သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲေခါင္ေဒသ မူးယစ္ေဆးနဲ႔ တရားမ၀င္ လုပ္ငန္းေတြ အႏၲရာယ္ UNODC သတိေပး


(Zawgyi/ Unicode)

ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ျခင္း ထိစပ္ေနတဲ့ တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံေတြက သူတို႔ရဲ႕ နယ္စပ္လုံၿခဳံေရးေတြကို တင္းၾကပ္လိုက္တဲ့ အတြက္ တရားဥပေဒ စိုမိုးမႈ မရွိတဲ့ ျမန္မာႏိ္ုင္ငံရဲ႕ အေရွ႕ဖက္ျခမ္းမွာ အေျခစိုက္တဲ့ ႏိုင္ငံတကာ ရာဇ၀တ္မႈဂိုဏ္းေတြက Methamphetamine စိတ္ႂကြေဆး အေျမာက္အမ်ားကို လာအိုႏိုင္ငံကေနတဆင့္ တင္ပို႔ေနတယ္လို႔ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇ၀တ္မႈ ဌာန UNODC က ေျပာဆိုလိုက္ပါတယ္။

အေရွ႕ေတာင္အာရွရဲ႕ မဲေခါင္ျမစ္၀ွမ္း ႏိုင္ငံေတြမွာ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ဆဲြေဆာင္ဖို႔အတြက္ စည္းမ်ဥ္းစည္းကမ္း တင္းၾကပ္မႈမရွိတဲ့ အထူးစီးပြားေရးဇုံေတြဟာ ကာစီႏို ေလာင္းကစား႐ုံေတြ အျပင္၊ ရာဇ၀တ္ဂိုဏ္းေတြရဲ႕ တရားမ၀င္ ေမွာင္ခို ကူးသန္းေရာင္း၀ယ္မႈနဲ႔ ေငြေၾကးခဝါခ်မႈေတြ အတြက္ အဓိကေနရာ ျဖစ္လာေနတယ္လို႔ UNODC တာ၀န္ရွိ သူေတြက မၾကာေသးမီက ဗြီအိုေအကို ေျပာဆိုခဲ့ပါတယ္။

ေဒသတြင္း အထူးစီးပြားေရးဇုံ ၁၂၈ ခုက ကာစီႏို ေလာင္းကစား႐ုံ ၁၄၀ ေက်ာ္ကို ကုလသမဂၢဌာနခဲြက ေလ့လာခဲ့ပါတယ္။ တခ်ိဳ႔စီးပြားေရး အထူးဇုံေတြဟာ ရာဇ၀တ္မႈနဲ႔ ေက်ာ္ၾကားတဲ့ ျမန္မာ-ထိုင္း-လာအို ၃ ႏိုင္ငံနယ္စပ္ဆုံရာ ေရႊႀတိဂံထက္ ပိုဆိုးတယ္လို႔ UNODC ကဆိုပါတယ္။
လာအိုႏိုင္ငံရဲ႕ အေနာက္ေျမာက္ဘက္မွာ ေျမဧက ၂၄,၇၀၀ ေက်ာ္ကိုရယူၿပီး အဓိက ကာစီႏိုလုပ္ငန္း Kings Romans ကို ဖြင့္လွစ္ထားတဲ့ တ႐ုတ္လူမ်ိဳး Zhao Wei ဟာဆိုရင္ ပိတ္ဆို႔ဒဏ္ခတ္မႈေတြၾကားမွာပဲ ေငြေၾကးအင္အား ေကာင္းေကာင္းနဲ႔ လုပ္ကိုင္ေနေၾကာင္း UNODC အရာရွိ Jeremy Douglas ကေျပာပါတယ္။

