သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားက အကြမ်းဖက်စခန်းတွေကို အီဂျစ် လေကြောင်းတိုက်ခိုက်


တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အီဂျစ် ကော့ပတစ် ခရစ်ယာန်တွေရဲ့ အသုဘ အခမ်းအနား။ မေလ ၂၆ရက် ၂၀၁၇။
တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တဲ့ အီဂျစ် ကော့ပတစ် ခရစ်ယာန်တွေရဲ့ အသုဘ အခမ်းအနား။ မေလ ၂၆ရက် ၂၀၁၇။

အီဂျစ်နိုင်ငံမှာ သောကြာနေ့က ကော့ပ်တစ် ခရစ်ယာန် ဘာသာဝင်တွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ အဲဒီ အစ္စလာမ္မစ် စစ်သွေးကြွတွေကို စစ်သင်တန်းပေး လေ့ကျင့်ခဲ့တယ်လို့ ယူဆရတဲ့ လစ်ဗျားနိုင်ငံထဲက အကြမ်းဖက်သမားတွေရဲ့အခြေစိုက် စခန်းတွေကို အီဂျစ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့ပါတယ်။

ဘုရားကျောင်းကို သွားနေတဲ့ ကော့ပ်တစ် ခရစ်ယာန်တွေကို သဲကန္တာရထဲမှာ မျက်နှာဖုံး စွပ်ထားတဲ့ သေနတ်သမား တွေက ပစ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ဒီကိစ္စကို ပြန်လည် တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ အီဂျစ်သမ္မတ Abdel-Fattah el-Sissi က ရုပ်သံကနေ ပြောကြားခဲ့ပါတယ်။ သေနတ်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၈ ယောက်ရှိတယ်လို့ အီဂျစ် အာဏာပိုင်တွေ က ပြောပါတယ်။

အဲဒီ အကြမ်းဖက် သမားတွေရဲ့အခြေစိုက် စခန်းတွေကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့တယ်လို့ လစ်ဗျားနိုင်ငံ ထဲက ပစ်မှတ်တွေကို ရည်ညွှန်းပြီး အီဂျစ်သမ္မတ Sissi က ပြောပါတယ်။ အကြမ်းဖက် သမားတွေရဲ့ အခြေစိုက် စခန်းတွေ ဘယ်နေရာမှာပဲ ရှိနေပါစေ အီဂျစ်အနေနဲ့ တိုက်ခိုက်သွားဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ သူက ထပ်ပြောပါတယ်။

လစ်ဗျားနိုင်ငံထဲက ပစ်မှတ်ထား တိုက်ခိုက် ခံလိုက်ရတဲ့ အဲဒီစခန်းတွေဟာ ဘတ်စ်ကားကို တိုက်ခိုက်ခဲ့တဲ့ သူတွေနဲ့ ပတ်သက်မှု အခိုင်အမာ ရှိတယ်လို့ အီဂျစ်စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG