သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂလန် နဲ့ ဂျပန် ရှုံးပေမဲ့ ဒုတိယအဆင့်တက်


အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ် ကစားစဉ်
အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ် ကစားစဉ်

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို ကြာသပတေးနေ့က ကစားကြတာမှာ အုပ်စု G က အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ်ပွဲမှာ ဘယ်လ်ဂျီယမ်က ၁ ဂိုး ဂိုးမရှိ၊ ပနားမားနဲ့ တူနီးရှားပွဲမှာ တူနီးရှားက ၂ ဂိုး ၁ ဂိုးနဲ့ အသီးသီး အနိုင်ရသွားကြ ပါတယ်။

ဒါကြောင့် အုပ်စု G မှာ ဘယ်လ်ဂျီယမ်က အုပ်စုပထမ၊ အင်္ဂလန်က အုပ်စုဒုတိယနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်သွားပြီး ပနားမားနဲ့ တူနီးရှားကတော့ ပြိုင်ပွဲကနေ ထွက်သွားရပါပြီ။

အစောပိုင်းကန်တဲ့ အုပ်စု H ပွဲတွေမှာ ပိုလန်က ဂျပန်ကို ၁ ဂိုး ဂိုးမရှိ၊ ကိုလမ်ဘီယာက ဆီနီဂေါလ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရပြီး ကိုလမ်ဘီယာက အုပ်စုပထမ၊ ဂျပန်က အုပ်စုဒုတိယနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်သွားပါတယ်။

အုပ်စု G ပထမ ဘယ်လ်ဂျီယမ်အသင်းဟာ အုပ်စု H ဒုတိယ ဂျပန်အသင်းနဲ့ ၁၆ သင်းအဆင့်မှာ ကန်ရမှာဖြစ်ပြီး အုပ်စု G ဒုတိယ အင်္ဂလန်အသင်းဟာ အုပ်စု H ပထမ ကိုလမ်ဘီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။

ဇွန်လ ၂၉ ရက် သောကြာနေ့မှာ ပွဲစဉ်တွေ ရပ်နားထားပြီး ၃၀ ရက်နေ့မှာ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲတွေ စပြီး ယှဉ်ပြိုင်ကစားကြ မှာဖြစ်ပါတယ်။

၁၆ သင်း ရှုံးထွက်ပွဲစဉ် အသေးစိတ်နဲ့ ကွာတားဖိုင်နယ် တက်နိုင်ခြေ အသင်း ၈ သင်း ခန့်မှန်းချက်ကို သတင်းတွေအပြီး ထုတ်လွှင့်မယ့် သတင်းလွှာမှာ စောင့်မျှော် နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG