တိုက်ပွဲပြင်းထန်နေတဲ့ အီသီယိုပီးယား ကန်အထူးသံသွားရောက်
{{Zawgyi/Unicode}}
အီသီယိုပီးယားနိုင်ငံမြောက်ပိုင်း Tigray ဒေသက သူပုန်တွေနဲ့ တိုက်ခိုက်နေတာ တနှစ်ပြည့်ချိန်မှာပဲ အစိုးရက အောင်ပွဲခံဖို့ နီးစပ်လာတဲ့သဘော ပြောဆိုလိုက်ပါတယ်။ ပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာက တိုက်တွန်းနေချိန်မှာပဲ Tigray ဒေသ လွတ်မြောက်ရေး တပ်ဦး (TPLF) နဲ့ နောက်လိုက်တွေကို အစိုးရတပ်တွေကို ဝိုင်းထားပြီး၊ တွင်းထဲက ထွက်ပြေးတဲ့ ကြွက်တွေလို သေကြရမှာဖြစ်ကြောင်း Facebook လူမှုကွန်ရက်ကနေ ပြောဆိုလိုက်တာပါ။
Tigray တပ်ဖွဲ့တွေကတော့ Addis Ababa မြို့တော်အထိ ချီတက်လာနေပြီး၊ လပိုင်း၊ သီတင်းပတ်ပိုင်းအတွင်းမှာ သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်ကြောင်း ပြောပါတယ်။ မကြာသေးခင် သီတင်းပတ်တွေမှာပဲ Oromo ဒေသက သူပုန်တွေဟာလည်း Tigray တပ်ဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ကြပြီး အစိုးရကို တိုက်ခိုက်နေရာမှာ အောင်မြင်မှုတွေ ရရှိနေကြောင်းလည်း ပြောဆိုထားပါတယ်။
အီသီယိုပီးယားဝန်ကြီးချုပ် Abiy Ahmed ကတော့ အစိုးရက ကြံ့ကြံ့ခံနိုင်ကြောင်း ပြောဆိုခဲ့တာပါ။
ပဋိပက္ခတွေ ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ အာဖရိက ဦးချိုဒေသဆိုင်ရာ အမေရိကန် အထူးသံတမန် Jeffrey Feltman အီသီယိုပီးယားနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်အဖြစ် ကြာသပတေးနေ့က ရောက်ရှိသွားပါတယ်။
အီသီယိုပီးယား အစိုးရကတော့ ဗုဒ္ဓဟူးနေ့မှာပဲ နိုင်ငံတဝန်း ၆ လကြာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး၊ မြို့တော်အထိ သူပုန်တွေ ရောက်လာခဲ့ရင် ခုခံကာကွယ်နိုင်အောင် ပြင်ဆင်ထားဖို့လည်း မြို့ခံတွေကို တိုက်တွန်းထားပါတယ်။
.................................
{{Unicode}}