(Zawgyi / Unicode)
ဥေရာပပါလီမန္က “ဥတုရာသီဆိုင္ရာ အေရးေပၚအေျခအေန” က်ေရာက္ေနၿပီဆိုတာကို မဲခြဲဆံုးျဖတ္ၿပီး ေၾကညာလိုက္ပါတယ္။
ကမာၻႀကီးပူေႏြးမႈကို ၁.၅ ဒီဂရီ ဆဲလ္ဆီးယပ္စ္ေအာက္မွာ ကန္႔သတ္ ထိန္းခ်ဳပ္ထားဖို႔၊ ေလထုထဲ ကာဘြန္ဓာတ္ေငြ႔ ထုတ္လႊတ္မႈကို ၂၀၅၀ ျပည့္ႏွစ္အေရာက္မွာ အနိမ့္ဆံုးျဖစ္ေအာင္ ေလွ်ာ့ခ်သလို ေလထုထဲမွာ ရွိေနၿပီးသား ကာဘြန္ဓာတ္ေလ်ာ့က်ေရး လုပ္ေဆာင္ဖို႔နဲ႔ ဥတုရာသီေျပာင္းလဲေရးဆိုင္ရာ အဖြဲ႔ဝင္ႏုိင္ငံေတြရဲ႕ ႀကိဳးပမ္းလုပ္ေဆာင္ခ်က္ေတြကို ရန္ပံုေငြေထာက္ပံ့ဖို႔ ပါလီမန္ ဆံုးျဖတ္ခ်က္ထဲမွာ ပါပါတယ္။
ဥေရာပသမဂၢ (EU) ရဲ႕ အုပ္ခ်ဳပ္ေရးပိုင္းျဖစ္တဲ့ ဥေရာပေကာ္မရွင္က အေရးယူ လုပ္ေဆာင္ဖို႔နဲ႔ ဥတုရာသီ ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး အဖြဲ႔ဝင္ႏုိင္ငံေတြ အေနနဲ႔ ပိုၿပီးလုပ္ေဆာင္လာေအာင္ ဖိအားတိုးေပးဖို႔ ဒီဆံုးျဖတ္ခ်က္မွာ တိုက္တြန္းထားပါတယ္။ ဥေရာပပါလီမန္ အေျခစိုက္္ရာ ျပင္သစ္ႏုိင္ငံ၊ Strasbourg ၿမိဳ႕မွာ ေထာက္ခံမဲ ၄၂၉ မဲ၊ ကန္႔ကြက္မဲ ၂၂၅ မဲနဲ႔ ဒီဆံုးျဖတ္ခ်က္ကို ၾကာသပေတးေန႔က အတည္ျပဳလိုက္တာပါ။
EU အဖြဲ႔ဝင္ႏိုင္ငံေတြ အေနနဲ႔ အစိမ္းေရာင္ ဥတုရာသီ ရန္ပံုေငြလို႔ ဆိုရမယ့္ Green Climate Fund အတြက္ သူတို႔ရဲ႕ထည့္ဝင္ေငြကို ႏွစ္ဆတိုးသင့္တယ္လုိ႔ ဥေရာပပါလီမန္ ဆံုးျဖတ္ခ်က္မွာ ပါရွိပါတယ္။ ဒီရန္ပံုေငြဟာ ဥတုရာသီေျပာင္းလဲမႈ တိုက္ဖ်က္ေရး ကုလသမဂၢ အစီအစဥ္ရဲ႕ တစိတ္တပိုင္းျဖစ္ပါတယ္။
ဖြံ႔ၿဖိဳးၿပီးႏုိင္္ငံေတြက ထည့္ဝင္မယ္လို႔ ကတိေပးထားတဲ့ ရန္ပုံေငြဟာ ၂၀၂၀ ျပည့္ႏွစ္အထိ ေဒၚလာဘီလီယံ ၁၀၀ ထည့္ဝင္ေရး ရည္မွန္းခ်က္ကို မျပည့္မီဘူးလို႔ ဥေရာပပါလီမန္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
စပိန္ႏုိင္ငံမွာ တနလၤာေန႔စတင္မယ့္ ကမာၻလံုးဆိုင္ရာ အက်ပ္အတည္း ၁၂ ရက္ၾကာ ကုလသမဂၢ ထိပ္သီးအစည္းအေဝး မတိုင္မီမွာပဲ ဥေရာပပါလီမန္ရဲ႕ ေၾကညာခ်က္ ထြက္လာတာပါ။
----------------------------------
(Unicode)
ဥတုရာသီ အရေးပေါ်အခြေအနေ ဥရောပပါလီမန် ကြေညာ
