သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လျှပ်စစ်ကားတင်သွင်းမှု EU အခွန်တိုးမြှင့်


ဈေးနှုန်းချိုသာတဲ့ တရုတ်လျှပ်စစ်ကားများ။
ဈေးနှုန်းချိုသာတဲ့ တရုတ်လျှပ်စစ်ကားများ။

တရုတ်အစိုးရက မျှတမှုမရှိဘဲ ပံ့ပိုးမှုတွေပေးနေတာကြောင့် တရုတ်ရဲ့လျှပ်စစ်ကားတင်ပို့မှုအတွက် အခွန်ကို ၃၈ % ယာယီတိုးမြှင့်ကောက်ခံမှာဖြစ်ကြောင်း အီးယူဥရောပသမဂ္ဂရဲ့ ကြာသပတေးနေ့ ပြောကြားချက်ကနေ အီးယူနဲ့တရုတ်ကြား လက်ရှိတင်းမာမှုတွေ ပိုတိုးမယ့် အန္တရာယ်ရှိနေပါတယ်။

ဥရောပကားကုမ္ပဏီတွေကို ဓါတ်ဆီသုံးကားကနေ လျှပ်စစ်အားသုံးကားတွေထုတ်နိုင်အောင် ပံ့ပိုးနေတဲ့ အီးယူက ဒီကိစ္စအတွက် မနှစ်ကစပြီး စတင်စုံစမ်းစစ်ဆေးရာမှာ တရုတ် EV ကားကုမ္ပဏီတွေက ဥရောပ ကုမ္ပဏီတွေကို တရားမျှတမှုမရှိဘဲ ဈေးပြိုင်လျှော့ရောင်းခဲ့ကြောင်း တွေ့ရတယ်လို့ ပြောပါတယ်။
တရုတ်ကုန်သည်ကြီးများအသင်းကလည်း အီးယူကတင်ပို့မှုကို လက်ရှိထက် အခွန် ၁၀ % တိုးမြှင့် ကောက်ခံမယ်လို့ တုံ့ပြန်ပါတယ်။ ဒီပြဿနာကို ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်တယ်လို့ ပြောနေကြပေမယ့် တရုတ်ဘက်က နိုင်ငံရေးအရရော ကိုယ်ကျိုးစီးပွါးကာကွယ်မှုအရပါ အခုလို တုံ့ပြန်တာဖြစ်ပါတယ်။

အီးယူဘက်မှာတော့ ဒီကိစ္စအတွက် သဘောထားကွဲနေကြပါတယ်။ ဂျာမနီလိုကားထုတ်လုပ်ရာမှာ စံတင်ထားတဲ့နိုင်ငံဟာ တရုတ်နဲ့ကြီးမားတဲ့ကုန်သွယ်မှုရှိနေတာကြောင့် သူ့ထုတ်ကုန်တွေထိခိုက်မှာ စိုးနေတာဖြစ်ပြီး လက်ရှိမှာလည်း တရုတ်ရဲ့ခြိမ်းခြောက်မှုကို ခံနေရတာပါ။ ဂျာမနီလိုစိုးရိမ်တဲ့ နောက်တနိုင်ငံက ဆွီဒင်ဖြစ်ပြီး ပြင်သစ်နဲ့အီတလီတို့ကတော့ တရုတ် EV ကားတွေအတွက် အခွန်တိုးကောက်ဖို့ တွန်းအားပေးနေပါတယ်။

အခုချမှတ်တဲ့ ယာယီအခွန်တိုးမြှင့်ကောက်ခံမှုကို သောကြာနေ့မှာ စတင်မှာဖြစ်ပြီး ၅ နှစ်တာကာလအတွက် နိုဝင်ဘာမှာ တရားဝင်အခွန်တိုးမြှင့်မှာဖြစ်ပေမယ့် အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံကြား မဲခွဲဆုံးဖြတ်ရအုံးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG