သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven Media သတင်းသမားသုံးဦး ဖမ်းဆီးခံရ


Eleven Media သတင်းသမားသုံးဦး ဖမ်းဆီးခံရ
Eleven Media သတင်းသမားသုံးဦး ဖမ်းဆီးခံရ

တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည် မဲ့စေတယ်ဆိုပြီး Eleven Media Group ကအယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက်ချုပ်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဒ်မ ၅၀၅ (ခ) နဲ့တရားစွဲဆို လိုက်ပါတယ်။ ဒီကနေ့သူတို့ ၃ ဦးစလုံး ကို တာမွေတရားရုံးမှာ ရမန်ယူပြီးနောက် တရားစွဲဆိုခံရသူ သုံးဦးကိုအင်းစိန်အကျဉ်းထောင်ကို ပို့ဆောင် လိုက်ပါတယ်။ လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့မေခကပေးပို့ထားပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည် မဲ့ စေတယ် ဆိုတဲ့အချက်နဲ့ Eleven Media Group မှ အယ်ဒီတာချုပ်၊ တာဝန်ခံ အယ်ဒီတာနဲ့ သတင်းထောက်ချုပ်တို့ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒီကနေ့သူတို့ ၃ဦးစလုံးကို တာမွေတရားရုံးမှာ ရမန်ယူပြီးနောက် တရားစွဲဆိုခံရ သူ သုံးဦးကို အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။

တရားစွဲဆိုတာနဲ့ပတ်သတ်လို့ အလဲဗင်းမီဒီယာသတင်းသမားတွေရဲ့ ရှေ့နေ အဖြစ်လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေဦးကြီးမြင့်က

" ဒီနေ့က အယ်ဒီတာ ၂ယောက်နဲ့ သတင်းထောက်ချုပ် ၁ယောက်ကို ၅၀၅(ခ)တရားစွဲပြီးအမှုတင်တဲ့နေ့ဘဲဖြစ်တယ်။ ဒီတော့ဆရာတို့ ပါဝါလဲတင်လို့မရဘူး။ အာမခံလည်းလေ ျှာက်လို့မရဘူး။ အမှုတင်ရုံပဲတင်တာဖြစ်လို့ မိတ္တူလဲကူးလို့မရသေးဘူး။ နောက်ရုံးချိန်း က၁၇ ရက်နေ့ပေးထားတော့ အဲဒီနေ့ကျမှ ဆရာတို့ပါဝါတင်ပြီးဆက်လုပ်ရမယ်။ တရားစွဲသူကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ညွှန်ကြားရေးမှုးဦးအောင်ကျော်ခိုင်ပါ။ တရားလိုလုပ်ဦးတိုက်လေ ျှာက်တာ။ အဓိကကတော့ ၈ရက်နေ့က weekly eleven မှာပါတဲ့ YBS နဲ့ပတ်သတ်တဲ့ဆောင်းပါးနဲ့ပတ်သတ်ပြီး ဖြိုးဝေရဲ့ရေးသား ချက်ကိုကောက်နှုတ်ပြီး တရားစွဲဆိုလိုက်တာပါ။ ပုဒ်မက ၅၀၅(ခ)ပါ။ ဆရာတို့ဒီရုံးချိန်းမှာက မိတ္တူလဲ မရသေးတော့ပြည့်ပြည့်စုံစုံမပြောနိုင်သေးတာပါ။"

တရားစွဲဆိုခံထားရတဲ့ အလဲဗင်းသတင်းထောက်ချုပ် ကိုဖြိုးဝေကတော့ လက်ရှိတရားစွဲဆိုမှုမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို အကြည်ညိုပျက်စေဖို့ ရည်ရွယ်ရေးသားခဲ့တာမဟုတ်ဘူးလို့ဆိုပါတယ်။

"အမှန်အတိုင်းဘဲဖြစ်မှာပါ။ အစိုးရလို့ဘဲသိရတယ်။ ကျန်တာမသိရဘူး။ ကျနော်အမှန်အတိုင်းဘဲရေး ထားတာပါ။ အကိုတို့လည်းဖတ်ရပါတယ်။"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှုဖွင့်တရားစွဲဆိုခဲ့သည့် အကြောင်းအရာကို တရားခွင်မှာ ဖတ်ကြားခဲ့တာမှာ သတင်းမှာပါဝင်ခဲ့တဲ့ အတိုင်း စီမံဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း အမည်အောက်တွင် ပြည်သူ့ဘဏ္ဍာ ရှယ်ယာထည့်ဝင်ထားခြင်း မဟုတ်ကြောင်း ဒီလို ရေးသားဖော်ပြမှုကြောင့် မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး အများနဲ့သက်ဆိုင်သောကုမ္ပဏီ တာဝန်ရှိသူများ၊ ရှယ်ယာဝင်များ စိတ်ကို ထိတ်လန့်စေတာ၊ ကြောက်ရွံ့စေတာ၊ ထူထောင်ထားသော ကုမ္ပဏီကို အများပြည်သူ အယုံအကြည် ပျက်စေတာတို့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့စေ တာမို့တရားစွဲရတယ်လို့ တာမွေတရားသူကြီး ကတရားစွဲရတဲ့ အချက်ကို ပြောပြခဲ့ပါတယ်။

တရားထောက်သုံးဦးကို မနေ့ အောက်တိုဘာလ ၉ ရက်နေ့ကတည်းက တရားစွဲဆိုခဲ့တာဖြစ်ပြီး၊ တရားစွဲဆိုခံရသူတွေဟာ တာမွေရဲစခန်းကို ဒီကနေ့မနက် လာရောက်စစ်ဆေးခံခဲ့ပါတယ်။ အခု စွဲဆိုထားတဲ့ ပုဒ်မဟာ ချက်ချင်းအာမခံ ပေးလို့မရတဲ့ ပုဒ်မဖြစ်တာမို့ ချဒ်မဖြစ်တာမို့လို့။ သူတို့ကို တာမွေတရားရုံးမှာ ရုံးချိန်ရမန်ယူပြီး ဒီကနေ့ပဲ အင်းစိန်ထောင်ကို ပို့ခဲ့တာဖြစ်ပါတယ်။

Eleven Media သတင်းသမားသုံးဦး ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:04:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG