(Zawgyi / Unicode)
အီသီယိုးပီးယားႏိုင္ငံမွာ တိုက္ခိုက္မႈေတြ ရပ္ၾကဖို႔ ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ေသာၾကာေန႔မွာ ေတာင္းဆိုခဲ့သလို ႏိုင္ငံေျမာက္ပိုင္း Tigray ေဒသမွာ ပဋိပကၡ ျပင္းထန္လာတာနဲ႔ ပတ္သက္လို႔ အထူးစိုးရိမ္ေၾကာင္းလည္း ထုတ္ျပန္ခဲ့ပါတယ္။
အီသီယိုးပီးယားက သက္ဆိုင္သူအားလံုး အေနနဲ႔ "တိုက္ခိုက္တာေတြ အဆံုးသတ္ၿပီး ေရရွည္ခံမယ့္ အပစ္အခတ္ ရပ္စဲေရးအတြက္ ေစ့စပ္ညႇိႏႈိင္းဖို႔" အဖြဲ႔ဝင္ ၁၅ ႏုိင္ငံလံုးရဲ႕ အတည္ျပဳခ်က္နဲ႔ ထုတ္ျပန္ခ်က္ထဲမွာ လံုၿခံဳေရးေကာင္စီက တိုက္တြန္းထားပါတယ္။
"မီးထုိးေပးတဲ့ အမုန္းစကား ေျပာဆိုတာေတြ၊ အၾကမ္းဖက္လုပ္ရပ္နဲ႔ ေသြးခြဲတာကို ေျမႇာက္ေပးတာေတြကေန ေရွာင္ၾကဥ္ၾကဖို႔" လည္း လံုၿခံဳေရးေကာင္စီက ေတာင္းဆိုထားပါတယ္။
Tigray ေဒသမွာ ပဋိပကၡ စတင္ခဲ့တဲ့ ႏွစ္ပတ္လည္ေန႔အၿပီး ေနာက္တရက္မွာ လံုၿခံဳေရးေကာင္စီရဲ႕ အခုထုတ္ျပန္ခ်က္ ထြက္လာတာပါ။
အီသီယိုးပီးယား ပဋိပကၡ စျဖစ္ကတည္းကဆိုရင္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက အခုလုိ ထုတ္ျပန္ေျပာဆိုတာ ဒုတိယအႀကိမ္ပဲ ရွိပါေသးတယ္။
ဒါေပမယ့္လည္း တိုက္ခိုက္မႈေတြကို ‘ႁခြင္းခ်က္မဲ့’ ‘ခ်က္ခ်င္း’ အဆံုးသတ္ဖို႔ ေတာင္းဆိုတဲ့ စာသားကိုေတာ့ ႐ုရွားက ကန္႔ကြက္တာေၾကာင့္ ထုတ္ျပန္ခ်က္ထဲကေန ျပန္ျဖဳတ္ေပးခဲ့ရတယ္လုိ႔ အဖြဲ႔ဝင္ႏုိင္ငံေတြက ေျပာတဲ့အေၾကာင္း ေအပီသတင္းမွာ ေရးထားပါတယ္။
------------------------
(Unicode)
အီသီယိုးပီးယားနိုင်ငံတွင်း တိုက်ခိုက်မှုများရပ်ဖို့ ကုလလုံခြုံရေးကောင်စီ တိုက်တွန်း
အီသီယိုးပီးယားနိုင်ငံမှာ တိုက်ခိုက်မှုတွေ ရပ်ကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သောကြာနေ့မှာ တောင်းဆိုခဲ့သလို နိုင်ငံမြောက်ပိုင်း Tigray ဒေသမှာ ပဋိပက္ခ ပြင်းထန်လာတာနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။
အီသီယိုးပီးယားက သက်ဆိုင်သူအားလုံး အနေနဲ့ "တိုက်ခိုက်တာတွေ အဆုံးသတ်ပြီး ရေရှည်ခံမယ့် အပစ်အခတ် ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းဖို့" အဖွဲ့ဝင် ၁၅ နိုင်ငံလုံးရဲ့ အတည်ပြုချက်နဲ့ ထုတ်ပြန်ချက်ထဲမှာ လုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။
"မီးထိုးပေးတဲ့ အမုန်းစကား ပြောဆိုတာတွေ၊ အကြမ်းဖက်လုပ်ရပ်နဲ့ သွေးခွဲတာကို မြှောက်ပေးတာတွေကနေ ရှောင်ကြဉ်ကြဖို့" လည်း လုံခြုံရေးကောင်စီက တောင်းဆိုထားပါတယ်။
Tigray ဒေသမှာ ပဋိပက္ခ စတင်ခဲ့တဲ့ နှစ်ပတ်လည်နေ့အပြီး နောက်တရက်မှာ လုံခြုံရေးကောင်စီရဲ့ အခုထုတ်ပြန်ချက် ထွက်လာတာပါ။
အီသီယိုးပီးယား ပဋိပက္ခ စဖြစ်ကတည်းကဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခုလို ထုတ်ပြန်ပြောဆိုတာ ဒုတိယအကြိမ်ပဲ ရှိပါသေးတယ်။
ဒါပေမယ့်လည်း တိုက်ခိုက်မှုတွေကို ‘ခြွင်းချက်မဲ့’ ‘ချက်ချင်း’ အဆုံးသတ်ဖို့ တောင်းဆိုတဲ့ စာသားကိုတော့ ရုရှားက ကန့်ကွက်တာကြောင့် ထုတ်ပြန်ချက်ထဲကနေ ပြန်ဖြုတ်ပေးခဲ့ရတယ်လို့ အဖွဲ့ဝင်နိုင်ငံတွေက ပြောတဲ့အကြောင်း အေပီသတင်းမှာ ရေးထားပါတယ်။