သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ ႏုိင္ငံသားပုိင္ Hemp ေလွ်ာ္ပင္စုိက္ပ်ဳိးေရး၀န္ထမ္း ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္ခံရ


ကိုရွိန္းလတ္ ႏွင့္ အေမရိကန္ ႏုိင္ငံသား John Frederic Todoroki ကို ေမလ ၇ ရက္ေန႔တြင္ ရံုးထုတ္စဥ္

(Zawgyi/Unicode)

မႏၱေလးတိုင္း ငါးဇြန္ၿမိဳ႕နယ္ ၿမိဳ႕သာ စက္မႈဇုန္မွာ ေဆးေျခာက္ အႏြယ္၀င္လို႔ ဆိုတဲ႔ Hemp ေလွ်ာ္ပင္ စိုက္ပ်ိဳးေရးျခံမွာ အလုပ္လုပ္တဲ႔ ကိုရွိန္းလတ္ကို မူးယစ္ေဆး၀ါးနဲ႔ စိတ္ကိုေျပာင္းလဲေစတဲ႔ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒနဲ႔ တရားရံုးက ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္လိုက္ပါတယ္။

ဧက ၂၀ ရွိတဲ႔ Hemp ေလွ်ာ္ပင္ စိုက္ပ်ိဳးေရး ၿခံကို ၿပီးခဲ႔တဲ႔ႏွစ္ ဧၿပီလက ရဲက ၀င္ေရာက္စီးနင္းၿပီး ကိုရွိန္းလတ္ အပါအ၀င္ သံုးဦးကို ဖမ္းဆီးခဲ႔တာပါ။ ရဲတပ္ဖြဲ႔ဘက္ကေတာ့ ေဆးေျခာက္ႏြယ္၀င္ အပင္ေတြ စိုက္ပ်ိဳးမႈက ဥပေဒနဲ႔ မညီဘူးလို႔ ေျပာဆိုထားတာပါ။ ကိုရွိန္းလတ္ကေတာ့သူက စိုက္ခင္းမွာ ေရေလာင္းေပးသူသာ ျဖစ္တယ္လို႔ ေျပာဆိုထားတာပါ။

ကိုရွိန္းလတ္ရဲ႕ ေရွ႕ေန ဦးသိန္းသန္းဦးကလည္း ကိုရွိန္းလတ္ဘက္က အမွားအယြင္း လုပ္ခဲ႔တာ မရွိဘူးလို႔ ယံုၾကည္ထားေၾကာင္းနဲ႔ အျမန္ဆံုး အယူခံ၀င္မယ္လို႔ ေျပာပါတယ္။ မႏၱေလးတုိင္းထဲမွာ ေဆးေျခာက္ႏြယ္၀င္ Hemp ေလွ်ာ္ပင္ စိုက္ပ်ိဳးေရး လုပ္ခဲ႔တဲ႔ III M Global Nutraceutical ကေတာ့ ဒီ Hemp ေလွ်ာ္ပင္ေတြက အဆိပ္အေတာက္ မရွိတဲ႔ ေဆးေျခာက္ႏြယ္၀င္ အပင္ ျဖစ္ၿပီး က်န္းမာေရး အက်ိဳးအျမတ္ ရွိေစတယ္လို႔ ယံုၾကည္ရတဲ႔ ေဆးအဆီ ထုတ္ႏုိင္တယ္လို႔ ေျပာဆိုထားပါတယ္။

ေဆးေျခာက္ကေနလည္း အခုလို အဆီ ထုတ္ႏုိင္တာပါ။ ဒါေပမယ့္္လည္း ေဆးေျခာက္က ထုတ္တဲ႔ အဆီကေတာ့ စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲေစႏုိင္ပါတယ္။ ျမန္မာ ဥပေဒမွာေတာ့ Hemp ေလွ်ာ္ပင္နဲ႔ ပတ္သက္ၿပီး ရွင္းရွင္းလင္းလင္း ခြဲျခားထားတာ မရွိပါဘူး။ Hemp ေလွ်ာ္ပင္ စိုက္ပ်ိဳးတဲ႔ ကုမၸဏီကေတာ့ မႏၱေလးတိုင္း အစိုးရရဲ႕ ခြင့္ျပဳခ်က္ရထားတာလို႔ ေျပာပါတယ္။ ကုမၸဏီရဲ႕ အဓိက ပိုင္ရွင္ ျဖစ္တဲ႔ အေမရိကန္ လုပ္ငန္းရွင္ John Todoroki ကိုေတာ့ က်န္းမာေရး အေၾကာင္းျပခ်က္နဲ႔ ၿပီးခဲ႔တဲ႔ႏွစ္ ဇူလိုင္လက အာမခံနဲ႔ လႊတ္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ကန် နိုင်ငံသားပိုင် Hemp လျှော်ပင်စိုက်ပျိုးရေးဝန်ထမ်း ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

(Unicode)

မန္တလေးတိုင်း ငါးဇွန်မြို့နယ် မြို့သာ စက်မှုဇုန်မှာ ဆေးခြောက် အနွယ်ဝင်လို့ ဆိုတဲ့ Hemp လျှော်ပင် စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်တဲ့ ကိုရှိန်းလတ်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

ဧက ၂၀ ရှိတဲ့ Hemp လျှော်ပင် စိုက်ပျိုးရေး ခြံကို ပြီးခဲ့တဲ့နှစ် ဧပြီလက ရဲက ဝင်ရောက်စီးနင်းပြီး ကိုရှိန်းလတ် အပါအဝင် သုံးဦးကို ဖမ်းဆီးခဲ့တာပါ။ ရဲတပ်ဖွဲ့ဘက်ကတော့ ဆေးခြောက်နွယ်ဝင် အပင်တွေ စိုက်ပျိုးမှုက ဥပဒေနဲ့ မညီဘူးလို့ ပြောဆိုထားတာပါ။ ကိုရှိန်းလတ်ကတော့သူက စိုက်ခင်းမှာ ရေလောင်းပေးသူသာ ဖြစ်တယ်လို့ ပြောဆိုထားတာပါ။

ကိုရှိန်းလတ်ရဲ့ ရှေ့နေ ဦးသိန်းသန်းဦးကလည်း ကိုရှိန်းလတ်ဘက်က အမှားအယွင်း လုပ်ခဲ့တာ မရှိဘူးလို့ ယုံကြည်ထားကြောင်းနဲ့ အမြန်ဆုံး အယူခံဝင်မယ်လို့ ပြောပါတယ်။ မန္တလေးတိုင်းထဲမှာ ဆေးခြောက်နွယ်ဝင် Hemp လျှော်ပင် စိုက်ပျိုးရေး လုပ်ခဲ့တဲ့ III M Global Nutraceutical ကတော့ ဒီ Hemp လျှော်ပင်တွေက အဆိပ်အတောက် မရှိတဲ့ ဆေးခြောက်နွယ်ဝင် အပင် ဖြစ်ပြီး ကျန်းမာရေး အကျိုးအမြတ် ရှိစေတယ်လို့ ယုံကြည်ရတဲ့ ဆေးအဆီ ထုတ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

ဆေးခြောက်ကနေလည်း အခုလို အဆီ ထုတ်နိုင်တာပါ။ ဒါပေမယ့်လည်း ဆေးခြောက်က ထုတ်တဲ့ အဆီကတော့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲစေနိုင်ပါတယ်။ မြန်မာ ဥပဒေမှာတော့ Hemp လျှော်ပင်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ခွဲခြားထားတာ မရှိပါဘူး။ Hemp လျှော်ပင် စိုက်ပျိုးတဲ့ ကုမ္ပဏီကတော့ မန္တလေးတိုင်း အစိုးရရဲ့ ခွင့်ပြုချက်ရထားတာလို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ အဓိက ပိုင်ရှင် ဖြစ်တဲ့ အမေရိကန် လုပ်ငန်းရှင် John Todoroki ကိုတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အာမခံနဲ့ လွှတ်လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG