သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်စီခြေမပေါ်တဲ့ အာဂျင်တီးနားကို ခရိုအေးရှား ၃ ဂိုးပြတ်နိုင်


အာဂျင်တီးနားဘောလုံးသမား မက်ဆီ
အာဂျင်တီးနားဘောလုံးသမား မက်ဆီ

ဇွန်လ၂၁ရက်နေ့က ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွေထဲမှာ အုပ်စု C က ဒိန်းမတ်နဲ့ သြစတေးလျှ ၁ဂိုးစီ သရေကျ ခဲ့ပါတယ်။ ဒိန်းမတ်က ဂိုးအရင်စသွင်းခဲ့တာပါ နောက်ပိုင်းမှာ ဂိုးဧရီယာအတွင်း ဒိန်းမတ်ကစားသမားရဲ့လက်နဲ့ထိခဲ့လို့ ပင်နလ်တီရပြီး သြစတေးလျှက ချေပဂိုးနဲ့ သရေဖြစ်ခဲ့တာပါ။ ပြင်သစ်နဲ့ပီရူးပွဲမှာတော့ ပြင်သစ်က ပီရူးကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

မနေ့ကနောက်ဆုံးကစားခဲ့တဲ့ အုပ်စု D က အာဂျင်တီးနားနဲ့ ခရိုအေးရှားပွဲကတော့ အထူးခြားဆုံးလို့ ဆိုရမှာပါ။ ကမ္ဘာ့ဖလားကို ၂ကြိမ်ပိုင်ခဲ့ဖူးတဲ့ ကမ္ဘာကျော်အာဂျင်တီးနားဟာ ခရိုအေးရှားအသင်းကို ၃ဂိုး ဂိုးမရှိနဲ့အရှုံးပေး ခဲ့ရပါတယ်။ လူကြိုက်များတဲ့ အာဂျင်တီးနားဘောလုံးသမား မက်ဆီ ဒီတပွဲမှာလည်းခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

မနက်ဖြန်ဇွန် ၂၂ ရက်မှာ ကစားကြမယ့်ပွဲတွေကတော့ အုပ်စုE က ဘရာဇီးလ်နဲ့ ကော်စတာရီကာ၊ အုပ်စု Dက နိုက်ဂျီးရီးယားနဲ့ အိုက်စလန် အုပ်စု Eက ဆားဘီးယားနဲ့ ဆွစ်ဇာလန်အသင်းတို့ဖြစ်ကြပါတယ်။ ကမ္ဘာကျော် ဘရာဇီးအသင်းလည်း ပထမပွဲတုန်းက ဆွစ်ဇာလန်ကို အနိုင် မကန်နိုင်ခဲ့ပါဘူး။ ၁ဂိုးစီသရေကျခဲ့ပါတယ်။ မနက်ဖြန် ဘရာဇီးအခြေအနေ ဘယ်လိုလဲ အာဂျင်တီး နားလို နာမည်ကြီးထမင်းငတ်ဖြစ်နေမလားဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG