သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU - မြန်မာ လူ့အခွင့်အရေး ဆွေးနွေး


မြန်မာနိုင်ငံ က လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးတဲ့ ဥရောပသမဂ္ဂ EU - မြန်မာ ငါးကြိမ်မြောက် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို မနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်နဲ့ EU ဘက်က လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Eamon Gilmore တို့ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ခံမှု ရှိစေရေး၊ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်က အခြေအနေတွေကို ဆွေးနွေးခဲ့ကြပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ရေးတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အခြေခံ အခွင့်အရေးတွေ ဖြစ်တဲ့ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်ကို လေးစားဖို့နဲ့ အမုန်းတရား ပြန့်ပွားစေတဲ့ ရေးသား ပြောဆိုမှုတွေကို တားမြစ်ဖို့ လက်ရှိသုံးနေတဲ့ ဥပဒေတွေနဲ့ ဥပဒေ မူကြမ်းတွေမှာလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ် တခုဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များဆိုင်ရာ အခွင့်အရေး သဘောတူညီချက်မှာလည်း မြန်မာအနေနဲ့ ပါဝင်လက်မှတ်ထိုးဖို့ သဘောထားရှိတာနဲ့ နိုင်ငံတကာ အလုပ်သမား သဘောတူညီချက် အမှတ် ၁၃၈ ဖြစ်တဲ့ အလုပ်လုပ်နိုင်တဲ့ အငယ်ဆုံး အသက်အရွယ် သတ်မှတ်ခဲ့တာကိုလည်း EU အနေနဲ့ ကြိုဆိုခဲ့ပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေသစ် ကိုလည်း နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်များနဲ့ ကိုက်ညီအောင် လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုလို ဆွေးနွေးပွဲကို ဆက်လက် လုပ်ဆောင်မယ်လို့ သဘောတူခဲ့ပြီး ၂၀၂၀ ခုနှစ် ကျရင် ခြောက် ကြိမ်မြောက် ဆွေးနွေးပွဲကို ဘယ်ဂျီယံ ဘရက်ဆဲမြို့မှာ ကျင်းပမှာပါ။

EU - မြန်မာ လူ့အခွင့်အရေး ဆွေးနွေး
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG