သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ ဌာနေတိုင်းရင်းသား အခွင့်အရေး ဖွဲ့စည်းပုံမှာထည့်သွင်းရေး အောက်တိုဘာမှာဆန္ဒခံယူမည်


သြစတြေးလျ ဌာနေတိုင်းရင်းသား အခွင့်အရေးဆန္ဒထုတ်ဖော်ခဲ့ကြစဉ် (သြဂုတ် ၁၉၊ ၂၀၂၁)
သြစတြေးလျ ဌာနေတိုင်းရင်းသား အခွင့်အရေးဆန္ဒထုတ်ဖော်ခဲ့ကြစဉ် (သြဂုတ် ၁၉၊ ၂၀၂၁)

ဩစတြေးလျနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဌာနေတိုင်းရင်းသားတွေ အခွင့်အရေး အလေးပေး ထည့်သွင်းဖို့ လူထု ဆန္ဒခံယူပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကျင်းပမယ်လို့ ဝန်ကြီးချုပ် Anthony Albanese က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“တခြားရွေးချယ်စရာ နည်းလမ်းကို ကြည့်မယ်ဆိုရင် - ဒီအဆိုကို မထောက်ခံတဲ့အတွက် ဘယ်မှ ရောက်မှာ မဟုတ်ပါဘူး။ ဘာပြောင်းလဲမှုမှလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကန့်ကွက်မဲပေးခြင်းအားဖြင့် အနာဂတ်ကို သွားနိုင်မယ့် လမ်းကြောင်းကို ပိတ်လိုက်ပြီး ဖြစ်သွားပါမယ်။ ဖွဲ့စည်းပုံထဲထည့်ပြီး အသိအမှတ်ပြုမယ့်အစီအစဉ်ကို မဟန့်တားလိုက်ပါနဲ့လို့ ကျနော် ပြောချင်ပါတယ်၊ သူတို့အတွက် ကောင်းမွန်တဲ့ရလဒ် ရရှိနိုင်ရေး တောင်းဆိုနေကြတဲ့ လူမှုအသိုက်အဝန်းတွေရဲ့အသံတွေကို နားထောင်ပေးကြပါ” - လို့ ဝန်ကြီးချုပ် Albanese က ပြောသွားပါတယ်။

အခုလုပ်မယ့် လူထုဆန္ဒခံယူပွဲအရ ဌာနေ Aborigin နဲ့ Torres Straight ကျွန်းသားတွေအရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် လွတ်တော်အမတ်တွေကို အကြံပေးနိုင်မဲ့ Voice to Parliament လို့ခေါ်တဲ့ ကော်မီတီတရပ်ဖွဲ့စည်းဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

ဩစတြေးလျ လူဦးရေ ၂၆ သန်းရဲ့ ၃% ဟာ ဌာနေတိုင်းရင်းသားတွေဖြစ်ပေမယ့် ဒီနေရာမှာ နှစ်ပေါင်း ၆ သောင်းကြာလောက် နေထိုင်လာကြတဲ့ သူတို့အကြောင်းကို ဩစတြေးလျဖွဲ့စည်းပုံမှာ တလုံးမှ ဖော်ပြထားခြင်းမရှိပါဘူး။

ဗြိတိသျှကိုလိုနီလက်ထက်ကစ ဖိနှိပ်ချုပ်ခြယ်ခံခဲ့ရတဲ့ ဌာနေတိုင်းရင်းသားတွေဟာ ၁၉၆၀ ပြည့်လွန် ကာလရောက်မှသာ မဲပေးခွင့်ရကြတာဖြစ်သလို၊ ကျန်တဲ့လူအများစုအောက်မှာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရတာပါ။

XS
SM
MD
LG