သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

E-cigarettes ထုတ်လုပ်ရောင်းချမှု အိန္ဒိယပိတ်ပင်


Juul e-cigarrette
Juul e-cigarrette

E-cigarettes သောက်သူတွေကြား အဆုတ်ကိုထိခိုက်တဲ့ ကျန်းမာရေးစိုးရိမ်မှုတွေ ရှိနေချိန်မှာ India တနိုင်ငံလုံးမှာ e-cigarettes ထုတ်လုပ် ရောင်းချမှုကို ပိတ်ပင်ဖို့ India အစိုးရအဖွဲ့ အတည်ပြုလိုက်လိုက်ပါတယ်။

အရေးပေါ်အမိန့်တခုအနေနဲ့ ထုတ်ပြန်မယ့် တားမြစ်ချက်အရ နိုင်ငံထဲမှာ e-cigarettes တင်ပို့၊ ထုတ်လုပ်၊ ရောင်းချမှု လုပ်ရတော့မှာ မဟုတ်ပါဘူး။ ဒီတားမြစ်ချက်ကို ပထမအကြိမ် ချိုးဖောက်သူတွေအနေနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ဒေါ်လာ ၁ ထောင်ကျော်လောက်နဲ့ ညီမျှတဲ့ ရူပီးငွေ ၁ သိန်း ဒဏ်ငွေဆောင်ရမှာဖြစ်ပါတယ်။

e-cigarettes ကိုပိုင်ဆိုင်တာနဲ့ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ထောင်ဒဏ် ၆ လကနေ ဒဏ်ငွေ ရူပီးငွေ၅ သောင်းအထိ ဒဏ်ရိုက်ခံရမယ်လို့ ကျန်းမာရေးဝန်ကြီး Harsh Vardhan က Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

အသက် ၁၈ နှစ်အောက် ကလေးတွေအပါအဝင် လူငယ်တွေကြား e-cigarettes သောက်လို့ ဖြစ်တဲ့ ကျန်းမာရေးအန္တရာယ် စိုးရိမ်စရာဖြစ်နေတဲ့အတွက် တားမြစ်ပိတ်ပင်ရတာလို့ ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ e-cigarettes တွေကို ဆေးလိပ်အစားသောက်ချင်လို့ထက် စတိုင်ထုတ်ဖို့ သောက်နေကြတဲ့အတွက် ကျန်းမားရေးထိခိုက်နိုင်တဲ့ အန္တရာယ် ပိုများလာတယ်လို့ ဝန်ကြီးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု New York ပြည်နယ်မှလည်း e-cigarettes ထဲထည့်သောက်တဲ့ ပရုတ်အေး အရသာနဲ့ကလွဲလို့ ကျန်တဲ့ အရသာတွေကို ရောင်းချမှုကို အင်္ဂါနေ့က စတင်ပိတ်ပင်ခဲ့ပါတယ်။ ပုံမှန်ဆေးလိပ်သောက်တာထက် e-cigarettes သောက်တာက ပိုဘေးကင်းတယ်ဆိုပြီး ကြော်ငြာနေတဲ့အပြင် အရသာမျိုးစုံ ထည့်သောက်နိုင်တာကြောင့် လူငယ်တွေကြားမှာပါ ရေပန်းစား လာနေပါတယ်။

e-cigarettes သောက်တာနဲ့ ပါတ်သက်လို့ ခိုင်လုံတဲ့သက်သေ အထောက်အထားမရှိဘဲ ပိုကောင်းတယ်လို့ ကြော်ငြာတာမျိုးမလုပ်ဖို့ e-cigarettes ထုတ်တဲ့ JUUL ကုမ္ပဏီကို ပြည်ထောင်စုအစိုးရတာဝန်ရှိသူတွေက သတိပေးထားပါတယ်။ e-cigarettes သောက်သူတွေကြား အဆုတ်ထိခိုက်ပြီး နာမကျန်းဖြစ်နေတာကို အရေးပေါ် ကိုင်တွယ်ဖြေရှင်းဖို့ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနက ဆောင်ရွက်နေပါတယ်။ အမေရိကန်နိုင်ငံတဝန်း e-cigarettes ကြောင့် သေဆုံးသူ ၆ ယောက် အပါအဝင် အဆုတ်နဲ့ဆိုင်တဲ့ ကျန်းမာရေးထိခိုက်နေသူ ၄၀၀ နီးပါးရှိနေပါတယ်။

.........

{Unicode}







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG