သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးစုံစမ်းမည့် ကုလ နှင့် သမ္မတ ဒူတာတေး ပူးပေါင်းမည် မဟုတ်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့နိုင်ငံထဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်မှာ ဥပဒေမဲ့ သတ်ဖြတ်တယ်လို့ ကုလသမဂ္ဂက စွပ်စွဲပြီး စုံစမ်းစစ်ဆေးမယ့် အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

သမ္မတ Duterte က ဆက်ပြီး ဒီ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ဘာမှ ပူးပေါင်းလုပ်ပေးစရာမလိုဘူးလို့ ရဲတွေ၊ စစ်သားတွေကို မိန့်ကြားခဲ့ပါတယ်။

ဒီမူးယစ်ဆေးတိုက်ဖျက်ရေးထဲ သတ်ဖြတ်မှုအပေါ် ကုလသမဂ္ဂဖက်ကနေ အထူးကိုယ်စားလှယ်စေလွှတ်ပြီး စစ်ဆေးမယ့် အစီအစဉ်ကို အရင် ဖိလစ်ပိုင်အစိုးရဖက်အနေနဲ့ လက်ခံမယ်လို့ ပြောခဲ့အပြီးမှာပဲ သမ္မတ Duterte ဖက်က အဲ့လိုလက်ခံမှာ မဟုတ်ဘူးလို့ ဒေါသတကြီး ငြင်းဆိုတုံ့ပြန်လိုက်တာပါ။

သမ္မတ Duterte ကပဲ လူ့အခွင့်အရေး အတွက်ပဲဖြစ်ဖြစ်၊ ဘယ်လို အထူးကိုယ်စားလှယ်မျိုးပဲရောက်လာရောက်လာ၊ အားလုံးကို အမိန်ပေးလိုတာက ဘာမှ ပြန်ဖြေပေးစရာမလိုဘူး၊ သူတို့က ဘာကောင်တွေမို့လို့လဲ၊ ကိုယ့်တိုင်းပြည်ကို ကိုယ့်ဖာသာ အုပ်ချုပ်နေတာကို သူတို့က ဘာကောင်တွေမို့ လာစွက်ဖက်ရမှာလဲလို့ ပြင်းပြင်းထန်ထန်ပြောလိုက်ပါတယ်။

လူပေါင်းထောင်ချီ သေဆုံးခဲ့ရတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုနေကြတာပါ။

မူးယစ်ဆေးဝါးမှုနဲ့ မသင်္ကာသူတွေအဖြစ် သတ်ဖြတ်ခံခဲ့ရသူ အရေအတွက်ဟာ ၄ ထောင်ကျော် ရှိခဲ့ကြောင်း ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောဆိုထားပေမဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သေဆုံးသူ အရေအတွက်ဟာ တသောင်း ၂ ထောင်ကျော် နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

လူ့အခွင့်အရေးစုံစမ်းမည့် ကုလ နှင့် သမ္မတ ဒူတာတေး ပူးပေါင်းမည် မဟုတ်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG