သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သထုံ၊ ဘီးလင်းလမ်း KNU တိုက်ခိုက်မှု ထိခိုက်သေဆုံးသူတချို့ရှိ


သထုံ၊ ဘီးလမ်းလမ်း KNU တိုက်ခိုက်မှု ထိခိုက်သေဆုံးသူတချို့ရှိ (ဇွန်၊ ၂၈)
သထုံ၊ ဘီးလမ်းလမ်း KNU တိုက်ခိုက်မှု ထိခိုက်သေဆုံးသူတချို့ရှိ (ဇွန်၊ ၂၈)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ဘီးလင်းနဲ့ သထုံမြို့အကြားက ရွှေရောင်ပြတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေက မနေ့ညက မိုင်းခွဲ ဖျက်ဆီးလိုက်ပြီးနောက် အိမ်စီးကား ၃ စီး တံတားအောက် ထိုးကျပြီး လူတဦး သေဆုံးခဲ့ပါတယ်။ ဒီကနေ့ တံတားဖောက်ခွဲခံရတဲ့နေရာကို လာရောက်ကြည့်ရှုတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်တွေက ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်-မော်လမြိုင်-မြဝတီ ကားလမ်းမကြီးပေါ်ရှိတဲ့ ဘီးလင်းမြို့နယ် ထဲက ရွှေရောင်ပြ တံတားကို ကရင်အမျိုးသားအစည်းအရုံး KNLA တပ်ရင်း (၂) နဲ့ ပူးပေါင်းတပ်တွေက ဇွန်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဖောက်ခွဲဖျက်ဆီးလိုက်လို့ တံတားပေါ်သွားနေတဲ့ကား၂စီး တံတားအောက် ထိုးကျပြီး တိမ်းမှောက်ခဲ့တာကြောင့် လူတဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။

"ကေအန်ယူ နယ်မြေ တပ်မဟာ(၁) တပ်ရင်း (၂) အဖွဲ့ရယ် တပ်ခွဲ (၃)ပေါ့နော် အဲဒီ ဘီးလင်းဘက်က ပီဒီအက်ဖ်ပူးပေါင်းအဖွဲ့တွေက လုပ်ကြတာပါ ၊ နယ်မြေခံ ပီဒီအက်ဖ် အဖွဲ့တွေကပူးပေါင်းလုပ်ကြတာပါ။ ပထမ မိုင်းခွဲတဲ့အချိန်မှာတော့ တယောက်ကတော့ပွဲချင်းပြီး သေတယ် ၂ယောက်ကတော့ဒဏ်ရာရတယ်"

မနေ့ညက ဒီဖြစ်ရပ်အပြီး ဒီနေ့ ဇွန်လ ၂၉ ရက်နေ့ မနက်မှာလည်း အဲဒီနေရာကို လာရောက်ကြည့်ရှုခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒီကနေ့မှာလည်း ထိခိုက် သေဆုံးမူတွေ ရှိတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။ တံတားမိုင်းခွဲခံရမူကို စစ်ဆေးဖို့ ရောက်လာတဲ့ အမှတ် ၃၀၁၄ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း၊ သထုံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ အမှတ် ၃၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်က တာဝန်ရှိသူတွေ၊ အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေး တပ်က တာဝန်ရှိသူတွေကို ပူးပေါင်း တပ်ဖွဲ့ဘက်က ဒရုန်းနဲ့ ဗုံးခွဲတိုက်ခိုက်တာတွေ ဆက်လုပ်ခဲ့တာလို့ သိရပြီး ထိခိုက်သေဆုံးမူတွေ ရှိတယ် ဆိုတာနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့ နယ်မြေခံဌာနဆိုင်ရာတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

This image contains sensitive content which some people may find offensive or disturbing.
သထုံ၊ ဘီးလမ်းလမ်း KNU တိုက်ခိုက်မှု ထိခိုက်သေဆုံးသူတချို့ရှိ (ဇွန်၊ ၂၈)
သထုံ၊ ဘီးလမ်းလမ်း KNU တိုက်ခိုက်မှု ထိခိုက်သေဆုံးသူတချို့ရှိ (ဇွန်၊ ၂၈)
This image contains sensitive content which some people may find offensive or disturbing - Click to reveal
သထုံ၊ ဘီးလမ်းလမ်း KNU တိုက်ခိုက်မှု ထိခိုက်သေဆုံးသူတချို့ရှိ (ဇွန်၊ ၂၈)

ရွှေရောင်ပြတံတားဟာစစ်ကောင်စီဘက်က ထောက်ပို့လုပ်နေတဲ့တံတားဖြစ်တာကြောင့် အခုလိုဖျက်ဆီးတာလို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ပြောပါတယ် ။ တံတားရဲ့ ၃ ပုံ ၂ ပုံလောက်ပျက်စီးသွားပြီး ကားလမ်းတလမ်းစာသာကျန်တဲ့အတွက် ကားပိတ်ဆို့နေပါတယ် ။ဒါပေမယ့် လမ်း ၂ ဘက်ကကားတွေကို တလှည့်စီမောင်းခွင့်ပေးပြီးစစ်ကောင်စီက လုံခြုံရေးကိုတော့တင်းကြပ်ထားကြောင်း မျက်မြင်တွေ့ရှိတဲ့ သူတဦးကပြောပါတယ်။

"မထွက်ရသေးတဲ့ကားတွေကတော့ရပ်ထားလိုက်ကြတယ် လမ်းပေါ်က ကားတွေကတော့သွားနေတယ် ပထမဖြစ်တော့ တံတားကိုခွဲတော့ တယောက်သေတယ် လောလောဆည်တော့လုံခြုံရေးတင်းကြပ်ထားတယ်"

ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီအမြှောက်တပ်ရင်း ၃၁၄ ကလည်း ဒီဖြစ်ရပ်အပြီး ဘီးလင်းနယ်တဝိုက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

သထုံ၊ ဘီးလင်းလမ်း KNU တိုက်ခိုက်မှု ထိခိုက်သေဆုံးသူတချို့ရှိ
please wait

No media source currently available

0:00 0:02:57 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG