သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven မီဒီယာ သတင်းသမားတချို့ အာဏာပိုင်တွေဖမ်းဆီးဖို့ ကြိုးပမ်း


Eleven မီဒီယာက သတင်းထောက်ချုပ်၊ တာဝန်ခံ အယ်ဒီတာအပါအဝင် သတင်းသမားသုံးဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အာဏာပိုင်တွေဘက်က ဖမ်းဆီးဖို့ ဒီနေ့ညပိုင်းမှာ Eleven မီဒီယာရုံးခန်းကို လာရောက် ရှာဖွေခဲ့ပါတယ်။

ကိုဖြိုးေ၀၀င်း၊ ကိုနရီမင်း၊ ကျော်ဇောလင်း တို့ သုံးယောက်ကို ဖမ်းဆီးဖို့ ပုဒ်မ ၅၀၅ (ခ) နဲ့ အရေးယူပေးဖို့ တာမွေတရားရုံးသို့ ဦးတိုက်လျှောက်ထားသည့်အတွက် လာရောက် ဖမ်းဆီးတာလို့ Eleven Media နဲ့ နီးစပ်တဲ့ ရပ်ကွက်က ပြောပါတယ်။ ဒါပေမဲ့လည်း ဘယ်သူက တရားလိုအဖြစ် တိုင်ကြား အမှုဖွင့်ထားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Eleven Media သတင်းစာဆောင်းပါး
Eleven Media သတင်းစာဆောင်းပါး

ဒီလို သတင်းထောက်တွေကို လာရောက် ရှာဖွေဖို့ စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းတိုင်ပင်တာ ရှိဘူးလို့လည်း နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီရက်ပိုင်း Eleven Media ဂျာနယ်မှာ ရန်ကုန်တိုင်းအစိုးရရဲ့ ဘဏ္ဍာရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး ဝေဖန်တဲ့ ဆောင်းပါးတွေ ဆက်တိုက်ဖေါ်ပြခဲ့ပြီးတဲ့နောက် အခုလို သတင်းထောက်တွေကို ဖမ်းဆီးဖို့ လာရောက်ရှာဖွေတယ်ဆိုတဲ့ သတင်းထွက်လာတာပါ။ ရှာဖွေတဲ့အချိန်မှာတော့ သတင်းထောက်တွေကို ရှာမတွေ့တဲ့အတွက် မဖမ်းခဲ့ရဘူးလို့ အမည်မဖေါ်လိုသူ တာဝန်ရှိရဲအရာရှိတဦးက VOA က အတည်ပြု ပြောဆိုပါတယ်။

Eleven မီဒီယာ သတင်းသမားတချို့ အာဏာပိုင်တွေဖမ်းဆီးဖို့ ကြိုးပမ်း
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG