သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို တရုတ်ဖိအားပေးပြီလား


ပြုံယမ်းမြို့က ဓါတ်ဆီဆိုင်တဆိုင်
ပြုံယမ်းမြို့က ဓါတ်ဆီဆိုင်တဆိုင်

မြောက်ကိုရီးယား နိုင်ငံမှာ လောင်စာဆီ မလောက်မငှ ဖြစ်မှာကို စိုးရိမ်နေကြချိန်မှာပဲ အကန့် အသတ်နဲ့ စပေးတာတွေ ဆိုင်တွေပိတ်တာတွေ ဖြစ်လာတာမို့ မြို့တော် ပြုံယမ်းက ဓါတ်ဆီဆိုင်တွေမှာ ကားတွေ ဆီတန်းစီ နေကြပါတယ်။

သံတမန်တွေ ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကားတွေကိုသာ ဓါတ်ဆီရောင်း မှာ ဖြစ်ပြီး ဒေသခံတွေကို မရောင်းဖို့ ပြုံယမ်းမြို့တော်က ဆိုင်တဆိုင်အပြင်မှာ သောကြာ .နေ့က ဆိုင်းဘုတ် တင်ထားတာ တွေ့ရပါတယ်။

ဘယ်လောက်ကြာကြာ အခုလို ကန့်သတ်ထားမယ် ဆိုတာ လောလောဆယ် မသိရသေး ပါဘူး။ မြောက်ကိုရီးယားဟာ လောင်စာဆီအတွက် တရုတ်နိုင်ငံကို အားကိုးနေ ရတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည်တွေနဲ့ နျူကလီယား လက်နက်တွေ ထုတ်လုပ်မှု တိုးမြှင့်ခဲ့တဲ့ နောက်ပိုင်း အခု နိုင်ငံတကာရဲ့ အရေးယူမှုတွေကို အားဖြည့်တဲ့အနေနဲ့ တရုတ်အစိုးရကလည်း ပိုပြီး တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတယ်လို့ သတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒါ့ကြောင့် အခုလို လောင်စာဆီ အကြပ်အတည်း ဖြစ်လာ တာဟာ တရုတ်အစိုးရရဲ့ ဖိအားပေးမှုလို့ တွက်ဆနေကြတာပါ။

အရင်က တစ်ကီလိုဂရမ်ကို ဆင့် ၇၀- ၈၀ နဲ့ ရောင်းပေမယ့် အခု ဓါတ်ဆီဈေးဟာ တကီလိုဂရမ်ကို တဒေါ်လာ ၂၅ ဆင့် ပေးနေရပါတယ်။ ဒီကန့်သတ်မှုတွေဟာ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG