သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

EU က ျမန္မာကို ေငြေၾကးခ၀ါခ် စာရင္းသြင္းခံရမႈေနာက္ ရိုက္ခတ္လာႏုိင္ေျခ


မွတ္တမ္းဓာတ္ပံု

(Zawgyi / Unicode)

ေသာတရွင္မ်ားရွင္ က်မ သိဂီ ၤထုိက္ပါ။ ဒီ သီတင္းပတ္ စီးပြားေရး က႑မွာေတာ့ ဥေရာပ သမဂၢ EU က ျမန္မာႏုိင္ငံကို ေငြေၾကးခ၀ါခ်တဲ႔ နုိင္ငံမ်ားစာရင္းမွာ ထည့္သြင္းလိုက္တာမွာ ျမန္မာ့ စီးပြားေရး ၊ ဖြံ႔ၿဖိဳးေရး အေပၚမွာ ထိခိုက္သက္ေရာက္မႈ ရွိႏုိင္တဲ႔ အေၾကာင္း တင္ျပေပးမွာပါ။ EU ရဲ႕ သတ္မွတ္ခ်က္ေၾကာင့္ ျမန္မာနဲ႔ EU ႏုိင္ငံေတြၾကား ကုန္သြယ္ေရး အေပၚမွာေရာ EU ႏိုင္ငံေတြရဲ႕ ျမန္မာႏုိင္ငံတြင္း ဖြ႔ံၿဖိဳးေရး လုပ္ငန္းေတြမွာပါ အနည္းနဲ႔ အမ်ား တုံ႔ဆိုင္းမႈ ျဖစ္သြားႏုိင္ေၾကာင္း စီးပြားေရး လုပ္ငန္းရွင္၊ ေနာက္ ဟန္ေဂရီ ႏုိင္ငံရဲ႕ ျမန္မာဆိုင္ရာ ဂုဏ္ထူးေဆာင္ ေကာင္စစ္၀န္ခ်ဳပ္လည္း ျဖစ္တဲ႔ ေဒၚတင့္တင့္လြင္က သံုးသပ္ပါတယ္။

ေဒၚတင့္တင့္လြင္ ။ ။ ေငြေၾကးလႊဲေျပာင္းျခင္း ဆိုင္ရာ စစ္ေဆးမႈေတြ ပိုၿပီးေတာ့ တိက်လာမယ္။ ေနာက္ ျမန္မာျပည္က ျပန္ၿပီးေတာ့ ကုန္သြယ္ေရး လုပ္တဲ႔ အခါမွာ ေပးေခ်တဲ႔ ေငြရဲ႕ အရင္းအျမစ္ ေပါ့ေနာ္ ဘယ္ကရတယ္၊ အရင္ကဆိုရင္ေတာ့ ေပါ့ေပါ့ေလးဘဲ ဒါ ကုမၸဏီက ေနၿပီးေတာ့ ၀င္တဲ႔ ၀င္ေငြပါ ဆိုရင္ သူတို႔က ဘယ္ကေန ၀င္တာလဲ၊ ဒီလုပ္ငန္းက ဘာလုပ္ငန္းလဲ၊ ၿပီးေတာ့ ဘယ္သူေတြနဲ႔ ခ်ိတ္ဆက္ လုပ္ေဆာင္ေနတာလဲ ဆိုတဲ႔ ဒီေမးခြန္းေတြ အမ်ားႀကီး ျဖစ္လာႏုိင္တာေပါ့ေနာ္။ ဒီအပိုင္းေလးေတြမွာေတာ့ အခက္အခဲေလးေတြ ျဖစ္သြားႏုိင္တာေပါ့။

သိဂၤ ီထိုက္ ။ ။ ဥေရာပ သမဂၢ EU က ျမန္မာႏုိင္ငံကို ေငြေၾကးခ၀ါခ်တဲ႔ ႏုိင္ငံ ဆိုၿပီးေတာ့ သတ္မွတ္ၿပီးေတာ့ စာရင္းသြင္းပါတယ္။ ဆိုေတာ့ ဒီကိစၥက ျမန္မာႏုိင္ငံတြင္းက ဘဏ္ေတြနဲ႔ မျဖစ္မေန ခ်ိတ္ဆက္ၿပီး အလုပ္လုပ္ေနရတဲ႔ စီးပြားေရး လုပ္ငန္းေတြ အေပၚမွာ ဘယ္ေလာက္ ရိုက္ခတ္ သက္ေရာက္မႈ ရွိႏုိင္မလဲ။

ေဒၚတင့္တင့္လြင္ ။ ။ ဒီဘဏ္ေတြနဲ႔ ဆက္စပ္ လုပ္ကိုင္ေနတဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ ေငြေၾကးဆိုင္ရာ လႊဲေျပာင္းမႈေတြ အပိုင္းမွာ သူတို႔ စစ္ေဆးမယ္။ ေနာက္တခုက က်ေတာ့ EU ရဲ႕ Funding ေပါ့ေနာ္ သူတို႔ရဲ႕ ေထာက္ပံ႔ေၾကးတို႔ ရန္ပံုေငြတို႔ သူတို႔ရဲ႕ စီမံကိန္း ဖြ႔ံၿဖိဳးေရး ရန္ပံုေငြတို႔ ဒါေတြကိုေတာ့ သူတို႔ Sanction လုပ္ထားတဲ႔ ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္တဲ႔ စီးပြားေရး လုပ္ငန္းေတြဟာ ဆိုရင္ ရရွိဖို႔ အခြင့္အလမ္း နည္းသြား ပါမယ္။ ဒါ EU က စစ္ေဆးၿပီးေတာ့မွ EU ရဲ႕ ေထာက္ခံခ်က္နဲ႔မွ ရေကာင္းရႏုိင္တယ္ဆိုေတာ့ သာမန္ သမားရိုးက် သြားေနတဲ႔ ပံုစံကေန ခြဲထြက္သြားၿပီးေတာ့ စီးပြားေရး လုပ္ငန္းရွင္ေတြ အေနနဲ႔ေတာ့ ေငြေၾကး ျပင္ပက ေနၿပီးေတာ့ ႏုိင္ငံတကာရဲ႕ ေထာက္ပံ႔တဲ႔ အပိုင္း ဥေရာပရဲ႕ အပိုင္းေပါ့ေနာ္ အဓိက ဆိုလိုတာကေတာ့ ဥေရာပ အပိုင္းမွာေတာ့ ဆိုင္းငံ႔သြားတာတို႔ လံုး၀ မရေတာ့တာတို႔ ဒီလို အေျခအေနမ်ိဳးေလးေတြေတာ့ ျဖစ္လာႏုိင္တာေပါ့။

သိဂၤ ီထိုက္ ။ ။ ဆိုေတာ့ EU နဲ႔ ဆက္စပ္ လုပ္ကိုင္ေနတယ္ ဆိုေတာ့ အထည္ခ်ဳပ္ကေတာ့ မ်ားမယ္ ထင္ပါတယ္။ တျခားေရာ ဘယ္လို က႑မ်ိဳးေတြ ရွိပါေသးလဲ အမ်ားစုေပါ့ ျမန္မာႏုိင္ငံတြင္းမွာ။
ေဒၚတင့္တင့္လြင္ ။ ။ ရွိပါတယ္။ သူက လက္ရွိမွာ ဆိုလို႔ ရွိရင္ ဒီ အထည္ခ်ဳပ္ တခုတည္း မဟုတ္ဘဲနဲ႔ ဥပမာ GIZ ေပါ့ေနာ္။ GIZ လိုမ်ိဳး ဂ်ာမနီကေန လာၿပီးေတာ့ NGO လိုမ်ိဳးေပါ့ေနာ္။ ဒီလို အဖြဲ႔အစည္းမ်ိဳးေတြဟာ ဆိုလို႔ ရွိရင္ ျမန္မာျပည္က စီးပြားေရး လုပ္ငန္း အေသးေလးေတြကို သူတို႔က ေရွ႕ေဆာင္ လမ္းျပ လုပ္ထားတာေတြ အမ်ားႀကီး ရွိတယ္ေပါ့ေနာ္။ စိုက္ပ်ိဳးေရး ဆိုင္ရာ နည္းပညာ ျဖန္႔ေ၀တာ၊ ေကာ္ဖီ လုပ္ငန္း၊ ေနာက္ၿပီးေတာ့ ေမြးျမဴေရး လုပ္ငန္း၊ စက္ခ်ဳပ္လုပ္ငန္း၊ အေျခခံေတြကို သင္ေပးတာတို႔ အေသးစား ေခ်းေငြေပးၿပီး သူတို႔ ဖြံ႔ၿဖိဳးေရးကို ထူေထာင္ေပးတာတို႔၊ တခ်ိဳ႕ အေျခခံ အေဆာက္အဦ ပိုင္းေတြမွာ ေငြေၾကး ေထာက္ပံ႔ေပးတာတို႔ ဒါကေတာ့ လံုး၀ ရပ္တန္႔သြားတာေပါ့ေနာ္။

ဂ်ာမနီ အေနနဲ႔ေတာ့ GIZ ကို ဆက္လက္ၿပီးေတာ့ အခု အသစ္ေပါ့။ အေဟာင္းေတြကိုေတာ့ ၿပီးဆံုးေအာင္ သူတု႔ိ ဆက္သြားမယ္။ ဒါေပမယ့္ GIZ ကေန စီမံကိန္း အသစ္ေတြ လံုး၀ ခ်ေပးေတာ့မွာ မဟုတ္ေတာ့ဘဲနဲ႔ ဥေရာပ သမဂၢ ကဘဲ ဒါေတြကို စိစစ္ၿပီးေတာ့မွ ဆက္ခ်ေပးခ်င္လည္း ခ်ေပးမယ္။ ရပ္ဆိုင္းထားခ်င္လည္း ရပ္ဆိုင္းထားမယ္ေပါ့ေနာ္။ ဒီ အေျခအေနမ်ိဳးေတြ ျဖစ္သြားတာေပါ့။
အဲေတာ့ GIZ တခုတည္းသာ ဒါ ဥပမာ အေနနဲ႔ ေျပာေပမယ့္ တကယ္တန္း ဆိုရင္ ဟန္ေဂရီ ႏုိင္ငံ အေနနဲ႔ဆိုရင္ ငါးလုပ္ငန္းတို႔ ၊ အခု ဆန္စပါး လုပ္ငန္းတို႔၊ ေကာ္ဖီ ေနာက္ တိရိစာၦန္ အစာထုတ္ လုပ္ငန္း၊ ေနာက္ Water Treatment အဲလို စီမံကိန္းေတြကို ဟန္ေဂရီ သာမက ခ်က္၊ ဘယ္လ္ဂ်ီယံ ဒီအပိုင္းက လူေတြက ျမန္မာျပည္က လူေတြနဲ႔ လက္ရွိ အခု ကိုယ့္ရဲ႕ စီးပြားေရး အသိုင္းအ၀ိုင္းထဲမွာကိုဘဲ ခ်ိတ္ဆက္ထားတာေတြ ရွိတယ္။

သိဂၤ ီထိုက္ ။ ။ ဒီ COVID -19 ျဖစ္ေနတဲ႔ အခ်ိန္မွာ ျမန္မာႏုိင္ငံမွာ အခု ခရီးသြား လုပ္ငန္း အပါအ၀င္ လုပ္ငန္း ေတာ္ေတာ္မ်ားမ်ား ရပ္ထားရတဲ႔ အေနအထား ရွိတယ္။ ဆိုေတာ့ ေဒသတြင္း ႏုိင္ငံေတြရဲ႕ အကူအညီ အေထာက္အပံ႔ ဆိုတာထက္ တကယ့္ တကယ္တန္း ေထာက္ပံ႔ေနတာ EU တို႔လို အေနာက္ဘက္ ႏုိင္ငံမ်ားက မ်ားမယ္လို႔ ယူဆရတယ္ေပါ့ေနာ္။ ဒီ အေသးစား ေခ်းေငြလိုဟာမ်ိဳး၊ စိုက္ပ်ိဳးေရး နည္းပညာပိုင္းလို ဟာမ်ိဳး ဒီလိုမ်ိဳး က႑ေတြမွာေရာ သိသိသာသာ အထိနာသြားႏုိင္တဲ႔ အေျခအေန ရွိပါသလား။

ေဒၚတင့္တင့္လြင္ ။ ။ ရွိလာႏုိင္ပါတယ္။ ဘာလို႔လည္း ဆိုေတာ့ က်မ ကိုယ္တိုင္ ဘုတ္အဖြဲ႔မွာ ပါတဲ႔ RBF ေပါ့ေနာ္ Responsibel Business Fund ဆိုတဲ႔ အဖြဲ႔မွာ ကိုယ္ကိုယ္တိုင္ Board of Director အေနနဲ႔ လုပ္ေနတယ္။ ဒါကေတာ့ ဒိန္းမတ္ ႏုိင္ငံရဲ႕ ေငြေၾကး ေထာက္ပံ႔မႈ ေပါ့ေနာ္။ အေသးစား ေငြေၾကး ေထာက္ပံ႔မႈပိုင္းေပါ့။ ကိုယ္က မွန္ကန္တဲ႔ လူေတြ ေရြးခ်ယ္ေပးတဲ႔ Board အဖြဲ႔မွာ သံအမတ္ႀကီးနဲ႔ အတူတူ ေရြးခ်ယ္ေပးတာေပါ့ေနာ္။ ဒီလို ေရြးခ်ယ္ေပးတဲ႔ ဒီလို အပိုင္းေတြဟာဆိုရင္ ဒိန္းမတ္ ႏုိင္ငံကေန သန္း ၆၀- ၆၉ သန္း ဒါ အေသးစား ေခ်းေငြေပါ့။ လူ ေထာင္နဲ႔ခ်ီေပါ့ေနာ္။ ဒါေလးေတြကို လံုး၀ မေျပာပေလာက္တဲ႔ အတိုးႏႈန္းနဲ႔ ေငြေၾကး ေထာက္ပံ႔မႈ ေပးတာ ၊ ေငြေၾကးတင္ မကဘဲ နည္းပညာ ေထာက္ပံ႔တာ။ မွန္ကန္စြာစစ္ေဆးတယ္ ေပါ့ေနာ္။ သူတို႔ရဲ႕ လုပ္ေဆာင္မႈေတြ တိုးတက္မႈေတြကို စဥ္ဆက္ မျပတ္ စစ္တယ္။ ဒီတိုင္း ေပးၿပီး ပစ္ထားလိုက္တာမ်ိဳး မရွိဘူး စနစ္ေတာ့ ေတာ္ေတာ္ က်တာေပါ့ေနာ္။ ဒါေတြဟာ ျမန္မာျပည္ အတြက္က ေတာ္ေတာ္ေလး ေကာင္းမြန္တဲ႔ အပိုင္းေတြေတာ့ ရွိေနတာေပါ့ေနာ္။ အခု ဒီအပိုင္းေတြသာ ရပ္သြားမယ္ ဆိုရင္ အာရွ ႏုိင္ငံဘက္မွာ ဂ်ပန္ေလာက္ဘဲ အားထားလို႔ ရတယ္။

သိဂၤ ီထိုက္ ။ ။ ျမန္မာႏုိင္ငံကို ေငြေၾကးခ၀ါခ်တဲ႔ ႏုိင္ငံ အျဖစ္ ေၾကညာၿပီးေတာ့ ဒီအခ်ိန္ထိ ျမန္မာ အစိုးရဘက္ကေတာ့ ဒါနဲ႔ ပတ္သက္ၿပီး ဘာမွ ေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။ ဆိုေတာ့ ျမန္မာ အစိုးရဘက္က ဒီကိစၥ အေပၚမွာ ဘယ္ေလာက္ အေလးထားဖို႔ လိုပါသလဲ။ ေဒၚတင့္တင့္လြင္ အေနနဲ႔ ဘာမ်ား အႀကံျပဳလိုပါသလဲ။

ေဒၚတင့္တင့္လြင္ ။ ။ COVID ေၾကာင့္ အလုပ္ရႈပ္ေနတဲ႔ အခ်ိန္မွာ ဒါကိုေတာ့ ေမ႔ေပ်ာက္ထားလို႔ မရတဲ႔ အရာ တခုေတာ့ ျဖစ္တယ္။ ေဖေဖာ္၀ါရီလမွာ စၿပီးေတာ့ ဒါ အမ်ိဳးသားေရး ဆိုင္ရာ ေငြေၾကးခ၀ါခ်မႈ တိုက္ဖ်က္ေရး ဆိုၿပီး ဘဏ္လုပ္ငန္းေတြ အေပၚမွာ စီးပြားေရး လုပ္ငန္းရွင္ေတြေပါ့ ဒါ ေငြေၾကးနဲ႔ ပတ္သက္ၿပီး အခြန္ေဆာင္မႈေတြ ပြင့္လင္းျမင္သာမႈ ရွိမႈေတြေတာ့ လုပ္ေဆာင္ထားတာေတြ ရွိတာေပါ့ေနာ္ ျမန္မာျပည္ အေနနဲ႔ကေတာ့။ ဒါေပမယ့္ အခု ဒီဘက္ကေန ၿပီးေတာ့ EU ရဲ႕ ေငြေၾကး ခ၀ါခ်တယ္လုိ႔ သူတို႔ဘက္ကေန ထုတ္ျပန္လိုက္တဲ႔ အေပၚမွာ ဒီ စံေပါ့ စံႏႈန္း တခုမီေအာင္ေတာ့ ဒီ Target ကို သြားရမယ္။ ဒီ Target ကို သြားဖို႔က ဘာေတြ ဘာေတြ လုိအပ္တယ္။ ဒီမွာ လုပ္ေနတဲ႔ လုပ္ငန္းရွင္ေတြ အေနနဲ႔ ဘာေတြ ဘာေတြ လုပ္ဖို႔ လိုအပ္တယ္ ဆိုတာကိုေတာ့ ျမန္မာျပည္ရဲ႕ အခက္အခဲနဲ႔ မွ်ၿပီးေတာ့ ဒါ ေတာ္ေတာ္ေလး စဥ္းစားၿပီးေတာ့ ေျဖရွင္းရမယ့္ ကိစၥေတာ့ ျဖစ္တာေပါ့ေနာ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

EU က မြန်မာကို ငွေကြေးခဝါချ စာရင်းသွင်းခံရမှုနောက် ရိုက်ခတ်လာနိုင်ခြေ

သောတရှင်များရှင် ကျမ သိဂီ ၤထိုက်ပါ။ ဒီ သီတင်းပတ် စီးပွားရေး ကဏ္ဍမှာတော့ ဥရောပ သမဂ္ဂ EU က မြန်မာနိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံများစာရင်းမှာ ထည့်သွင်းလိုက်တာမှာ မြန်မာ့ စီးပွားရေး ၊ ဖွံ့ဖြိုးရေး အပေါ်မှာ ထိခိုက်သက်ရောက်မှု ရှိနိုင်တဲ့ အကြောင်း တင်ပြပေးမှာပါ။ EU ရဲ့ သတ်မှတ်ချက်ကြောင့် မြန်မာနဲ့ EU နိုင်ငံတွေကြား ကုန်သွယ်ရေး အပေါ်မှာရော EU နိုင်ငံတွေရဲ့ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာပါ အနည်းနဲ့ အများ တုံ့ဆိုင်းမှု ဖြစ်သွားနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်၊ နောက် ဟန်ဂေရီ နိုင်ငံရဲ့ မြန်မာဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်လည်း ဖြစ်တဲ့ ဒေါ်တင့်တင့်လွင်က သုံးသပ်ပါတယ်။

ဒေါ်တင့်တင့်လွင် ။ ။ ငွေကြေးလွှဲပြောင်းခြင်း ဆိုင်ရာ စစ်ဆေးမှုတွေ ပိုပြီးတော့ တိကျလာမယ်။ နောက် မြန်မာပြည်က ပြန်ပြီးတော့ ကုန်သွယ်ရေး လုပ်တဲ့ အခါမှာ ပေးချေတဲ့ ငွေရဲ့ အရင်းအမြစ် ပေါ့နော် ဘယ်ကရတယ်၊ အရင်ကဆိုရင်တော့ ပေါ့ပေါ့လေးဘဲ ဒါ ကုမ္ပဏီက နေပြီးတော့ ဝင်တဲ့ ဝင်ငွေပါ ဆိုရင် သူတို့က ဘယ်ကနေ ဝင်တာလဲ၊ ဒီလုပ်ငန်းက ဘာလုပ်ငန်းလဲ၊ ပြီးတော့ ဘယ်သူတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နေတာလဲ ဆိုတဲ့ ဒီမေးခွန်းတွေ အများကြီး ဖြစ်လာနိုင်တာပေါ့နော်။ ဒီအပိုင်းလေးတွေမှာတော့ အခက်အခဲလေးတွေ ဖြစ်သွားနိုင်တာပေါ့။

သိင်္ဂ ီထိုက် ။ ။ ဥရောပ သမဂ္ဂ EU က မြန်မာနိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံ ဆိုပြီးတော့ သတ်မှတ်ပြီးတော့ စာရင်းသွင်းပါတယ်။ ဆိုတော့ ဒီကိစ္စက မြန်မာနိုင်ငံတွင်းက ဘဏ်တွေနဲ့ မဖြစ်မနေ ချိတ်ဆက်ပြီး အလုပ်လုပ်နေရတဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ ဘယ်လောက် ရိုက်ခတ် သက်ရောက်မှု ရှိနိုင်မလဲ။

ဒေါ်တင့်တင့်လွင် ။ ။ ဒီဘဏ်တွေနဲ့ ဆက်စပ် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေ အပိုင်းမှာ သူတို့ စစ်ဆေးမယ်။ နောက်တခုက ကျတော့ EU ရဲ့ Funding ပေါ့နော် သူတို့ရဲ့ ထောက်ပံ့ကြေးတို့ ရန်ပုံငွေတို့ သူတို့ရဲ့ စီမံကိန်း ဖွံ့ဖြိုးရေး ရန်ပုံငွေတို့ ဒါတွေကိုတော့ သူတို့ Sanction လုပ်ထားတဲ့ ဘဏ်တွေနဲ့ ချိတ်ဆက်တဲ့ စီးပွားရေး လုပ်ငန်းတွေဟာ ဆိုရင် ရရှိဖို့ အခွင့်အလမ်း နည်းသွား ပါမယ်။ ဒါ EU က စစ်ဆေးပြီးတော့မှ EU ရဲ့ ထောက်ခံချက်နဲ့မှ ရကောင်းရနိုင်တယ်ဆိုတော့ သာမန် သမားရိုးကျ သွားနေတဲ့ ပုံစံကနေ ခွဲထွက်သွားပြီးတော့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့တော့ ငွေကြေး ပြင်ပက နေပြီးတော့ နိုင်ငံတကာရဲ့ ထောက်ပံ့တဲ့ အပိုင်း ဥရောပရဲ့ အပိုင်းပေါ့နော် အဓိက ဆိုလိုတာကတော့ ဥရောပ အပိုင်းမှာတော့ ဆိုင်းငံ့သွားတာတို့ လုံး၀ မရတော့တာတို့ ဒီလို အခြေအနေမျိုးလေးတွေတော့ ဖြစ်လာနိုင်တာပေါ့။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ EU နဲ့ ဆက်စပ် လုပ်ကိုင်နေတယ် ဆိုတော့ အထည်ချုပ်ကတော့ များမယ် ထင်ပါတယ်။ တခြားရော ဘယ်လို ကဏ္ဍမျိုးတွေ ရှိပါသေးလဲ အများစုပေါ့ မြန်မာနိုင်ငံတွင်းမှာ။
ဒေါ်တင့်တင့်လွင် ။ ။ ရှိပါတယ်။ သူက လက်ရှိမှာ ဆိုလို့ ရှိရင် ဒီ အထည်ချုပ် တခုတည်း မဟုတ်ဘဲနဲ့ ဥပမာ GIZ ပေါ့နော်။ GIZ လိုမျိုး ဂျာမနီကနေ လာပြီးတော့ NGO လိုမျိုးပေါ့နော်။ ဒီလို အဖွဲ့အစည်းမျိုးတွေဟာ ဆိုလို့ ရှိရင် မြန်မာပြည်က စီးပွားရေး လုပ်ငန်း အသေးလေးတွေကို သူတို့က ရှေ့ဆောင် လမ်းပြ လုပ်ထားတာတွေ အများကြီး ရှိတယ်ပေါ့နော်။ စိုက်ပျိုးရေး ဆိုင်ရာ နည်းပညာ ဖြန့်ဝေတာ၊ ကော်ဖီ လုပ်ငန်း၊ နောက်ပြီးတော့ မွေးမြူရေး လုပ်ငန်း၊ စက်ချုပ်လုပ်ငန်း၊ အခြေခံတွေကို သင်ပေးတာတို့ အသေးစား ချေးငွေပေးပြီး သူတို့ ဖွံ့ဖြိုးရေးကို ထူထောင်ပေးတာတို့၊ တချို့ အခြေခံ အဆောက်အဦ ပိုင်းတွေမှာ ငွေကြေး ထောက်ပံ့ပေးတာတို့ ဒါကတော့ လုံး၀ ရပ်တန့်သွားတာပေါ့နော်။

ဂျာမနီ အနေနဲ့တော့ GIZ ကို ဆက်လက်ပြီးတော့ အခု အသစ်ပေါ့။ အဟောင်းတွေကိုတော့ ပြီးဆုံးအောင် သူတု့ိ ဆက်သွားမယ်။ ဒါပေမယ့် GIZ ကနေ စီမံကိန်း အသစ်တွေ လုံး၀ ချပေးတော့မှာ မဟုတ်တော့ဘဲနဲ့ ဥရောပ သမဂ္ဂ ကဘဲ ဒါတွေကို စိစစ်ပြီးတော့မှ ဆက်ချပေးချင်လည်း ချပေးမယ်။ ရပ်ဆိုင်းထားချင်လည်း ရပ်ဆိုင်းထားမယ်ပေါ့နော်။ ဒီ အခြေအနေမျိုးတွေ ဖြစ်သွားတာပေါ့။
အဲတော့ GIZ တခုတည်းသာ ဒါ ဥပမာ အနေနဲ့ ပြောပေမယ့် တကယ်တန်း ဆိုရင် ဟန်ဂေရီ နိုင်ငံ အနေနဲ့ဆိုရင် ငါးလုပ်ငန်းတို့ ၊ အခု ဆန်စပါး လုပ်ငန်းတို့၊ ကော်ဖီ နောက် တိရိစ္ဆာန် အစာထုတ် လုပ်ငန်း၊ နောက် Water Treatment အဲလို စီမံကိန်းတွေကို ဟန်ဂေရီ သာမက ချက်၊ ဘယ်လ်ဂျီယံ ဒီအပိုင်းက လူတွေက မြန်မာပြည်က လူတွေနဲ့ လက်ရှိ အခု ကိုယ့်ရဲ့ စီးပွားရေး အသိုင်းအဝိုင်းထဲမှာကိုဘဲ ချိတ်ဆက်ထားတာတွေ ရှိတယ်။

သိင်္ဂ ီထိုက် ။ ။ ဒီ COVID -19 ဖြစ်နေတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာ အခု ခရီးသွား လုပ်ငန်း အပါအဝင် လုပ်ငန်း တော်တော်များများ ရပ်ထားရတဲ့ အနေအထား ရှိတယ်။ ဆိုတော့ ဒေသတွင်း နိုင်ငံတွေရဲ့ အကူအညီ အထောက်အပံ့ ဆိုတာထက် တကယ့် တကယ်တန်း ထောက်ပံ့နေတာ EU တို့လို အနောက်ဘက် နိုင်ငံများက များမယ်လို့ ယူဆရတယ်ပေါ့နော်။ ဒီ အသေးစား ချေးငွေလိုဟာမျိုး၊ စိုက်ပျိုးရေး နည်းပညာပိုင်းလို ဟာမျိုး ဒီလိုမျိုး ကဏ္ဍတွေမှာရော သိသိသာသာ အထိနာသွားနိုင်တဲ့ အခြေအနေ ရှိပါသလား။

ဒေါ်တင့်တင့်လွင် ။ ။ ရှိလာနိုင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျမ ကိုယ်တိုင် ဘုတ်အဖွဲ့မှာ ပါတဲ့ RBF ပေါ့နော် Responsibel Business Fund ဆိုတဲ့ အဖွဲ့မှာ ကိုယ်ကိုယ်တိုင် Board of Director အနေနဲ့ လုပ်နေတယ်။ ဒါကတော့ ဒိန်းမတ် နိုင်ငံရဲ့ ငွေကြေး ထောက်ပံ့မှု ပေါ့နော်။ အသေးစား ငွေကြေး ထောက်ပံ့မှုပိုင်းပေါ့။ ကိုယ်က မှန်ကန်တဲ့ လူတွေ ရွေးချယ်ပေးတဲ့ Board အဖွဲ့မှာ သံအမတ်ကြီးနဲ့ အတူတူ ရွေးချယ်ပေးတာပေါ့နော်။ ဒီလို ရွေးချယ်ပေးတဲ့ ဒီလို အပိုင်းတွေဟာဆိုရင် ဒိန်းမတ် နိုင်ငံကနေ သန်း ၆၀- ၆၉ သန်း ဒါ အသေးစား ချေးငွေပေါ့။ လူ ထောင်နဲ့ချီပေါ့နော်။ ဒါလေးတွေကို လုံး၀ မပြောပလောက်တဲ့ အတိုးနှုန်းနဲ့ ငွေကြေး ထောက်ပံ့မှု ပေးတာ ၊ ငွေကြေးတင် မကဘဲ နည်းပညာ ထောက်ပံ့တာ။ မှန်ကန်စွာစစ်ဆေးတယ် ပေါ့နော်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေ တိုးတက်မှုတွေကို စဉ်ဆက် မပြတ် စစ်တယ်။ ဒီတိုင်း ပေးပြီး ပစ်ထားလိုက်တာမျိုး မရှိဘူး စနစ်တော့ တော်တော် ကျတာပေါ့နော်။ ဒါတွေဟာ မြန်မာပြည် အတွက်က တော်တော်လေး ကောင်းမွန်တဲ့ အပိုင်းတွေတော့ ရှိနေတာပေါ့နော်။ အခု ဒီအပိုင်းတွေသာ ရပ်သွားမယ် ဆိုရင် အာရှ နိုင်ငံဘက်မှာ ဂျပန်လောက်ဘဲ အားထားလို့ ရတယ်။

သိင်္ဂ ီထိုက် ။ ။ မြန်မာနိုင်ငံကို ငွေကြေးခဝါချတဲ့ နိုင်ငံ အဖြစ် ကြေညာပြီးတော့ ဒီအချိန်ထိ မြန်မာ အစိုးရဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဆိုတော့ မြန်မာ အစိုးရဘက်က ဒီကိစ္စ အပေါ်မှာ ဘယ်လောက် အလေးထားဖို့ လိုပါသလဲ။ ဒေါ်တင့်တင့်လွင် အနေနဲ့ ဘာများ အကြံပြုလိုပါသလဲ။

ဒေါ်တင့်တင့်လွင် ။ ။ COVID ကြောင့် အလုပ်ရှုပ်နေတဲ့ အချိန်မှာ ဒါကိုတော့ မေ့ပျောက်ထားလို့ မရတဲ့ အရာ တခုတော့ ဖြစ်တယ်။ ဖေဖော်ဝါရီလမှာ စပြီးတော့ ဒါ အမျိုးသားရေး ဆိုင်ရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဆိုပြီး ဘဏ်လုပ်ငန်းတွေ အပေါ်မှာ စီးပွားရေး လုပ်ငန်းရှင်တွေပေါ့ ဒါ ငွေကြေးနဲ့ ပတ်သက်ပြီး အခွန်ဆောင်မှုတွေ ပွင့်လင်းမြင်သာမှု ရှိမှုတွေတော့ လုပ်ဆောင်ထားတာတွေ ရှိတာပေါ့နော် မြန်မာပြည် အနေနဲ့ကတော့။ ဒါပေမယ့် အခု ဒီဘက်ကနေ ပြီးတော့ EU ရဲ့ ငွေကြေး ခဝါချတယ်လို့ သူတို့ဘက်ကနေ ထုတ်ပြန်လိုက်တဲ့ အပေါ်မှာ ဒီ စံပေါ့ စံနှုန်း တခုမီအောင်တော့ ဒီ Target ကို သွားရမယ်။ ဒီ Target ကို သွားဖို့က ဘာတွေ ဘာတွေ လိုအပ်တယ်။ ဒီမှာ လုပ်နေတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ဘာတွေ ဘာတွေ လုပ်ဖို့ လိုအပ်တယ် ဆိုတာကိုတော့ မြန်မာပြည်ရဲ့ အခက်အခဲနဲ့ မျှပြီးတော့ ဒါ တော်တော်လေး စဉ်းစားပြီးတော့ ဖြေရှင်းရမယ့် ကိစ္စတော့ ဖြစ်တာပေါ့နော်။

XS
SM
MD
LG