Zhao Wei နဲ႔သူရဲ႕ ကုမၸဏီဟာ ႏိုင္ငံတကာ ရာဇ၀တ္မႈ ကြန္ရက္ရဲ႕ အဓိက ဌာနျဖစ္ၿပီး အထူးစီးပြားေရဇုံေတြ ကေန တဆင့္ မူးယစ္ေဆးဝါး ေရာင္း၀ယ္ကူးသန္းမႈေတြကို လုပ္ေနသလို ျမန္မာ မူးယစ္ရာဇာေတြအတြက္ ေငြေၾကးခဝါခ်မႈေတြ လုပ္ေဆာင္ ေပးေနတယ္လို႔ ၂၀၁၈ ခုႏွစ္တုန္းက အေမရိကန္ ဘ႑ာေရး ၀န္ႀကီးဌာကန ကေန သတ္မွတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မဲခေါင်ဒေသ မူးယစ်ဆေးနဲ့ တရားမဝင် လုပ်ငန်းတွေ အန္တရာယ် UNODC သတိပေး

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတွေက သူတို့ရဲ့ နယ်စပ်လုံခြုံရေးတွေကို တင်းကြပ်လိုက်တဲ့ အတွက် တရားဥပဒေ စိုမိုးမှု မရှိတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့ဖက်ခြမ်းမှာ အခြေစိုက်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုဂိုဏ်းတွေက Methamphetamine စိတ်ကြွဆေး အမြောက်အများကို လာအိုနိုင်ငံကနေတဆင့် တင်ပို့နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဌာန UNODC က ပြောဆိုလိုက်ပါတယ်။

အရှေ့တောင်အာရှရဲ့ မဲခေါင်မြစ်ဝှမ်း နိုင်ငံတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့အတွက် စည်းမျဉ်းစည်းကမ်း တင်းကြပ်မှုမရှိတဲ့ အထူးစီးပွားရေးဇုံတွေဟာ ကာစီနို လောင်းကစားရုံတွေ အပြင်၊ ရာဇဝတ်ဂိုဏ်းတွေရဲ့ တရားမဝင် မှောင်ခို ကူးသန်းရောင်းဝယ်မှုနဲ့ ငွေကြေးခဝါချမှုတွေ အတွက် အဓိကနေရာ ဖြစ်လာနေတယ်လို့ UNODC တာဝန်ရှိ သူတွေက မကြာသေးမီက ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

ဒေသတွင်း အထူးစီးပွားရေးဇုံ ၁၂၈ ခုက ကာစီနို လောင်းကစားရုံ ၁၄၀ ကျော်ကို ကုလသမဂ္ဂဌာနခွဲက လေ့လာခဲ့ပါတယ်။ တချို့စီးပွားရေး အထူးဇုံတွေဟာ ရာဇဝတ်မှုနဲ့ ကျော်ကြားတဲ့ မြန်မာ-ထိုင်း-လာအို ၃ နိုင်ငံနယ်စပ်ဆုံရာ ရွှေတြိဂံထက် ပိုဆိုးတယ်လို့ UNODC ကဆိုပါတယ်။
လာအိုနိုင်ငံရဲ့ အနောက်မြောက်ဘက်မှာ မြေဧက ၂၄,၇၀၀ ကျော်ကိုရယူပြီး အဓိက ကာစီနိုလုပ်ငန်း Kings Romans ကို ဖွင့်လှစ်ထားတဲ့ တရုတ်လူမျိုး Zhao Wei ဟာဆိုရင် ပိတ်ဆို့ဒဏ်ခတ်မှုတွေကြားမှာပဲ ငွေကြေးအင်အား ကောင်းကောင်းနဲ့ လုပ်ကိုင်နေကြောင်း UNODC အရာရှိ Jeremy Douglas ကပြောပါတယ်။

Zhao Wei နဲ့သူရဲ့ ကုမ္ပဏီဟာ နိုင်ငံတကာ ရာဇဝတ်မှု ကွန်ရက်ရဲ့ အဓိက ဌာနဖြစ်ပြီး အထူးစီးပွားရေဇုံတွေ ကနေ တဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်ကူးသန်းမှုတွေကို လုပ်နေသလို မြန်မာ မူးယစ်ရာဇာတွေအတွက် ငွေကြေးခဝါချမှုတွေ လုပ်ဆောင် ပေးနေတယ်လို့ ၂၀၁၈ ခုနှစ်တုန်းက အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာကန ကနေ သတ်မှတ်ခဲ့ပါတယ်။

XS
SM
MD
LG