ဥရောပပါလီမန်က “ဥတုရာသီဆိုင်ရာ အရေးပေါ်အခြေအနေ” ကျရောက်နေပြီဆိုတာကို မဲခွဲဆုံးဖြတ်ပြီး ကြေညာလိုက်ပါတယ်။
ကမ္ဘာကြီးပူနွေးမှုကို ၁.၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်အောက်မှာ ကန့်သတ် ထိန်းချုပ်ထားဖို့၊ လေထုထဲ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၂၀၅၀ ပြည့်နှစ်အရောက်မှာ အနိမ့်ဆုံးဖြစ်အောင် လျှော့ချသလို လေထုထဲမှာ ရှိနေပြီးသား ကာဘွန်ဓာတ်လျော့ကျရေး လုပ်ဆောင်ဖို့နဲ့ ဥတုရာသီပြောင်းလဲရေးဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ရန်ပုံငွေထောက်ပံ့ဖို့ ပါလီမန် ဆုံးဖြတ်ချက်ထဲမှာ ပါပါတယ်။
ဥရောပသမဂ္ဂ (EU) ရဲ့ အုပ်ချုပ်ရေးပိုင်းဖြစ်တဲ့ ဥရောပကော်မရှင်က အရေးယူ လုပ်ဆောင်ဖို့နဲ့ ဥတုရာသီ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ပိုပြီးလုပ်ဆောင်လာအောင် ဖိအားတိုးပေးဖို့ ဒီဆုံးဖြတ်ချက်မှာ တိုက်တွန်းထားပါတယ်။ ဥရောပပါလီမန် အခြေစိုက်ရာ ပြင်သစ်နိုင်ငံ၊ Strasbourg မြို့မှာ ထောက်ခံမဲ ၄၂၉ မဲ၊ ကန့်ကွက်မဲ ၂၂၅ မဲနဲ့ ဒီဆုံးဖြတ်ချက်ကို ကြာသပတေးနေ့က အတည်ပြုလိုက်တာပါ။
EU အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အစိမ်းရောင် ဥတုရာသီ ရန်ပုံငွေလို့ ဆိုရမယ့် Green Climate Fund အတွက် သူတို့ရဲ့ထည့်ဝင်ငွေကို နှစ်ဆတိုးသင့်တယ်လို့ ဥရောပပါလီမန် ဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။ ဒီရန်ပုံငွေဟာ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေး ကုလသမဂ္ဂ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေက ထည့်ဝင်မယ်လို့ ကတိပေးထားတဲ့ ရန်ပုံငွေဟာ ၂၀၂၀ ပြည့်နှစ်အထိ ဒေါ်လာဘီလီယံ ၁၀၀ ထည့်ဝင်ရေး ရည်မှန်းချက်ကို မပြည့်မီဘူးလို့ ဥရောပပါလီမန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စပိန်နိုင်ငံမှာ တနင်္လာနေ့စတင်မယ့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ၁၂ ရက်ကြာ ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး မတိုင်မီမှာပဲ ဥရောပပါလီမန်ရဲ့ ကြေညာချက် ထွက်လာတာပါ။