သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား တနင်္ဂနွေပွဲများ အင်္ဂလန်နဲ့ ကိုလမ်ဘီယာတို့ အနိုင်ရ


ကိုလမ်ဘီယာအတွက် တတိယဂိုးကို သွင်းယူနေသည့် Juan Cuadrado ။ ၂၄ ဇွန် ၂၀၁၈။
ကိုလမ်ဘီယာအတွက် တတိယဂိုးကို သွင်းယူနေသည့် Juan Cuadrado ။ ၂၄ ဇွန် ၂၀၁၈။

ဇူလိုင်လ ၂၄ ရက် တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာတော့ နာမည်ကြီး အင်္ဂလန် အသင်းနဲ့ လက်တင်အမေရိက ကိုလမ်ဘီယာအသင်းတို့ အသီးသီးအနိုင်ရကြပါတယ်။

အုပ်စု G က အင်္ဂလန်နဲ့ ပနားမားပွဲမှာ အင်္ဂလန်က ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။ အုပ်စု G မှာ လေးသင်းလုံး နှစ်ပွဲစီကစားပြီးတဲ့နောက် အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ်တို့က နှစ်ပွဲစီနိုင် ၆ မှတ်စီရထားပြီး တူနီးရှားနဲ့ ပနားမားတို့က နှစ်ပွဲစီရှုံးထားပြီး တမှတ်မှ မရသေးပါဘူး။

ပနားမားအတွက် တလုံးတည်းသောဂိုးကို သွင်းယူပြီးနောက် အောင်ပွဲခံနေသည့် Blas Perez ။ ၂၄ ဇွန် ၂၀၁၈။
ပနားမားအတွက် တလုံးတည်းသောဂိုးကို သွင်းယူပြီးနောက် အောင်ပွဲခံနေသည့် Blas Perez ။ ၂၄ ဇွန် ၂၀၁၈။

အုပ်စု G ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေအဖြစ် မြန်မာစံတော်ချိန် ဇွန်လ ၂၉ ရက်၊ မနက် ၁၂ နာရီခွဲမှာ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယမ်၊ ပနားမားနဲ့ တူနီးရှားတို့ ယှဉ်ပြိုင် ကစားကြမှာဖြစ် ပါတယ်။

အုပ်စု H ရဲ့ အုပ်စုဒုတိယပွဲစဉ်တွေအဖြစ် ဂျပန်နဲ့ ဆီနီဂေါလ်တို့ တဘက် ၂ ဂိုးစီနဲ့ သရေကျပြီး ပိုလန်နဲ့ ကိုလမ်ဘီယာတို့ပွဲမှာ ကိုလမ်ဘီယာက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါ တယ်။

ဂျပန်အတွက် ဒုတိယချေပဂိုးကို သွင်းယူနေသည့် Keisuke Honda ။ ၂၄ ဇွန် ၂၀၁၈။
ဂျပန်အတွက် ဒုတိယချေပဂိုးကို သွင်းယူနေသည့် Keisuke Honda ။ ၂၄ ဇွန် ၂၀၁၈။

ကိုလမ်ဘီယာအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူနေသည့် Yerry Mina ။ ၂၄ ဇွန် ၂၀၁၈။
ကိုလမ်ဘီယာအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူနေသည့် Yerry Mina ။ ၂၄ ဇွန် ၂၀၁၈။

အုပ်စု H မှာ နှစ်ပွဲစီကစားပြီးတဲ့နောက် ဂျပန်နဲ့ ဆီနီဂေါလ်တို့က တပွဲစီနိုင်၊ တပွဲစီ သရေ ကျထားပြီး ၄ မှတ်စီရထားပါတယ်။ ကိုလမ်ဘီယာက တပွဲနိုင် တပွဲရှုံး ၃ မှတ်နဲ့ ပိုလန် ကတော့ အမှတ်မရသေးပါဘူး။

အုပ်စု H ရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်တွေအဖြစ် ဂျပန်နဲ့ ပိုလန်၊ ဆီနီဂေါလ်နဲ့ ကိုလမ်ဘီယာ တို့ မြန်မာစံတော်ချိန် ဇွန်လ ၂၈ ရက် ည ၈ နာရီခွဲမှာ တပြိုင်နက်ထဲ ယှဉ်ပြိုင် ကစားကြ မှာဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်တွေထဲမှာ ပထမဆုံးအနေနဲ့ မြန်မာစံတော်ချိန် ဇွန်လ ၂၅ ရက် ည ၈ နာရီခွဲမှာ တပြိုင်နက်ထဲ စပြီး ကစားကြမှာကတော့ အုပ်စု A က ဆော်ဒီ အာရေးဘီးယား နဲ့ အီဂျစ်၊ ဥရုဂွေးနဲ့ အိမ်ရှင်ရုရှားတို့ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက် မနက် ၁၂ နာရီခွဲမှာ အုပ်စု B က အီရန်နဲ့ ပေါ်တူဂီ၊ စပိန်နဲ့ မော်ရိုကိုတို့ တပြိုင်ထဲ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါ တယ်။

လက်ရှိမှာကတော့ အုပ်စု A မှာ အိမ်ရှင် ရုရှားနဲ့ ဥရုဂွေးတို့က နှစ်ပွဲစီနိုင်၊ ၆ မှတ်စီရ ထားပြီး အီဂျစ်နဲ့ ဆော်ဒီ အာရေးဘီးယားတို့ ကတော့ နှစ်ပွဲစီရှုံးထားတာကြောင့် အမှတ် မရသေးပါဘူး။

အုပ်စု B မှာ နာမည်ကြီး စပိန်နဲ့ ပေါ်တူဂီတို့ တပွဲစီနိုင်၊ တပွဲစီသရေနဲ့ ၄ မှတ်စီရထားပြီး အီရန်က တပွဲနိုင် တပွဲရှုံး ၃ မှတ်နဲ့ မော်ရိုကိုကတော့ အမှတ်မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG