သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ငလျင် အနည်းဆုံး ၉ ဦးသေ


ထိုင်ဝမ်မှာ ငလျင်လှုပ်ခတ်အပြီး မြင်ရတဲ့မြင်ကွင်း (ဧပြီ ၃၊ ၂၀၂၄)
ထိုင်ဝမ်မှာ ငလျင်လှုပ်ခတ်အပြီး မြင်ရတဲ့မြင်ကွင်း (ဧပြီ ၃၊ ၂၀၂၄)

ထိုင်ဝမ်ကျွန်းမှာ ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံး၊ ၈၀၀ ကျော် ဒဏ်ရာရခဲ့ပြီး၊ လူ ၅၀ လောက်လည်း ပျောက်ဆုံးနေပါတယ်။ ဒေသစံတော်ချိန် မနက် ၈ နာရီလောက်မှာ ပြင်းအား ၇.၂ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာပါ။

အိမ်ပြိုကျတော့မလား ခံစားရတဲ့အထိ ငလျင်ရဲ့ အင်အားပြင်းလွန်းတဲ့အကြောင်း အသက် ၆၀ အရွယ် ဆေးရုံဝန်ထမ်း Chang Yu-Lin က သူ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

မြေအောက်အနက် ၉ မိုင်ခွဲကျော်လောက်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဂျပန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာပါ ဆူနာမီရေလှိုင်း အန္တရာယ် သတိပေးချက်တွေ ယာယီထုတ်ပြန်ခဲ့ကြရပေမဲ့ နောက်ပိုင်းမှာတော့ ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ငလျင်ဒဏ်ကို တရုတ်နိုင်ငံက တချို့နေရာတွေမှာလည်း ခံစားခဲ့ကြရပါတယ်။

လွန်ခဲ့တဲ့နှစ်အစိတ်က နောက်ဆုံးတကြိမ် ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ဒဏ်သင့်ခဲ့တုန်းက ထိုင်ဝမ်ကျွန်းမှာ လူပေါင်း ၂၄၀၀ လောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ အဆောက်အဦးတွေလည်း ပြိုကျပျက်စီးခဲ့ဖူးပါတယ်။

ထိုင်ဝမ်ငလျင် အနည်းဆုံး ၉ ဦးသေ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG