သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း






{{Zawgyi/Unicode}}













တိုက်ရိုက် လင့်ခ်

.......................................

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေ အရှိန်မြှင့်

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးမှုနဲ့ ဆက်နွယ်နေတဲ့ ရဲအရာရှိဟောင်းတဦး လက်ချက်နဲ့ မူကြိုကျောင်းမှာ ကလေး ၂၄ ယောက် အပါအဝင် လူအများအပြား သေဆုံးခဲ့ပြီးနောက် အစိုးရက မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေ တိုးမြှင့်လာပါတယ်။ ဒီရက်ပိုင်းမှာပဲ ကာလတန်ဘိုး ဘတ်ငွေ သန်း ၇၀၀ ဘိုးလောက်ရှိတဲ့ စိတ်ကြွဆေးတွေကို မသင်္ကာသူ တချို့နဲ့အတူ ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာ မူကြိုကျောင်း ပစ်ခတ်မူ့ကြောင့် ကလေးသူငယ်တွေ အပါအဝင်လူ၃၇ဦး သေဆုံးမူတွေဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းအစိုးရအနေနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွေ ကိုပိုမိုလုပ်ဆောင်ဖို့ ဖိအားပေးခံနေရပါတယ် ။

ဒီရက်ပိုင်းမှာ ကာလတန်ဖိုးဘတ်ငွေ သန်း၇၀၀လောက်တန်ဖိုးရှိတဲ့ စိတ်ကြွဆေး ပြား ၈ဒသမ ၆သန်းကျော် ဖမ်းမိခဲ့ပြီး မူးယစ်ကုန်ကူးသူ ၄ဦးကို ဖမ်းဆီးခဲ့သလို မူယစ်ဆေးဝါး နှိမ်နင်းရေးတွေကို အစွမ်းကုန်လုပ်ဆောင်နေတယ်လို့ ချင်းမိုင်ပြည်နယ် အမှတ်(၅) ဒေသရဲတပ်ဖွဲရုံးမှာ အောက်တိုဘာလ ၁၀ရက်နေ့က ရဲတပ်ဖွဲကလည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မူးယစ်ဆေးဝါးကြောင့် ထုတ်ပယ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မူကြိုကျောင်းတကျောင်းက ကလေးသူငယ်တွေကို အစုလိုက်အပြုံလိုက် ပစ်ခတ်မူဖြစ်ပြီးတဲ့နောက် ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို အမြန်ဆုံးနှိမ်နင်းဖို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုချာ က အမိန့်ပေးလိုက်ပါတယ်။ အခုလို ကလေးသူငယ်တွေ တိုက်ခိုက်ခံရမှုကြောင့် ထိုင်းတစ်နိုင်ငံလုံး တုံလှုပ်ခဲ့ရပြီး မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို အစိုးရအနေနဲ့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ဖိအာပေးမူတွေ ထွက်ပေါ်လာတာပါ ။

အောက်တိုဘာလ ၁၀ရက်နေ့က ချင်းမိုင်ပြည်နယ် အမှတ်(၅) ဒေသမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရဲတပ်ဖွဲက ဒုတိယ ဗိုလ်ချုပ်ကြီး ပီယာတောဝီချိုင်း ကထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ် ။

" အခုရက်ပိုင်းအတွင်းမှာ စိတ်ကြွဆေးပြား ၈ ဒသမ ၆ သန်းကို ဖမ်းမိခဲ့ပါတယ်။ မူးယစ်ဆေးဝါး ပျံ့နှံ့မှုနဲ့ ရာဇဝတ်မူတွေကြောင့် လူအဖွဲ့အစည်းကို ထိခိုက်စေပြီး နိုင်ငံတော်အတွက် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေဖြစ်စေခဲ့တယ်လို့လည်းပြောသွားပါတယ်"

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမူတွေကို အရှိန်အဟုန်နဲ့ ဖမ်းဆီးနိုင်ရေး မူဝါဒါဒချမှတ်ပြီး စီမံချက်ထားပြီး ဆောင်ရွက်နေတယ်လို့ ပြောဆိုသွားပါတယ်။ ဒါအပြင် ချင်းမိုင် ၊ ချင်းရိုင်ဒေသတွေကနေ ဝင်လာနေတဲ့ မူးယစ်ဆေးဝါးတွေကို အစွမ်းကုန်တားဆီးဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ် ။

အောက်တိုဘာလ၇ရက်နေ့ကပဲ ဟွေ့ရိုင်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်နှစ်စီး ရဲ့ အောက်ပိုင်းမှာ အံဝှက်လုပ်ပြီး သယ်ဆောင်လာတဲ့ မက်သာဖက်တမင်း ၁၀ အိတ်၊ ဆေးပြား ၂ သန်းခန့် သံသယရှိသူ နှစ်ဦး၊ ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ဒီရက်ပိုင်းမှာပဲ စိတ်ကြွဆေး ၈သန်းကျော်နဲ့ မူးယစ်ကုန်ကူးသူ ၄ဦးကို ဖမ်းမိခဲ့တယ်လို့ လည်းပြောသွားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသ ကနေ နေ့စဉ် စိတ်ကြွဆေးပြား အနည်းဆုံး သန်း ၂၈၀ မူးယစ်ဆေးထုတ်လုပ်သူတွေ တင်ပို့ နေတဲ့အကြောင်း ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin ပြောဆိုတာကို မနေ့ကထုတ်တဲ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

ထိုင်းနယ်စပ် အပြင်ဘက် နေရာအနှံ့ ပြန့်ကျဲနေတဲ့ စက်ရုံ ၇ ခုရှိပြီး စိတ်ကြွဆေး အများအပြား ထုတ်လုပ်နေတဲ့အကြောင်း ဝန်ကြီး Somsak က ပြောပေမဲ့ မြန်မာနိုင်ငံ ဆိုတဲ့ နာမည်ကို ထည့်သွင်းပြောကြားသွားခြင်း မရှိပါဘူး။

ဒါပေမဲ့လည်း စိတ်ကြွဆေးပြား စက်ရုံတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာလို့ ထိုင်းသတင်းစာက ရေးပါတယ်။ ကပ်ရောဂါ ကူးစက်မှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အသုံးချပြီး မြန်မာနိုင်နယ်ခြား ရွှေတြိဂံနယ်ဘက်မှာ လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းတွေက မူးယ်ဆေးတွေပိုပြီး ထုတ်ဝေဖြန့်ချီနေတဲ့ အကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ UNODC ရဲ့ ပြောဆိုချက်ကို သတင်းစာက ကိုးကားပါတယ်။

မူးယစ်ဆေးတွေကို ၀ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ ဒေသမှာ ထုတ်လုပ်နေတာလို့လည်း နောက်ထပ် Bangkok Post သတင်းတပုဒ်မှာ ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ မြောက်ပိုင်း မူကြိုကျောင်းမှာ သေနတ်ကိုင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ၂၄ ယောက်အပါအဝင် ၃၇ ယောက်သေဆုံးခဲ့မှုအပြီး ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးနဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးပြသနာကို အများက အာရုံစိုက် လာကြတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG