေတာင္ေပၚတုိင္းရင္းသား၂ဦးနဲ႔ ထုိင္းရဲတပ္ဖဲြ႔ဝင္ေတြအႀကား အျပန္အလွန္ ပစ္ခတ္မူ ျဖစ္ျပီး မူးယစ္ကုန္ကူးသူတဦး ေသဆံုးကာ တဦးကို အရွင္ဖမ္းမိခဲ့ပါတယ္။ ကာလတန္ဖိုး ဘတ္ေငြသန္း ၄၀၀ေလာက္္ တန္ဖိုးရွိတဲ့ စိတ္ႀကြေဆး အလုံးေရ ၄သန္းကုိ သိမ္းဆည္းႏိုင္ခဲ့ပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ့ထားပါတယ္ ။

မူးယစ္ေဆး၀ါး သံုးစဲြခဲ့တဲ့ ရဲအရာရွိေဟာင္း လက္ခ်က္နဲ့ ကေလးငယ္ ၂၄ ေယာက္ အပါအဝင္ လူ ၃၇ ေယာက္ ပစ္သတ္ခံခဲ့ရၿပီးေနာက္ မူးယစ္ေဆးဝါး ႏွိမ္နင္းေရးကို ထိုင္းအစိုးရက တိုးျမႇင့္လုပ္ေဆာင္ခဲ့ပါတယ္။

ခ်င္းရိုင္ျပည္နယ္ ၊ ဘန္ဒူျမိဳ႔နယ္အတြင္း ဗဟိုရိုသင္ အေ၀းေျပးလမ္းမမွာ နယ္ေျမခံ ရဲတပ္ဖြဲ႔က စစ္ေဆးေရးဂိတ္ေတြခ်ျပီး ကားေတြကို စစ္ေဆးခဲ့ပါတယ္ ။ တႏိုင္ငံလံုးကို ျဖန္႔ခ်ီေနတဲ့ ေရႊႀတိဂံေဒသထုတ္ စိတ္ႀကြေဆးေတြဟာ ခ်င္းရိုင္ျပည္နယ္ ကေနတဆင့္ ၀င္ေရာက္လာေနတာျဖစ္လို႔ ထုိင္းအာဏာပိုင္ေတြက အဲဒီျပည္နယ္မွာ ပုိက္စိတ္တိုက္ စစ္ေဆးမူေတြ လုပ္ေနပါတယ္။

ေအာက္တိုဘာလ ၁၃ရက္ ညသန္းေခါင္အခ်ိန္မွာ အျဖဴေရာင္ ပစ္ကပ္ကားတစီးက စစ္ေဆးေရးဂိတ္က စစ္ေဆးတာကိုမခံပဲ ေမာင္းျပီးထြက္ေျပးခဲ့ပါတယ္။

ထြက္ေျပးတဲ့ ကားကုိ ရဲကားေတြနဲ ႔ အမွီလိုက္ဖမ္းဆီးခဲ့ရာမွာ စံတီေက်းရြာအနီးအေရာက္မွာ ၂ ဖက္ ပစ္ခတ္တိုက္ခိုက္မႈ အခ်ိန္အနည္း ျဖစ္ပြားခဲ့ပါတယ္ ။အဲဒီေနာက္ ကားေပၚမွာပါလာတဲ့ မူးယစ္ေမွာင္္ခိုသမား တဦးေသဆံုးခဲ့ျပီး တဦးကုိ အရွင္ဖမ္းမိခဲ့ပါတယ္။ သူတို႔နဲ႔အတူ စိတ္ႀကြေဆး ေလးသန္းဖမ္းမိခဲ့တယ္လို႔ ရဲတပ္ဖဲြက ေအာက္တိုဘာလ၁၄ရက္ေန႔က သတင္းထုတ္ျပန္ခဲ့ပါတယ္ ။

သတင္းစာရွင္းလင္းပဲြကို ထိုင္းရဲခ်ဳပ္ ခ်ဴနာဖတ္ ဆာရစင္ က ထိုင္းဘာသာနဲ႔ အခုလိုေျပာသြားပါတယ္။

" မူးယစ္နိမ္နင္းေရးနဲ႔ ပတ္သက္ျပီး ထိုင္းအစိုးရက ျပတ္သားတဲ့ မူ၀ါဒေတြ ခ်မွတ္လုပ္ေဆာင္ေနပါတယ္။ မူးယစ္ေဆး၀ါး ေရာင္း၀ယ္ေဖာက္ကားမူေတြကုိ အဓိကႀကိဳးကုိင္ေနတဲ့ သူေတြကို ရေအာင္ေဖၚထုတ္ျပီး ပိုင္ဆိုင္မူေတြ သိမ္းျပီးေတာ့ အေရးယူမွာပါ"

ေနာက္ျပီးေတာ့ မူးယစ္ေဆး၀ါး အမ်ားဆံုး ၀င္လာေနတဲ့ အိမ္နီးခ်င္းနိုင္ငံေတြက အာဏာပိုင္ေတြဆီ က်ြန္ေတာ္ကိုယ္တိုင္သြားေရာက္ျပီး ထိုင္းႏိုင္ငံရဲ႔ မူယစ္နိမ္နင္းေရးစစ္ပြဲမွာ ပူးေပါင္းပါ၀င္ဖို႔ ညိွႏိုင္းေဆြးေႏြးသြားမယ္လုိ႔ ေျပာသြားပါတယ္။

ရဲတပ္ဖဲြ႔ ၀င္ေတြနဲ့ ပစ္ခတ္မူျဖစ္ခဲ့တဲ့ လက္နက္ကုိင္ ၂ဦးဟာ ေတာင္ေပၚတိုင္းရင္းသား လက္မွတ္ေတြ ကိုင္ေဆာင္ထားၾကသူေတြ ျဖစ္တယ္လို႔ လည္းဆုိပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

............................................................

ရွှေတြိဂံအနီး မူးယစ်မှောင်ခိုတဦး ထိုင်းရဲပစ်ခတ်လို့ သေဆုံး

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးမှုနဲ့ အလုပ်ဖြုတ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်းလက်ချက်နဲ့ ကလေးအများစု အပါအဝင် လူ ၃၇ ယောက် သေဆုံးခဲ့ပြီးနောက် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ထိုင်းအစိုးရက တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ချင်းရိုင်ပြည်နယ်မှာ အောက်တိုဘာလ ၁၃ရက်ညက မူးယစ်ဆေးဝါးတွေ သန်းနဲ့ချီ သယ်ဆောင်လာတဲ့ တောင်ပေါ်တိုင်းရင်းသား၂ဦးနဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပြီး မူးယစ်ကုန်ကူးသူတဦး သေဆုံးကာ တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ ကာလတန်ဖိုး ဘတ်ငွေသန်း ၄၀၀လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး အလုံးရေ ၄သန်းကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

မူးယစ်ဆေးဝါး သုံးစွဲခဲ့တဲ့ ရဲအရာရှိဟောင်း လက်ချက်နဲ့ ကလေးငယ် ၂၄ ယောက် အပါအဝင် လူ ၃၇ ယောက် ပစ်သတ်ခံခဲ့ရပြီးနောက် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ထိုင်းအစိုးရက တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။

ချင်းရိုင်ပြည်နယ် ၊ ဘန်ဒူမြို့နယ်အတွင်း ဗဟိုရိုသင် အဝေးပြေးလမ်းမမှာ နယ်မြေခံ ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်တွေချပြီး ကားတွေကို စစ်ဆေးခဲ့ပါတယ် ။ တနိုင်ငံလုံးကို ဖြန့်ချီနေတဲ့ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးတွေဟာ ချင်းရိုင်ပြည်နယ် ကနေတဆင့် ဝင်ရောက်လာနေတာဖြစ်လို့ ထိုင်းအာဏာပိုင်တွေက အဲဒီပြည်နယ်မှာ ပိုက်စိတ်တိုက် စစ်ဆေးမူတွေ လုပ်နေပါတယ်။

အောက်တိုဘာလ ၁၃ရက် ညသန်းခေါင်အချိန်မှာ အဖြူရောင် ပစ်ကပ်ကားတစီးက စစ်ဆေးရေးဂိတ်က စစ်ဆေးတာကိုမခံပဲ မောင်းပြီးထွက်ပြေးခဲ့ပါတယ်။

ထွက်ပြေးတဲ့ ကားကို ရဲကားတွေနဲ့ အမှီလိုက်ဖမ်းဆီးခဲ့ရာမှာ စံတီကျေးရွာအနီးအရောက်မှာ ၂ ဖက် ပစ်ခတ်တိုက်ခိုက်မှု အချိန်အနည်း ဖြစ်ပွားခဲ့ပါတယ် ။အဲဒီနောက် ကားပေါ်မှာပါလာတဲ့ မူးယစ်မှောင်ခိုသမား တဦးသေဆုံးခဲ့ပြီး တဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ သူတို့နဲ့အတူ စိတ်ကြွဆေး လေးသန်းဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲက အောက်တိုဘာလ၁၄ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ် ။

သတင်းစာရှင်းလင်းပွဲကို ထိုင်းရဲချုပ် ချူနာဖတ် ဆာရစင် က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

" မူးယစ်နိမ်နင်းရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်လုပ်ဆောင်နေပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမူတွေကို အဓိကကြိုးကိုင်နေတဲ့ သူတွေကို ရအောင်ဖေါ်ထုတ်ပြီး ပိုင်ဆိုင်မူတွေ သိမ်းပြီးတော့ အရေးယူမှာပါ"

နောက်ပြီးတော့ မူးယစ်ဆေးဝါး အများဆုံး ဝင်လာနေတဲ့ အိမ်နီးချင်းနိုင်ငံတွေက အာဏာပိုင်တွေဆီ ကျွန်တော်ကိုယ်တိုင်သွားရောက်ပြီး ထိုင်းနိုင်ငံရဲ့ မူယစ်နိမ်နင်းရေးစစ်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ ညှိနိုင်းဆွေးနွေးသွားမယ်လို့ ပြောသွားပါတယ်။

ရဲတပ်ဖွဲ့ ဝင်တွေနဲ့ ပစ်ခတ်မူဖြစ်ခဲ့တဲ့ လက်နက်ကိုင် ၂ဦးဟာ တောင်ပေါ်တိုင်းရင်းသား လက်မှတ်တွေ ကိုင်ဆောင်ထားကြသူတွေ ဖြစ်တယ်လို့ လည်းဆိုပါတယ် ။

XS
SM
MD
LG