(Zawgyi/Unicode)
အီသီယိုပီးယားႏိုင္ငံ ဝန္ႀကီးခ်ဳပ္ရဲ့ ေနာက္ဆံုးလက္နက္ခ်ဖို႔ရာဇသံကို မလိုက္နာတာေၾကာင့္၊ ႏိုင္ငံေျမာက္ပိုင္း Tigray ေဒသရဲ့ ၿမိဳ.ေတာ္ Mekele ကို ေနာက္ဆံုးအဆံုးသတ္ စစ္ဆင္ေရးဆင္ႏႊဲဖို႔၊ ႏိုင္ငံစစ္တပ္ကို အမိန္႔ေပးလိုက္ပါၿပီ။
ဝန္ႀကီးခ်ဳပ္ Abiy Ahmed က၊ ဒီ ေဒသခံ Tigray လြတ္ေျမာက္ေရးလက္နက္ကိုင္တပ္ဦး အေနနဲ႔ ၇၂ နာရီအတြင္းလက္နက္ခ်ဖို႔ ေျပာထားးခဲ့ေပမဲ့၊ လိုက္နာမူမရွိတဲ့ေနာက္မွာ၊ ခုလို အမိန္႔ေပးလိုက္တာပါ။
TPLF လို႔အတိုေခါက္ေခၚတဲ့ ဒီလက္နက္ကိုင္တပ္အေနနဲ႔ လမ္းေလွ်ာက္ၿပီး လက္နက္လာခ်ဖို႔ ၿငိမ္းခ်မ္းစြာဖြင့္ေပးထားတဲ့ ေနာက္ဆံုးဂိတ္ကို အခုေတာ့ အခိုင္အမာပိတ္ထားလိုက္ၿပီလို႔ အီသီယိုပီးသား ဝန္ႀကီးခ်ဳပ္ Abiy က မေန႔ကပဲ ေၾကညာခ်က္ထုတ္လိုက္ပါတယ္။
ဒီသတင္းပတ္အေစာပိုင္းတံုးကပဲ၊ မႏွစ္က ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ Abiy က၊ ဒီ တပ္ေတြအေနနဲ႔ ခုလို ၇၂ နာရီအတြင္း လက္ကနက္မခ်ရင္၊ ခုလို ျပည္နယ္ၿမိဳ.ေတာ္ ထိုးစစ္ဆင္ခံရလိမ့္မယ္လို႔ ေျပာထားခဲ့ပါတယ္။
တကယ္ေတာ့ ဝန္ႀကီးခ်ဳပ္ Abiy အေနနဲ႔ အိမ္နီးခ်င္း Eritrea ႏိုင္ငံနဲ႔ျဖစ္တဲ့ ႏွစ္ရွည္ၾကာစစ္ပြဲကို အဆံုးသတ္ေပးႏိုင္ခဲ့တာအတြက္ ခုလို ၂၀၁၉ ခုႏွစ္အတြက္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ရခဲ့တာပါ။
မႏွစ္ႏိုဝင္ဘာလတုန္းက ေဒသခံတပ္ေတြအေနနဲ႔ စစ္တပ္အေျခစိုက္စခန္းတစ္ခုကို စတိုက္ခဲ့တယ္လို႔ စြပ္စြဲအၿပီး အီသီယိုပီးယားစစ္တပ္ကို ေစလႊတ္ခဲ့တဲ့ ဒီတိုက္ပြဲေတြအတြင္းမူ ရာဂဏန္းေတြနဲ႔ခ်ီေသခဲ့ၾကၿပီး၊ ေနာက္ထပ္ ၄ ေသာင္းေက်ာ္လဲ၊ အၾကမ္းဖက္မူေတြခံရာကာ အိမ္နီးခ်င္း ဆူဒန္ႏိုင္ငံကို ထြက္ေျပးခဲ့ရပါတယ္။
...............
Tigray လွတ်မြောက်ရေးတပ်ဦး ကို အပြီးသတ်ထိုးစစ်ဆင်ဖို့ အီသီယိုပီးယားဝန်ကြီးချုပ် အမိန့်ပေးလိုက်ပြီ
(Unicode)
အီသီယိုပီးယားနိုင်ငံ ဝန်ကြီးချုပ်ရဲ့ နောက်ဆုံးလက်နက်ချဖို့ရာဇသံကို မလိုက်နာတာကြောင့်၊ နိုင်ငံမြောက်ပိုင်း Tigray ဒေသရဲ့ မြို.တော် Mekele ကို နောက်ဆုံးအဆုံးသတ် စစ်ဆင်ရေးဆင်နွှဲဖို့၊ နိုင်ငံစစ်တပ်ကို အမိန့်ပေးလိုက်ပါပြီ။
ဝန်ကြီးချုပ် Abiy Ahmed က၊ ဒီ ဒေသခံ Tigray လွတ်မြောက်ရေးလက်နက်ကိုင်တပ်ဦး အနေနဲ့ ၇၂ နာရီအတွင်းလက်နက်ချဖို့ ပြောထားးခဲ့ပေမဲ့၊ လိုက်နာမူမရှိတဲ့နောက်မှာ၊ ခုလို အမိန့်ပေးလိုက်တာပါ။
TPLF လို့အတိုခေါက်ခေါ်တဲ့ ဒီလက်နက်ကိုင်တပ်အနေနဲ့ လမ်းလျှောက်ပြီး လက်နက်လာချဖို့ ငြိမ်းချမ်းစွာဖွင့်ပေးထားတဲ့ နောက်ဆုံးဂိတ်ကို အခုတော့ အခိုင်အမာပိတ်ထားလိုက်ပြီလို့ အီသီယိုပီးသား ဝန်ကြီးချုပ် Abiy က မနေ့ကပဲ ကြေညာချက်ထုတ်လိုက်ပါတယ်။
ဒီသတင်းပတ်အစောပိုင်းတုံးကပဲ၊ မနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဝန်ကြီးချုပ် Abiy က၊ ဒီ တပ်တွေအနေနဲ့ ခုလို ၇၂ နာရီအတွင်း လက်ကနက်မချရင်၊ ခုလို ပြည်နယ်မြို.တော် ထိုးစစ်ဆင်ခံရလိမ့်မယ်လို့ ပြောထားခဲ့ပါတယ်။
တကယ်တော့ ဝန်ကြီးချုပ် Abiy အနေနဲ့ အိမ်နီးချင်း Eritrea နိုင်ငံနဲ့ဖြစ်တဲ့ နှစ်ရှည်ကြာစစ်ပွဲကို အဆုံးသတ်ပေးနိုင်ခဲ့တာအတွက် ခုလို ၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရခဲ့တာပါ။
မနှစ်နိုဝင်ဘာလတုံးက ဒေသခံတပ်တွေအနေနဲ့ စစ်တပ်အခြေစိုက်စခန်းတစ်ခုကို စတိုက်ခဲ့တယ်လို့ စွပ်စွဲအပြီး အီသီယိုပီးယားစစ်တပ်ကို စေလွှတ်ခဲ့တဲ့ ဒီတိုက်ပွဲတွေအတွင်းမူ ရာဂဏန်းတွေနဲ့ချီသေခဲ့ကြပြီး၊ နောက်ထပ် ၄ သောင်းကျော်လဲ၊ အကြမ်းဖက်မူတွေခံရာကာ အိမ်နီးချင်း ဆူဒန်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။