သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Add စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ပေါင်းတယ် လို့အဓိပ္ပါယ်ရတဲ့ Add ဝေါဟာရကို အခြေခံတဲ့ Add insult to injury, Add fuel to the fire နဲ့ Add up တို့ကိုတင်ပြထားပါတယ်။

(၁) Add insult to injury

Add (ထပ်ပေါင်းတာ) insult (စော်ကားတာ)၊ to (သို့)၊ injury (ဒဏ်ရာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဒဏ်ရာရလို့ နာနေရတဲ့အထဲ စော်ကားတာကို ခံရတာ ဖြစ်ပါတယ်။ ဒီအသုံးဟာ မြန်မာမှာ အနီးဆုံးဖြစ်တဲ့ အနာပေါ် တုတ်ကျတာနဲ့ တူတယ်လို့ ဆိုရမှာပါ။ ဒဏ်ရာရလို့ နာနေရတဲ့အထဲ တုတ်က အဲဒီဒဏ်ရာပေါ်ကျလို့ နာကျင်မှုဟာ ပိုဆိုးတာကို ဆိုလိုပါတယ်။ ဒါ့အပြင် နောက်ဆိုရိုးတွေဖြစ်တဲ့ ဘူးလေးရာ ဖရုံဆင့်၊ ရေနစ်တဲ့လူ၊ ဝါးကူလို့ထိုး အစရှိတဲ့ အသုံးတွေနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ အခြေအနေဆိုးနဲ့ ကြုံတွေ့ရတဲ့လူဟာ နောက်ထပ်ဒုက္ခ ထပ်တွေ့ရတဲ့ အခြေအနေကို ကြုံရတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ နဂိုက ဆိုးပြီးသာအခြေအနေ ပိုဆိုးလာတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Protesters at the factory were arrested by police. Adding insult to injury they also lost to jobs.
စက်ရုံမှာ ဆန္ဒပြနေကြသူတွေ ဟာ ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံကြရတယ်။ ဒါ့ထက်သူတို့အတွက် အခြေအနေ ပိုဆိုးတာကတော့ အလုပ်ဖြုတ်ခံကြရတယ်။

(၂) Add fuel to the fire

Add (ထပ်ပေါင်းတာ)၊ fuel (လောင်စာ)၊ to (သို့)၊ the fire (မီး) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လောင်နေတဲ့ မီးထဲကို လောင်စာ ထပ်ထည့်လိုက်တာ ဖြစ်ပါတယ်။ လောင်နေတဲ့ မီးထဲကို ဓါတ်ဆီ၊ ရေနံဆီ စတဲ့ လောင်စာတွေ ထပ်ထည့်လိုက်ရင် မီးတောက်ဟာ ပိုကြီးလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ဆိုးပြီးသာ အခြေအနေဟာ ပိုဆိုးလာတာ ဖြစ်ပါတယ်။ ဆိုးနေတဲ့ အခြေအနေ ပိုပြီးဆိုးရလေအောင် လှုံဆော်ပေးတာ၊ ဆွပေးတာ၊ နဂိုရ်က ဒေါသထွက်နေတဲ့လူကို ပိုဒေါသထွက်အောင် လုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ အနီးကပ်ဆုံး မြန်မာအသုံးမှာ မီးလောင်ရာ လေပင့်နဲ့ တူတယ်လို့ ဆိုရမှာပါ။ လေတိုက်ရင်လည်း မီးတောက်က ပိုကြီးလာနိုင်တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

People are unhappy because the cost of living is high. So raising taxes will only add fuel to the fire.
နေ့စဉ် စားဝတ်နေရေး ကုန်ကျစရိတ်က ကြီးနေတော့ လူတွေကအတော်မကျေနပ်ကြဘူးလေ။ ဒါကြောင့် အခွန်ငွေ တိုးကောက်မယ်ဆိုရင် မီးလောင်းရာ လေပင့် ဖြစ်လိမ့်မယ်။

(၃) Add up

Add (ပေါင်းတာ) up (အပေါ်) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပေါင်းတဲ့နေရာမှာ ထပ်ပြီးပေါင်းတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံက နှစ်မျိုး ရှိပါတယ်။ တမျိုးကတော့ ရှင်းပြတဲ့အချက်အလက်တွေဟာတခုနှင့်တခုဆက်စပ်မှုရှိပြီး ၊ အဓိပ္ပါယ်ရှိတာ လက်ခံနိုင်စရာရှိတာ၊ ဖြစ်နိုင်စရာရှိတာကို ဆိုလိုပါတယ်။ တနည်း ရှင်းလင်းချက်တွေ တခုနဲ့တခု ဆက်စပ်ကြည့်ရင် ဆီလျော်တယ်ဆိုရင် They add up လို့ပြောနိုင်သလို၊ မဆီလျော်ဘူး၊ လံကြုတ်လုပ်ကြံပြောတယ်လို့ယူဆရင် They don’t add up လို့ပြောနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John’s story about being late for work didn’t add up. I think he’s making it up.
John က သူ အလုပ်နောက်ကျရတဲ့အကြောင်း ရှင်းပြတာ ယုံနိုင်စရာ မရှိဘူး။ သူ လုပ်ကြံပြောနေတယ်လို့ ကျနော် ထင်တယ်။

Add up ရဲ့ နောက်အဓိပ္ပါယ်တမျိုးကတော့ ဟိုတခုဒီတခုနဲ့ ပေါင်းလိုက်ရင် များလာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် ငွေကြေးအသုံးစရိတ်နဲ့ပတ်သက်လာရင်ပေါ့၊ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary has three kids. So her monthly grocery bill adds up.
Mary က ကလေး (၃) ယောက် ရှိတယ်လေ။ ဒါကြောင့် သူ ဟင်းချက်ဖို့ဝယ်တဲ့ လစဉ် ကုန်ကျစရိတ်ဟာ ဟိုဟာဝယ် ရ၊ ၊ဒီဟာဝယ်ရ နဲ့ ပေါင်းလိုက်ရင်များတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Add စကားလုံးကို အခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Add insult to injury, Add fuel to the fire နဲ့ Add up တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG